ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်

 277

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

တရုတ်နိုင်ငံသည် ထိုင်ဝမ်အရေးနှင့်ပတ်သက် ၍ အမေရိကန်နိုင်ငံက စစ်ရေးအကူညီပေးမှုများကို လက်တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံရှိ အမေရိကန် စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခု၏ ပိုင်ဆိုင်မှုမျာကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ် နှင့် ဒရုန်းများ ဖန်တီးပြုလုပ်နေသော Sierra Nevada Corporation အပြင် အမေရိကန်အစိုးရ နှင့် ဆက်နွှယ်မှုရှိသည့် အခြားကုမ္ပဏီ (၈)ခုကိုလည်း ပိတ်ဆို့မှုများချမှတ်မည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ပိတ်ဆို့မှုများသက်ရောက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

တရုတ်အစိုးရက ၎င်းတို့သည် နိုင်ငံခြားသားပိတ်ဆို့မှု ချမှတ်ရေးဥပဒေနှင့်အညီ စီမံဆောင်ရွက် ခြင်းမျိုးဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိအဆိုပါကုမ္ပဏီများ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်သကဲ့သို့ တရုတ် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီများကို အဆိုပါပိတ်ဆို့မှုချမှတ်ခံထားရသော ကုမ္ပဏီ များနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းများမလုပ်ဆောင်ရန် တားဆီးပိတ်ပင်မည်ဟု သတင်းထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများရှိနေသော ထိုင်ဝမ်ကျွန်းကို အသေခံ ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများရောင်းချပေး ရန် ဇွန်လအတွင်း ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ထဲတွင် ထိုင်ဝမ်သို့ စစ်လက်နက် ပစ္စည်းများနှင့်ပတ်သက်သော အပိုပစ္စည်းများအပြင် အခြားစစ်လက်နက် ပစ္စည်းများရောင်းချပေးမည့် အစီအစဉ်များလည်းပါဝင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများရောင်းချပေးခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသကဲ့သို့ တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုများနှင့် ပိုင်နက်များကို ထိခိုက်နစ်နာစေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ထိုင်ဝမ်အရေး တောင်တရုတ်ပင်လယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ တင်းမာမှုများရှိ နေခဲ့ကြောင်းသိရသည်။

zawgyi version
ထိုင္ဝမ္အေရး၌ အေမရိကန္စစ္တပ္ႏွင့္ဆက္ႏႊယ္ေနသည့္ ကုမၸဏီ(၉)ခုကို တ႐ုတ္အစိုးရ ပိတ္ဆို႔မႈခ်မွတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္အေရးႏွင့္ပတ္သက္ ၍ အေမရိကန္ႏိုင္ငံက စစ္ေရးအကူညီေပးမႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ တ႐ုတ္ႏိုင္ငံရွိ အေမရိကန္ စစ္တပ္ႏွင့္ဆက္ႏႊယ္ေနသည့္ ကုမၸဏီ(၉)ခု၏ ပိုင္ဆိုင္မႈမ်ာကို သိမ္းဆည္းလိုက္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေလယာဥ္ ႏွင့္ ဒ႐ုန္းမ်ား ဖန္တီးျပဳလုပ္ေနေသာ Sierra Nevada Corporation အျပင္ အေမရိကန္အစိုးရ ႏွင့္ ဆက္ႏႊယ္မႈရွိသည့္ အျခားကုမၸဏီ (၈)ခုကိုလည္း ပိတ္ဆို႔မႈမ်ားခ်မွတ္မည္ျဖစ္ၿပီး လာမည့္ရက္ပိုင္းအတြင္း ပိတ္ဆို႔မႈမ်ားသက္ေရာက္မည္ျဖစ္ ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

တ႐ုတ္အစိုးရက ၎တို႔သည္ ႏိုင္ငံျခားသားပိတ္ဆို႔မႈ ခ်မွတ္ေရးဥပေဒႏွင့္အညီ စီမံေဆာင္႐ြက္ ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံရွိအဆိုပါကုမၸဏီမ်ား၏ပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းမည္ျဖစ္သကဲ့သို႔ တ႐ုတ္ ႏိုင္ငံအတြင္းရွိ လူပုဂၢိဳလ္မ်ားႏွင့္ကုမၸဏီမ်ားကို အဆိုပါပိတ္ဆို႔မႈခ်မွတ္ခံထားရေသာ ကုမၸဏီ မ်ားႏွင့္ ဆက္သြယ္လုပ္ကိုင္ျခင္းမ်ားမလုပ္ေဆာင္ရန္ တားဆီးပိတ္ပင္မည္ဟု သတင္းထုတ္ျပန္ထားသည္။ အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားရွိေနေသာ ထိုင္ဝမ္ကြၽန္းကို အေသခံ ဒ႐ုန္းမ်ားႏွင့္ စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ေပး ရန္ ဇြန္လအတြင္း ဆုံးျဖတ္ခဲ့ေၾကာင္းသိရသည္။

အေမရိကန္အစိုးရ၏ ဆုံးျဖတ္ခ်က္ထဲတြင္ ထိုင္ဝမ္သို႔ စစ္လက္နက္ ပစၥည္းမ်ားႏွင့္ပတ္သက္ေသာ အပိုပစၥည္းမ်ားအျပင္ အျခားစစ္လက္နက္ ပစၥည္းမ်ားေရာင္းခ်ေပးမည့္ အစီအစဥ္မ်ားလည္းပါဝင္ခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထိုင္ဝမ္သို႔ စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ေပးျခင္းသည္ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားသကဲ့သို႔ တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္ အျခာအာဏာ ပိုင္ဆိုင္မႈမ်ားႏွင့္ ပိုင္နက္မ်ားကို ထိခိုက္နစ္နာေစရန္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေျပာသည္။ တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ ထိုင္ဝမ္အေရး ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥမ်ားႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ား တင္းမာမႈမ်ားရွိ ေနခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.