ရေဘေးကြောင့် စပါးစိုက်ခင်းများ ထိခိုက်ခဲ့သော်လည်း အရန်ဆန်တန်(၄)သန်းရှိနေသဖြင့် စိုးရိမ်စရာမလို

 145

ယွန်း (NP News) - စက်တင်ဘာ ၂၅

ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက (၅ဝဝဝ)ခန့် ထိခိုက်ခဲ့သော်လည်း ပြည်တွင်းဆန် လက်ကျန်လုံလောက်သည့်အတွက် စိုးရိမ်ရန်မလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ထံ NP News က ဆက်သွယ် မေးမြန်းထားချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၉)ရက်မှစ၍ ရာဂီမုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ဆန်စက် နှင့် ဆန်သိုလှောင်ရုံအချို့တွင် ရေဝင်ရောက်မှုများရှိခဲ့ပြီး စပါးစိုက်ဧက (၅၀ဝဝ)နီးပါးတွင်လည်း ထိခိုက်မှုများရှိခဲ့ရာ စပါးအပါအဝင် အခြားသီးနှံ များစိုက်ပျိုးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

‘‘စပါးစိုက်ခင်းတွေမှာ ထိခိုက်မှုလည်းရှိတယ်။ စာရင်းဇယားအရဆို ဧက(၅ဝဝဝ)ဝန်းကျင် လောက်ရှိတယ်။ ပြန်စိုက်ဖို့စဉ်းစားရမှာပေါ့။ စပါးမီရင်လည်း စပါးစိုက်မှာပေါ့။ မမီရင်လည်း အခြားသီးနှံပြန်စိုက်ဖို့ စဉ်းစားရမှာပေါ့။ ကျန်တဲ့နေ ရာတွေမှာတော့ (၃)(၄)ရက်လောက်ပဲ ရေလွှမ်း တာဆိုတော့ ကြီးကြီးမားမားသက်ရောက်မှုတော့ မရှိနိုင် ဘူးလို့ ယူဆပါတယ်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု တစ်ခုလုံးကြီးပေါ်မှာ ထိခိုက်မှုရှိလား ဆိုရင်တော့ အလွန်နည်း ပါးတယ်။ နေပြည်တော် ဝန်းကျင်မှာ ဧက(၃၀ဝဝ) လောက်ရှိတယ်။ ကျန်တာက ပဲခူးတိုင်းအရှေ့ဘက်အခြမ်းမှာ လည်းဖြစ်တယ်။ အခုသတင်းမရောက်သေးတာတော့ ရှမ်းပြည်နဲ့ ကယားတော့ သတင်းမရောက်သေးဘူး။ ထိခိုက် ပျက်စီးမှုတော့နည်းပါတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၂၀) ထက်မနည်းတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ပြီး စပါးစိုက်ဧက (၁၀ဝဝဝ၀)ကျော် ‌ရေကြီးနစ်မြုပ်ခဲ့ရာ စပါးအပါအဝင် အခြားသီးနှံများ ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆန်စပါးလုံလောက်စွာရှိပြီး ဆန်စပါးလက်ကျန် စုစုပေါင်းတန်ချိန်(၄)သန်းခန့်ရှိ နေသည့်အတွက် ပြည်သူများအနေဖြင့် ရေကြီး‌ရေလျှံမှုကြောင့် ဆန်စပါးပြတ်လပ်သွားမည် ကို စိုးရိမ်ရန်မလိုကြောင်း ၎င်းက ဆိုသည်။

