မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော

 229

Pika (NP News) - စက်တင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံသည် ကိုယ်ပိုင်နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် အာရုံစိုက်ခြင်းမျိုးမရှိဘဲ အမေရိကန်နှင့်အတူ နျူကလီးယား ဟန့်တားရေးကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန် အာရုံစိုက်၍ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများကို တုံ့ပြန်သွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က စက်တင် ဘာလ (၂ဝ)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယွန်ဆက်ယိုလ်သည် ချက် ပြည်သူ့သမ္မတ နိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း Hospodarske Noviny သတင်းစာနှင့်အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် မြောက်ကိုရီးယားအစိုးရသည် ယူရေနီယမ်သန့်စင်သည့်စက်ရုံများ၏ ဓာတ်ပုံများကို ပထမဆုံးအကြိမ် ထုတ်ပြန်ပြသခဲ့ပြီးနောက် ယွန်ဆက်ယိုလ်၏မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

(၂၀၂၃)ခုနှစ် ဧပြီလတွင် အမေရိကန် သမ္မတဂျိူးဘိုင်ဒန်နှင့် ထိပ်သီး ဆွေးနွေးပွဲတစ်ခု အ တွင်း တည်ထောင်ခဲ့သော နျူကလီးယား အတိုင်ပင်ခံ အဖွဲ့နှင့်ပတ်သက်ပြီး တောင်ကိုရီးယား၏ ကတိကဝတ်များကို ယွန်ဆက်ယိုလ်က ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ခေါင်း ဆောင်များသည် အရေးပေါ်အခြေအနေများတွင် အမေရိကန်၏ နျူကလီးယား စစ်ဆင်ရေးကို တောင် ကိုရီးယားက စစ်ရေးအရပံ့ပိုးကူညီပေးမှုများ လုပ်ဆောင်ပေးမည့် နျူကလီးယား လမ်းညွှန်ချက်တစ်ရပ်ကို ချမှတ်ခဲ့ကြကြောင်း သိရသည်။

ယွန်ဆက်ယိုလ်က "တောင်ကိုရီးယားဟာ ကိုယ်ပိုင်နျူကလီးယားလက်နက်မလိုဘဲ မြောက် ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက်ဟန့်တားပြီး တုံ့ပြန်မယ့် ယန္တရားတစ်ခုကို တည်ထောင်ထားပါတယ်။ တောင်ကိုရီးယားဟာ ၎င်းရဲ့ကိုယ်ပိုင်စစ်ရေးစွမ်းရည်တွေကို မြှင့်တင် ဖို့နဲ့ မြောက်ကိုရီးယားရဲ့နျူကလီးယား ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ရာမှာ အမေရိကန်နဲ့အတူ တိုးချဲ့နျူကလီးယား ဟန့်တားမှုတွေရဲ့ ထိရောက်မှုတွေကို မြှင့်တင်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။

တိုးချဲ့နျူကလီးယားဟန့်တားမှုဆိုသည် မှာ မဟာမိတ်နိုင်ငံများကို နျူကလီးယား တပ်ဖွဲ့များ အပါအဝင် စစ်ရေးစွမ်းရည်အပြည့်ဖြင့် ကာကွယ်ရန် အမေရိကန်၏ကတိကဝတ်များကို ရည်ညွှန်ခြင်း ဖြစ်ကြောင်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္မႈကို တုံ႔ျပန္ႏိုင္ေၾကာင္း ေတာင္ကိုရီးယားအစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၂၄

