ရခိုင်ပြည်နယ်ရှိ မြို့(၃)မြို့မှ စစ်ဘေးရှောင်ပြည်သူများ၌ အရေပြားရောဂါဖြစ်နေသည်ဟုဆိုခြင်းမှာ ဝဲရောဂါမှ အစပြုကာ နောက်ဆက်တွဲ အရေပြားရောဂါ ဖြစ်ပွားနေခြင်းဖြစ်နိုင်

 319

NP News - စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်ရှိ မြို့(၃)မြို့မှ စစ်ဘေးရှောင်ပြည်သူများတွင် အရေပြားရောဂါဖြစ်နေသည်ဟုဆိုခြင်းမှ ဝဲရောဂါမှ အစပြုကာ နောက်ဆက်တွဲ အရေပြားရောဂါဖြစ်ပွားနေခြင်းဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေကြားထားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၂၀)ရက်တွင် Western News ၌ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်နှင့် မင်းပြားမြို့နယ် တို့ရှိ စစ်ဘေးရှောင်များတွင် အရေပြားရောဂါဖြစ်နေပြီး ရောဂါဖြစ်ပွားသူ (၄၈၀)ကျော်ရှိပြီး (၁၀)နှစ်အောက် ကလေး (၁၁၂)ဦး ပါဝင်သည်ဟု သတင်းဖော်ပြခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

Western News သတင်းတွင် ပါဝင်သော ပုံများကို အရေပြားအထူးကုဆရာဝန်၏ ဆန်းစစ်ချက်အရ အများစုမှာ ဝဲရောဂါဖြစ်ပြီး ယားယံကုတ်ခြစ်ရာမှ ပိုးထပ်မံဝင်ရောက်ပြီး အရေပြား အနာများဖြစ်ခြင်း၊ နှင်းခူရောဂါ၊ ပွေးရောဂါ၊ နားပြည်ယိုရောဂါဖြစ်သည့် ပုံများ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။
အဆိုပါ ဝဲရောဂါသည် တစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သဖြင့် ရောဂါပျောက်ကင်းရန် ရောဂါရှိသူအားလုံးကို တပြိုင်နက် ကုသပေးနိုင်ရန် လိုအပ်ပြီး မိသားစုတွင် ရောဂါဖြစ်ပွားသူ ကျန်ရှိနေပါက ထပ်မံကူးစက်ပျံ့ပွားနိုင် ကြောင်း သိရသည်။

လတ်တလောအခြေအနေများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တွေမြို့နယ်မှလွဲ၍ အခြားမြို့နယ်များ၌ ဆေးရုံနှင့် ကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် သတင်းဌာနမှ ဖော်ပြလာသော အရေပြားရောဂါဖြစ်ပွားမှုများ၏ သတင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၂၁)ရက်တွင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးသည် စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ အရေပြားအထူးကုဆရာဝန်နှင့် သူနာပြု အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် တိုက်ပွဲရှောင် အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၇၀)ရှိပြီး စစ်ဆေးချက်အရ အရေပြားရောဂါဖြင့် လာရောက်ပြသသူ (၄၀)ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ ဝဲရောဂါ (၃၀)ဦး၊ ခြင် ကိုက်ယားနာ (၄)ဦး၊ အရေပြားမှိုစွဲရောဂါ (Fungal Infection) (၃)ဦး၊ မိတ်ဖုယားနာ (၂)ဦး၊ နှင်းခူ ရောဂါ (၁)ဦး တွေ့ရှိခဲ့ပြီး ကုသပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ လက်လှမ်းမီသွားရောက်နိုင်သည့်ဒေသများတွင် ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ဝဲရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

အထက်ပါ စစ်‌ဘေးရှောင်များရှိရာ မြို့နယ်(၃)ခုအနက် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌ AA က ထိန်းချုပ်ထားပြီး အရေပြားရောဂါဖြစ်ပွားနေသော စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးမလုံလောက်သည့်အတွက် AA က ကောင်းစွာကုသပေးနိုင်ခြင်းမရှိပေ။

Zawgyi Version;
ရခိုင္ျပည္နယ္ရွိ ၿမိဳ႕(၃)ၿမိဳ႕မွ စစ္ေဘးေရွာင္ျပည္သူမ်ား၌ အေရျပားေရာဂါျဖစ္ေနသည္ဟုဆိုျခင္းမွာ ဝဲေရာဂါမွ အစျပဳကာ ေနာက္ဆက္တြဲ အေရျပားေရာဂါ ျဖစ္ပြားေနျခင္းျဖစ္ႏိုင္
NP News - စက္တင္ဘာ ၂၃