‘‘လက်ရှိအနေအထားမှာတော့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုရယ်၊ ပြည်တွင်းဆန်စပါးလက် ကျန်ရယ်၊ ပြည်ပ တင်ပို့တဲ့လုပ်ငန်းရယ်အတွက်တော့ ကြီးမားတဲ့ထိခိုက်မှုမရှိနိုင်တဲ့အတွက် ဘာမှစိုးရိမ်စရာမရှိဘူး။ ပြည်တွင်းမှာ ဆန်လည်းလုံ လောက်တယ်၊ စပါးလည်းလုံလုံလောက်လောက်ရှိ တယ်။ ဆန်စပါးလက်ကျန်လည်း စုစုပေါင်းတန်ချိန် (၄)သန်းလောက်ရှိတယ်ဆိုတော့ ခုမိုးစပါးပေါ်တဲ့ အချိန်ထိ ကောင်းကောင်းလုံလောက်တယ်။ ဒါပေမဲ့ စပါးပေါ်မယ့်အချိန် အောက်တိုဘာ၊ နိုဝင်ဘာမှာ ရာသီဥတုဘာတွေထပ်ဖြစ်လာနိုင်လဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ဦးရဲမင်းအောင်က အသိပေးထားသည်။

လတ်တလောလူမှုကွန်ယက်စာမျက်နှာထက်တွင် ရေကြီးရေလျှံမှုကြောင့် ပြည်တွင်း၌ ဆန်ဈေးနှုန်းကြီး မြင့်မှုနှင့် ဆန်ပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ကောလာဟလ ရေးသားဖော်ပြမှုများရှိနေပြီး ပြည်သူများ အနေ ဖြင့် စိုးရိမ်မှုများရှိနေသည်ကို တွေ့မြင်ရသည်။ ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် ထိခိုက်ခဲ့သည့် စိုက်ဧက(၅၀ဝဝ)နီးပါးအတွက် မျိုးစပါး နှင့် ဓာတ်မြေဩဇာများကို ထောက်ပံ့ရန်စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း(၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း (၁၀၈၈) သန်းရှိကြောင်း သိရသည်။

zawgyi version
ေရေဘးေၾကာင့္ စပါးစိုက္ခင္းမ်ား ထိခိုက္ခဲ့ေသာ္လည္း အရန္ဆန္တန္(၄) သန္းရွိေနသျဖင့္ စိုးရိမ္စရာမလို
ယြန္း (NP News) - စက္တင္ဘာ ၂၅

ေရႀကီးေရလွ်ံမႈေၾကာင့္ စပါးစိုက္ဧက (၅ဝဝဝ)ခန႔္ ထိခိုက္ခဲ့ေသာ္လည္း ျပည္တြင္းဆန္ လက္က်န္လုံေလာက္သည့္အတြက္ စိုးရိမ္ရန္မလိုေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္ထံ NP News က ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၉)ရက္မွစ၍ ရာဂီမုန္တိုင္း၏အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာ ေဒသအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့သည္။ အဆိုပါေရႀကီးေရလွ်ံမႈေၾကာင့္ ဆန္စက္ ႏွင့္ ဆန္သိုေလွာင္႐ုံအခ်ိဳ႕တြင္ ေရဝင္ေရာက္မႈမ်ားရွိခဲ့ၿပီး စပါးစိုက္ဧက (၅၀ဝဝ)နီးပါးတြင္လည္း ထိခိုက္မႈမ်ားရွိခဲ့ရာ စပါးအပါအဝင္ အျခားသီးႏွံ မ်ားစိုက္ပ်ိဳးႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

