ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ်မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
244
Pika (NP News) - စက်တင်ဘာ ၂၄
အစ္စရေးနှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်သည့် အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်သည် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းမကုန်ဆုံးမီအချိန်အတွင်း ဖြစ်နိုင်ဖွယ်မရှိဟု အမေရိကန်အရာရှိ များက ယုံကြည်နေကြကြောင်း Wall Street Journal ကရေးသားဖော်ပြခဲ့သည်။ အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ် တို့၏ ထိပ်တန်းအရာရှိများကို ကိုးကားပြီး WSJ က ယခုကဲ့သို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း အဆိုပါအရာရှိများမှာ မည်သူ ဖြစ်သည် ဆိုသည့်အချက်ကို WSJ က ဖော်ပြခဲ့ခြင်း မျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ အဆိုပါဖော်ပြချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ယင်းအဖွဲ့အစည်းများက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ပင်တဂွန်ပြော ရေးဆိုခွင့်ရှိသူဆာဘရီနာဆင်းချ်က "ဂါဇာကမ်း မြောင်ဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ မဖြစ်နိုင်ဘူးဆိုတာကို ကျွန် တော်တို့ယုံကြည်တာမျိုးမရှိဘူးလို့ပဲပြောနိုင်ပါတယ်"ဟုပြောဆိုခဲ့သည်။ ဆာဘရီနာဆင်းချ်သည် WSJ ၏ ရေးသားဖော်ပြချက်များ မထွက်ပေါ်လာမီ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဂါဇာကမ်းမြောင် ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ (၉ဝ)ရာခိုင်နှုန်းခန့်ကို သဘောတူထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန်က ပြီးခဲ့သည့်သီတင်းပတ်(၂)ပတ်ခန့်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အမေရိကန်၊ ကာတာနှင့်အီဂျစ်တို့၏ ကြားဝင်စေ့စပ်သူများသည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်အတွက် လပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူပေးနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသ တစ်ဝန်းတွင် တင်းမာမှုများကို လျော့ကျစေနိုင်ကြောင်း အမေရိကန်ကပြောဆိုထားသည်။ ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့တွင် ဂျိုးဘိုင်ဒန်သည် အဆင့်သုံးဆင့် ပါဝင်သော အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို တင်ပြခဲ့ကြောင်းသိရသည်။ သို့သော်လည်း အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ သည် အတားအဆီးများနှင့်ကြုံတွေ့လာရသောကြောင့် အဆိုပြုချက်အသစ်ကို မကြာမီအချိန်အတွင်း တင်သွင်းသွားမည်ဖြစ်ကြောင်း အရာရှိများက ပြီးခဲ့ သည့်သီတင်းပတ်များအတွင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။ ပြီးခဲ့သည့်နှစ်အောက်တိုဘာလ(၇)ရက်နေ့ တွင် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားခဲ့ေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀ဝ)ကျော်သေဆုံးထားသကဲ့သို့ ပါလက်စတိုင်းလူမျိုး (၄၁၀ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသော ဒေတာအချက်အလက်များအရသိရသည်။
zawgyi version
ဂ်ိဳးဘိုင္ဒန္ သက္တမ္းမကုန္ဆုံးမီ ဂါဇာအပစ္ရပ္စာခ်ဳပ္ ျဖစ္လာႏိုင္ဖြယ္ မရွိဟု အေမရိကန္အရာရွိမ်ားယုံၾကည္ေန
Pika (NP News) - စက္တင္ဘာ ၂၄
အစၥေရးႏွင့္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားေနေသာ စစ္ပြဲႏွင့္ပတ္သက္သည့္ အပစ္ အခတ္ရပ္စဲေရးသေဘာတူညီခ်က္သည္ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္၏ သမၼတသက္တမ္းမကုန္ဆုံးမီအခ်ိန္အတြင္း ျဖစ္ႏိုင္ဖြယ္မရွိဟု အေမရိကန္အရာရွိ မ်ားက ယုံၾကည္ေနၾကေၾကာင္း Wall Street Journal ကေရးသားေဖာ္ျပခဲ့သည္။ အိမ္ျဖဴေတာ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ပင္တဂြန္စစ္ဌာနခ်ဳပ္ တို႔၏ ထိပ္တန္းအရာရွိမ်ားကို ကိုးကားၿပီး WSJ က ယခုကဲ့သို႔ေရးသားေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း အဆိုပါအရာရွိမ်ားမွာ မည္သူ ျဖစ္သည္ ဆိုသည့္အခ်က္ကို WSJ က ေဖာ္ျပခဲ့ျခင္း မ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေဖာ္ျပခ်က္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ယင္းအဖြဲ႕အစည္းမ်ားက ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ပင္တဂြန္ေျပာ ေရးဆိုခြင့္ရွိသူဆာဘရီနာဆင္းခ်္က "ဂါဇာကမ္း ေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ မျဖစ္ႏိုင္ဘူးဆိုတာကို ကြၽန္ ေတာ္တို႔ယုံၾကည္တာမ်ိဳးမရွိဘူးလို႔ပဲေျပာႏိုင္ပါတယ္"ဟုေျပာဆိုခဲ့သည္။ ဆာဘရီနာဆင္းခ်္သည္ WSJ ၏ ေရးသားေဖာ္ျပခ်က္မ်ား မထြက္ေပၚလာမီ ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဂါဇာကမ္းေျမာင္ ေဒသအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္၏ (၉ဝ)ရာခိုင္ႏႈန္းခန႔္ကို သေဘာတူထားၿပီးျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီ ဘလင္ကန္က ၿပီးခဲ့သည့္သီတင္းပတ္(၂)ပတ္ခန႔္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ အေမရိကန္၊ ကာတာႏွင့္အီဂ်စ္တို႔၏ ၾကားဝင္ေစ့စပ္သူမ်ားသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိရန္အတြက္ လေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ရယူေပးႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။
ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္သည္ အေရွ႕အလယ္ပိုင္းေဒသ တစ္ဝန္းတြင္ တင္းမာမႈမ်ားကို ေလ်ာ့က်ေစႏိုင္ေၾကာင္း အေမရိကန္ကေျပာဆိုထားသည္။ ၿပီးခဲ့သည့္ ေမလ (၃၁) ရက္ေန႔တြင္ ဂ်ိဳးဘိုင္ဒန္သည္ အဆင့္သုံးဆင့္ ပါဝင္ေသာ အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို တင္ျပခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အပစ္ အခတ္ ရပ္စဲေရးႏွင့္ပတ္သက္သည့္ ေဆြးေႏြးပြဲမ်ား သည္ အတားအဆီးမ်ားႏွင့္ႀကဳံေတြ႕လာရေသာေၾကာင့္ အဆိုျပဳခ်က္အသစ္ကို မၾကာမီအခ်ိန္အတြင္း တင္သြင္းသြားမည္ျဖစ္ေၾကာင္း အရာရွိမ်ားက ၿပီးခဲ့ သည့္သီတင္းပတ္မ်ားအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ ၿပီးခဲ့သည့္ႏွစ္ေအာက္တိုဘာလ(၇)ရက္ေန႔ တြင္ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားခဲ့ေျခင္း ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀ဝ)ေက်ာ္ေသဆုံးထားသကဲ့သို႔ ပါလက္စတိုင္းလူမ်ိဳး (၄၁၀ဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ထားေသာ ေဒတာအခ်က္အလက္မ်ားအရသိရသည္။