ေတာင္ကိုရီးယားႏိုင္ငံသည္ ကိုယ္ပိုင္န်ဴကလီးယားလက္နက္မ်ား ထုတ္လုပ္ရန္ အာ႐ုံစိုက္ျခင္းမ်ိဳးမရွိဘဲ အေမရိကန္ႏွင့္အတူ န်ဴကလီးယား ဟန႔္တားေရးကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ရန္ အာ႐ုံစိုက္၍ ေျမာက္ကိုရီးယား၏ န်ဴကလီးယားၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္သြားမည္ျဖစ္ ေၾကာင္း ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က စက္တင္ ဘာလ (၂ဝ)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယြန္ဆက္ယိုလ္သည္ ခ်က္ ျပည္သူ႔သမၼတ ႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း Hospodarske Noviny သတင္းစာႏွင့္အင္တာဗ်ဴး တစ္ခုအတြင္း ယခုကဲ့သို႔ မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျမာက္ကိုရီးယားအစိုးရသည္ ယူေရနီယမ္သန႔္စင္သည့္စက္႐ုံမ်ား၏ ဓာတ္ပုံမ်ားကို ပထမဆုံးအႀကိမ္ ထုတ္ျပန္ျပသခဲ့ၿပီးေနာက္ ယြန္ဆက္ယိုလ္၏မွတ္ခ်က္ေပးမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

(၂၀၂၃)ခုႏွစ္ ဧၿပီလတြင္ အေမရိကန္ သမၼတဂ်ိဴးဘိုင္ဒန္ႏွင့္ ထိပ္သီး ေဆြးေႏြးပြဲတစ္ခု အ တြင္း တည္ေထာင္ခဲ့ေသာ န်ဴကလီးယား အတိုင္ပင္ခံ အဖြဲ႕ႏွင့္ပတ္သက္ၿပီး ေတာင္ကိုရီးယား၏ ကတိကဝတ္မ်ားကို ယြန္ဆက္ယိုလ္က ထပ္မံေျပာၾကားခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ဇူလိုင္လတြင္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ေခါင္း ေဆာင္မ်ားသည္ အေရးေပၚအေျခအေနမ်ားတြင္ အေမရိကန္၏ န်ဴကလီးယား စစ္ဆင္ေရးကို ေတာင္ ကိုရီးယားက စစ္ေရးအရပံ့ပိုးကူညီေပးမႈမ်ား လုပ္ေဆာင္ေပးမည့္ န်ဴကလီးယား လမ္းၫႊန္ခ်က္တစ္ရပ္ကို ခ်မွတ္ခဲ့ၾကေၾကာင္း သိရသည္။

ယြန္ဆက္ယိုလ္က "ေတာင္ကိုရီးယားဟာ ကိုယ္ပိုင္န်ဴကလီးယားလက္နက္မလိုဘဲ ေျမာက္ ကိုရီးယားရဲ႕ န်ဴကလီးယား ၿခိမ္းေျခာက္မႈေတြကို ထိထိေရာက္ေရာက္ဟန႔္တားၿပီး တုံ႔ျပန္မယ့္ ယႏၲရားတစ္ခုကို တည္ေထာင္ထားပါတယ္။ ေတာင္ကိုရီးယားဟာ ၎ရဲ႕ကိုယ္ပိုင္စစ္ေရးစြမ္းရည္ေတြကို ျမႇင့္တင္ ဖို႔နဲ႔ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယား ၿခိမ္းေျခာက္မႈေတြကို ဆန႔္က်င္ရာမွာ အေမရိကန္နဲ႔အတူ တိုးခ်ဲ႕န်ဴကလီးယား ဟန႔္တားမႈေတြရဲ႕ ထိေရာက္မႈေတြကို ျမႇင့္တင္ဖို႔ ဦးစားေပးလုပ္ေဆာင္ေနပါတယ္"ဟု ေျပာဆိုခဲ့သည္။

တိုးခ်ဲ႕န်ဴကလီးယားဟန႔္တားမႈဆိုသည္ မွာ မဟာမိတ္ႏိုင္ငံမ်ားကို န်ဴကလီးယား တပ္ဖြဲ႕မ်ား အပါအဝင္ စစ္ေရးစြမ္းရည္အျပည့္ျဖင့္ ကာကြယ္ရန္ အေမရိကန္၏ကတိကဝတ္မ်ားကို ရည္ၫႊန္ျခင္း ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.