‘‘စပါးစိုက္ခင္းေတြမွာ ထိခိုက္မႈလည္းရွိတယ္။ စာရင္းဇယားအရဆို ဧက(၅ဝဝဝ)ဝန္းက်င္ ေလာက္ရွိတယ္။ ျပန္စိုက္ဖို႔စဥ္းစားရမွာေပါ့။ စပါးမီရင္လည္း စပါးစိုက္မွာေပါ့။ မမီရင္လည္း အျခားသီးႏွံျပန္စိုက္ဖို႔ စဥ္းစားရမွာေပါ့။ က်န္တဲ့ေန ရာေတြမွာေတာ့ (၃)(၄)ရက္ေလာက္ပဲ ေရလႊမ္း တာဆိုေတာ့ ႀကီးႀကီးမားမားသက္ေရာက္မႈေတာ့ မရွိႏိုင္ ဘူးလို႔ ယူဆပါတယ္။ ဆန္စပါးစိုက္ပ်ိဳး ထုတ္လုပ္မႈ တစ္ခုလုံးႀကီးေပၚမွာ ထိခိုက္မႈရွိလား ဆိုရင္ေတာ့ အလြန္နည္း ပါးတယ္။ ေနျပည္ေတာ္ ဝန္းက်င္မွာ ဧက(၃၀ဝဝ) ေလာက္ရွိတယ္။ က်န္တာက ပဲခူးတိုင္းအေရွ႕ဘက္အျခမ္းမွာ လည္းျဖစ္တယ္။ အခုသတင္းမေရာက္ေသးတာေတာ့ ရွမ္းျပည္နဲ႔ ကယားေတာ့ သတင္းမေရာက္ေသးဘူး။ ထိခိုက္ ပ်က္စီးမႈေတာ့နည္းပါတယ္”ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇူလိုင္အတြင္းကလည္း ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ေပါင္း (၂၀) ထက္မနည္းတြင္ ေရႀကီးေရလွ်ံမႈ မ်ားျဖစ္ေပၚခဲ့ၿပီး စပါးစိုက္ဧက (၁၀ဝဝဝ၀)ေက်ာ္ ‌ေရႀကီးနစ္ျမဳပ္ခဲ့ရာ စပါးအပါအဝင္ အျခားသီးႏွံမ်ား ျပန္လည္စိုက္ပ်ိဳးၿပီးျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ျပည္တြင္း၌ ဆန္စပါးလုံေလာက္စြာရွိၿပီး ဆန္စပါးလက္က်န္ စုစုေပါင္းတန္ခ်ိန္(၄)သန္းခန႔္ရွိ ေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ေရႀကီး‌ေရလွ်ံမႈေၾကာင့္ ဆန္စပါးျပတ္လပ္သြားမည္ ကို စိုးရိမ္ရန္မလိုေၾကာင္း ၎က ဆိုသည္။

‘‘လက္ရွိအေနအထားမွာေတာ့ ျပည္တြင္းစိုက္ပ်ိဳးထုတ္လုပ္မႈရယ္၊ ျပည္တြင္းဆန္စပါးလက္ က်န္ရယ္၊ ျပည္ပ တင္ပို႔တဲ့လုပ္ငန္းရယ္အတြက္ေတာ့ ႀကီးမားတဲ့ထိခိုက္မႈမရွိႏိုင္တဲ့အတြက္ ဘာမွစိုးရိမ္စရာမရွိဘူး။ ျပည္တြင္းမွာ ဆန္လည္းလုံ ေလာက္တယ္၊ စပါးလည္းလုံလုံေလာက္ေလာက္ရွိ တယ္။ ဆန္စပါးလက္က်န္လည္း စုစုေပါင္းတန္ခ်ိန္ (၄)သန္းေလာက္ရွိတယ္ဆိုေတာ့ ခုမိုးစပါးေပၚတဲ့ အခ်ိန္ထိ ေကာင္းေကာင္းလုံေလာက္တယ္။ ဒါေပမဲ့ စပါးေပၚမယ့္အခ်ိန္ ေအာက္တိုဘာ၊ ႏိုဝင္ဘာမွာ ရာသီဥတုဘာေတြထပ္ျဖစ္လာႏိုင္လဲ ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့” ဟု ဦးရဲမင္းေအာင္က အသိေပးထားသည္။

လတ္တေလာလူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ျပည္တြင္း၌ ဆန္ေဈးႏႈန္းႀကီး ျမင့္မႈႏွင့္ ဆန္ျပတ္လပ္မႈမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ေကာလာဟလ ေရးသားေဖာ္ျပမႈမ်ားရွိေနၿပီး ျပည္သူမ်ား အေန ျဖင့္ စိုးရိမ္မႈမ်ားရွိေနသည္ကို ေတြ႕ျမင္ရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အေနျဖင့္ ထိခိုက္ခဲ့သည့္ စိုက္ဧက(၅၀ဝဝ)နီးပါးအတြက္ မ်ိဳးစပါး ႏွင့္ ဓာတ္ေျမဩဇာမ်ားကို ေထာက္ပံ့ရန္စီစဥ္ထားေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း(၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း (၁၀၈၈) သန္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.