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕(၃)ၿမိဳ႕မွ စစ္ေဘးေရွာင္ျပည္သူမ်ားတြင္ အေရျပားေရာဂါျဖစ္ေနသည္ဟုဆိုျခင္းမွ ဝဲေရာဂါမွ အစျပဳကာ ေနာက္ဆက္တြဲ အေရျပားေရာဂါျဖစ္ပြားေနျခင္းျဖစ္ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ေျဖၾကားထားခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၂၀)ရက္တြင္ Western News ၌ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ စစ္ေတြၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္ တို႔ရွိ စစ္ေဘးေရွာင္မ်ားတြင္ အေရျပားေရာဂါျဖစ္ေနၿပီး ေရာဂါျဖစ္ပြားသူ (၄၈၀)ေက်ာ္ရွိၿပီး (၁၀)ႏွစ္ေအာက္ ကေလး (၁၁၂)ဦး ပါဝင္သည္ဟု သတင္းေဖာ္ျပခဲ့ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္အရ သိရသည္။

Western News သတင္းတြင္ ပါဝင္ေသာ ပုံမ်ားကို အေရျပားအထူးကုဆရာဝန္၏ ဆန္းစစ္ခ်က္အရ အမ်ားစုမွာ ဝဲေရာဂါျဖစ္ၿပီး ယားယံကုတ္ျခစ္ရာမွ ပိုးထပ္မံဝင္ေရာက္ၿပီး အေရျပား အနာမ်ားျဖစ္ျခင္း၊ ႏွင္းခူေရာဂါ၊ ေပြးေရာဂါ၊ နားျပည္ယိုေရာဂါျဖစ္သည့္ ပုံမ်ား ျဖစ္ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုထားသည္။
အဆိုပါ ဝဲေရာဂါသည္ တစ္ဦးမွ တစ္ဦးသို႔ ကူးစက္တတ္သျဖင့္ ေရာဂါေပ်ာက္ကင္းရန္ ေရာဂါရွိသူအားလုံးကို တၿပိဳင္နက္ ကုသေပးႏိုင္ရန္ လိုအပ္ၿပီး မိသားစုတြင္ ေရာဂါျဖစ္ပြားသူ က်န္ရွိေနပါက ထပ္မံကူးစက္ပ်ံ႕ပြားႏိုင္ ေၾကာင္း သိရသည္။

လတ္တေလာအေျခအေနမ်ားအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ စစ္ေတြၿမိဳ႕နယ္မွလြဲ၍ အျခားၿမိဳ႕နယ္မ်ား၌ ေဆး႐ုံႏွင့္ က်န္းမာေရးဌာနမ်ား ဖြင့္လွစ္ႏိုင္ျခင္းမရွိေသာေၾကာင့္ သတင္းဌာနမွ ေဖာ္ျပလာေသာ အေရျပားေရာဂါျဖစ္ပြားမႈမ်ား၏ သတင္းကို အတည္ျပဳႏိုင္ျခင္းမရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၂၁)ရက္တြင္ ရခိုင္ျပည္နယ္ျပည္သူ႔က်န္းမာေရး/ကုသေရးဦးစီးဌာနမႉးသည္ စစ္ေတြ ျပည္သူ႔ေဆး႐ုံႀကီးမွ အေရျပားအထူးကုဆရာဝန္ႏွင့္ သူနာျပဳ အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေျမာက္ရပ္ကြက္၊ ေသာဘိတာရာမ ဘုန္းေတာ္ႀကီးေက်ာင္းရွိ တိုက္ပြဲေရွာင္စခန္းသို႔ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ တိုက္ပြဲေရွာင္ အိမ္ေထာင္စု(၁၉)စု၊ လူဦးေရ(၇၀)ရွိၿပီး စစ္ေဆးခ်က္အရ အေရျပားေရာဂါျဖင့္ လာေရာက္ျပသသူ (၄၀)ဦးကို စမ္းသပ္စစ္ေဆးခဲ့ရာ ဝဲေရာဂါ (၃၀)ဦး၊ ျခင္ ကိုက္ယားနာ (၄)ဦး၊ အေရျပားမႈိစြဲေရာဂါ (Fungal Infection) (၃)ဦး၊ မိတ္ဖုယားနာ (၂)ဦး၊ ႏွင္းခူ ေရာဂါ (၁)ဦး ေတြ႕ရွိခဲ့ၿပီး ကုသေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္ျပည္သူ႔က်န္းမာေရး/ကုသေရးဦးစီးဌာနအေနျဖင့္ စစ္ေတြၿမိဳ႕နယ္အတြင္းရွိ က်န္းမာေရးဝန္ထမ္းမ်ား လက္လွမ္းမီသြားေရာက္ႏိုင္သည့္ေဒသမ်ားတြင္ ကြင္းဆင္း ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးျခင္းႏွင့္ ဝဲေရာဂါကူးစက္မႈကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း သိရသည္။

အထက္ပါ စစ္‌ေဘးေရွာင္မ်ားရွိရာ ၿမိဳ႕နယ္(၃)ခုအနက္ ပုဏၰားကြၽန္းၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔၌ AA က ထိန္းခ်ဳပ္ထားၿပီး အေရျပားေရာဂါျဖစ္ပြားေနေသာ စစ္ေဘးေရွာင္ျပည္သူမ်ားကို ေဆးဝါးမလုံေလာက္သည့္အတြက္ AA က ေကာင္းစြာကုသေပးႏိုင္ျခင္းမရွိေပ။

Related news

© 2021. All rights reserved.