နေပြည်တော်မြို့ရှောင်လမ်းတွင် ဆီဘောက်ဆာတစ်စီး အရှိန်လွန်ပြီး ချောက်ထဲ ထိုးကျရာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံး

 572

ချယ်ရီ (NP News) - စက်တင်ဘာ ၂၃

နေပြည်တော်မြို့ရှောင်လမ်းတွင် ဆီဘောက်ဆာတစ်စီး အရှိန်လွန်ပြီး ချောက်ထဲထိုးကျရာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၂ ရက်)၊ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်က ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင် အမှတ် ၃ မိုင် ၇ ဖာလုံ ရှိ သပြေစမ်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ယူဆချက်ဆိုရင်တော့ အရှိန်ပြီးတော့ပေါ့ ဟိုဘက်ကတော့ဆင်းလာတယ်။ အဆင်းကိုမှ အဆင်းက နည်းနည်းရှည်တယ်။ ရှည်တော့အရှေ့မှာ အတက်ယောင်ယောင်နဲ့ အကွေ့ကိုမှ ထပ်အဆင်းပေါ့။ အဲဒါကို အရှိန်များပြီးတော့ ကျတာပေါ့။ သူက ဘယ်ဘက်ကို အကွေ့ကိုမှ တန်းတန်းသွားရင်ချောက်။ ဘယ်ဘက်ကို ကွေ့ရမှာ သူကအရှိန်မထိန်းနိုင်ဘဲနဲ့ ညာဘက်ကို ကျသွားတာပေါ့နော်” ဟု ၎င်းက ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သက်လတ်ပိုင်းအရွယ် ယာဉ်မောင်း အမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်နောက်ပါ အမျိုးသားမှာ ပြင်ပ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
“သူတို့အနေနဲ့ ဒီလမ်းတွေက မောင်းနေကျမဟုတ်တော့။ ကျွန်တော်တို့ဟိုဘက်က တံတားက ပြင်နေတယ်။ တန် ၄ဝ အောက်ပဲ လောလောဆယ် ခွင့်ပြုသေးတာပေါ့။ ခွင့်ပြုသေးတယ်ဆိုတဲ့ကြောင့် ဒီဘက်က မြို့ပတ်လမ်း၊ မြို့ရှောင်လမ်းလို့ ခေါ်မှာပေါ့။ အဲဒီလမ်းကနေပြီးတော့ ယာယီခဏ လွှတ်ထားတာပေါ့။ ယာယီလွှတ်ထားတော့ သူတို့က မောင်းနေကျမဟုတ်တော့ လမ်းကြောအနေအထားကိုက မကျွမ်းကျင်တယ်ကြောင့်လဲ ပါတာပေါ့” အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို သဗသုခပရဟိတအသင်းက နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္ၿမိဳ႕ေရွာင္လမ္းတြင္ ဆီေဘာက္ဆာတစ္စီး အရွိန္လြန္ၿပီး ေခ်ာက္ထဲ ထိုးက်ရာ ယာဥ္ေမာင္း ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၃

ေနျပည္ေတာ္ၿမိဳ႕ေရွာင္လမ္းတြင္ ဆီေဘာက္ဆာတစ္စီး အရွိန္လြန္ၿပီး ေခ်ာက္ထဲထိုးက်ရာ ယာဥ္ေမာင္း ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ပုဗၺသီရိၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂၂ ရက္)၊ ေန႔လည္ပိုင္း ၁ နာရီအခ်ိန္ခန႔္က ဗုဒၶဂါယာလမ္း၊ မိုင္တိုင္ အမွတ္ ၃ မိုင္ ၇ ဖာလုံ ရွိ သေျပစမ္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ့္ယူဆခ်က္ဆိုရင္ေတာ့ အရွိန္ၿပီးေတာ့ေပါ့ ဟိုဘက္ကေတာ့ဆင္းလာတယ္။ အဆင္းကိုမွ အဆင္းက နည္းနည္းရွည္တယ္။ ရွည္ေတာ့အေရွ႕မွာ အတက္ေယာင္ေယာင္နဲ႔ အေကြ႕ကိုမွ ထပ္အဆင္းေပါ့။ အဲဒါကို အရွိန္မ်ားၿပီးေတာ့ က်တာေပါ့။ သူက ဘယ္ဘက္ကို အေကြ႕ကိုမွ တန္းတန္းသြားရင္ေခ်ာက္။ ဘယ္ဘက္ကို ေကြ႕ရမွာ သူကအရွိန္မထိန္းႏိုင္ဘဲနဲ႔ ညာဘက္ကို က်သြားတာေပါ့ေနာ္” ဟု ၎က ေျပာသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ သက္လတ္ပိုင္းအ႐ြယ္ ယာဥ္ေမာင္း အမ်ိဳးသားမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ယာဥ္ေနာက္ပါ အမ်ိဳးသားမွာ ျပင္ပ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းသိရသည္။
“သူတို႔အေနနဲ႔ ဒီလမ္းေတြက ေမာင္းေနက်မဟုတ္ေတာ့။ ကြၽန္ေတာ္တို႔ဟိုဘက္က တံတားက ျပင္ေနတယ္။ တန္ ၄ဝ ေအာက္ပဲ ေလာေလာဆယ္ ခြင့္ျပဳေသးတာေပါ့။ ခြင့္ျပဳေသးတယ္ဆိုတဲ့ေၾကာင့္ ဒီဘက္က ၿမိဳ႕ပတ္လမ္း၊ ၿမိဳ႕ေရွာင္လမ္းလို႔ ေခၚမွာေပါ့။ အဲဒီလမ္းကေနၿပီးေတာ့ ယာယီခဏ လႊတ္ထားတာေပါ့။ ယာယီလႊတ္ထားေတာ့ သူတို႔က ေမာင္းေနက်မဟုတ္ေတာ့ လမ္းေၾကာအေနအထားကိုက မကြၽမ္းက်င္တယ္ေၾကာင့္လဲ ပါတာေပါ့” အထက္ပါတာဝန္ရွိသူက ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူ၏ ႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရသူတို႔ကို သဗသုခပရဟိတအသင္းက ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံကို ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.