ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 370

Pika (NP News) - စက်တင်ဘာ ၂၄

ယူကရိန်းသမ္မတဇီလန်စကီးက ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်က စက်တင်ဘာလ(၂၃)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေဟာ ယူကရိန်းက ဒေါ်နယ်ထရမ့်ကို ပြန်လည်ကြိုဆိုလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ ၎င်းရဲ့မိတ်ဖက်အချို့ပြောဆိုချက်တွေနဲ့တော့ ကွဲလွဲနေတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က"ဇီလန်စကီးက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအရောင်းသမားတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်နိုင်ငံကို သူလာတဲ့အကြိမ်တိုင်း အမေရိကန်ဒေါ်လာ(၆၀)ဘီလျံလောက်နဲ့အတူ ပြန်ပြန်ထွက်သွားပါတယ်။ ဇီလန်စကီးက ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေပေမယ့် ကျွန်တော့်ဘက်ကလည်း အကောင်းဆုံးကြိုးပမ်းသွားမှာပါ။ငြိမ်းချမ်းရေးအတွက် ကျွန်တော်အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ် အနောက်ပိုင်းမှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအတွင်းမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေကို ဇီလန်စကီးနဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့က ချက်ချင်းပြန်လည်တုံ့ပြန်မှတ်ချက်ပြုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် လာမယ့်နိုဝင်ဘာလ(၅)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် ရုရှားသမ္မတပူတင်နဲ့ဇီလန်စကီးတို့ကို ဖုန်းခေါ်ဆိုပြီး သဘောတူညီချက်တစ်ခုရယူဖို့ တိုက်တွန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ဟာ လာမယ့်အောက် တိုဘာလ(၂၃)ရက်မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ အတွက် ကာမာလာဟားရစ်ရဲ့တောင်းဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

zawgyi version
ယူကရိန္းသမၼတက အေမရိကန္ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ေတြကို အႏိုင္ရေစလိုေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄

ယူကရိန္းသမၼတဇီလန္စကီးက ၂ဝ၂၄ ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ေတြကို အႏိုင္ရေစလိုေနတယ္လို႔ ရီပတ္ဘလစ္ကန္ပါတီသမၼတေလာင္း ေဒၚနယ္ထရမ့္က စက္တင္ဘာလ(၂၃)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြဟာ ယူကရိန္းက ေဒၚနယ္ထရမ့္ကို ျပန္လည္ႀကိဳဆိုလိမ့္မယ္လို႔ ေျပာဆိုခဲ့တဲ့ ၎ရဲ႕မိတ္ဖက္အခ်ိဳ႕ေျပာဆိုခ်က္ေတြနဲ႔ေတာ့ ကြဲလြဲေနတာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က"ဇီလန္စကီးက သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးအေရာင္းသမားတစ္ဦးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ အေမရိကန္ႏိုင္ငံကို သူလာတဲ့အႀကိမ္တိုင္း အေမရိကန္ေဒၚလာ(၆၀)ဘီလ်ံေလာက္နဲ႔အတူ ျပန္ျပန္ထြက္သြားပါတယ္။ ဇီလန္စကီးက ဒီေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ေတြကို အႏိုင္ရေစလိုေနေပမယ့္ ကြၽန္ေတာ့္ဘက္ကလည္း အေကာင္းဆုံးႀကိဳးပမ္းသြားမွာပါ။ၿငိမ္းခ်မ္းေရးအတြက္ ကြၽန္ေတာ္အေကာင္းဆုံးဆက္လက္ႀကိဳးပမ္းသြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ပင္ဆယ္ေဗးနီးယားျပည္နယ္ အေနာက္ပိုင္းမွာ က်င္းပတဲ့ မဲဆြယ္စည္း႐ုံးေရးပြဲတစ္ခုအတြင္းမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ေတြကို ဇီလန္စကီးနဲ႔ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္တို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္မွတ္ခ်က္ျပဳတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ လာမယ့္ႏိုဝင္ဘာလ(၅)ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာအႏိုင္ရရွိခဲ့မယ္ဆိုရင္ ႐ုရွားသမၼတပူတင္နဲ႔ဇီလန္စကီးတို႔ကို ဖုန္းေခၚဆိုၿပီး သေဘာတူညီခ်က္တစ္ခုရယူဖို႔ တိုက္တြန္းသြားမယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ၿငိမ္းခ်မ္းေရးအစီအစဥ္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္ဟာ လာမယ့္ေအာက္ တိုဘာလ(၂၃)ရက္မွာ က်င္းပမယ့္ ဒုတိယအႀကိမ္ေျမာက္ စကားစစ္ထိုးပြဲမွာ ပါဝင္ဖို႔ အတြက္ ကာမာလာဟားရစ္ရဲ႕ေတာင္းဆိုမႈကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.