ဆီစာအုပ်ဖြင့် စားအုန်းဆီဝယ်ယူနိုင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသော်လည်း ထူးခြားသည့်ပြောင်းလဲမှုမျိုးမရှိကြောင်း ပြောဆိုမှုများရှိနေ

 363

ယွန်း (NP News) - စက်တင်ဘာ ၂၅

ဆီစာအုပ်ဖြင့် စားအုန်းဆီဝယ်ယူနိုင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း နေပြည်တော်၌ကျင်းပခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအရ စားအုန်းဆီ တန်းစီဝယ်ယူမှုများ အဆင်ပြေစေရေးအတွက် အထက်ပါကဲ့သို့ ဆီစာအုပ်ဖြင့် ဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၏ (၇ဝ)ရာ ခိုင်နှုန်းကျော်တွင် ဆီစာအုပ်များဖြင့်ဝယ်ယူနေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အထက်ပါကဲ့သို့ ဝယ်ယူနိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။ ‘စာအုပ်နဲ့ကတော့ ရန်ကုန်တိုင်းမှာတော့ မြို့နယ်အ ကုန်လုံးနီးပါးမှာ ရောင်းဖို့စီစဉ်နေပြီ။ တချို့မြို့နယ်တွေမှာလည်း စာအုပ်နဲ့‌ရောင်းနေပြီ။ အခုတစ်ပတ်လောက်ဆိုရင် ရန်ကုန်တစ်တိုင်းလုံးမှာရှိတဲ့ မြို့နယ်အကုန်လုံးနီးနီးမှာ စာအုပ်နဲ့ရောင်းချသွားလိမ့်မယ်။ အခုတောင် ရန်ကုန်တစ်တိုင်းလုံးရဲ့ မြို့နယ်(၇၀)ရာခိုင်နှုန်းလောက်မှာ စာအုပ် စနစ် တွေ နဲ့ရောင်းနေကြပြီ။ အဓိကကတော့ စာအုပ်နဲ့ဆီဝယ်ဖို့ကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဆောင်ရွက်နေပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့တွေရယ်၊ စားသုံး ဆီဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေရယ် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းကတော့ ဒီလထဲမှာပဲမြို့နယ်တိုင်းမှာ အကုန်ပြီးသွားမယ်’ဟု မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်တစ်ခုချင်းစီအလိုက် လူဦးရေ၊ ဆီရရှိမှုအနေအထား၊ ဆီလက် ကျန်ပေါ်မူတည်၍ ရောင်းချပေးနေခြင်းဖြစ်ပြီး မိသားစုတစ်စုလျှင် ငါးဆယ်သား(သို့မဟုတ်)တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ဆီစာအုပ်ဖြင့် ဝယ်ယူရာ၌ အချို့မြို့ နယ်များတွင် အလေးချိန်အပြည့်အဝ မရရှိမှုများလည်းရှိနေပြီး စာအုပ်ဖိုး ငွေကြေးကုန်ကျရုံမှလွဲ၍ အခြားထူးခြားသည့် ပြောင်းလဲမှုမျိုးမရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

‘စာအုပ်ကရတယ်။ တစ်အုပ်ကို (၁၅၀ဝ) နဲ့လုပ်ရတယ်။ စာအုပ်ရှိရုံနဲ့ မရသေးဘူး။ ကတ်ပြား ပါမှရတယ်။ ဒီလ ထဲမှာဆို ငါးဆယ်သားတစ်ခါပဲရ သေးတယ်။ အရင်ကအတိုင်းပဲ ဘာမှမပြောင်းလဲ သွားဘူး။ ဆီစာအုပ်ဝယ်လိုက်ရတာပဲ အဖတ်တင် တယ်။ စာအုပ်ထဲမှာလည်း ပြန်ဝယ်ရမယ့်ရက် မျိုးမပါဘူး။ ကတ်လာပေးမှ သွားဝယ်ရတာ။ စာအုပ်ကတော့ လုပ်ပေးပါတယ်’ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောသည်။

အဆိုပါ ဆီဝယ်ခွင့်စာအုပ်တွင်ပါသည့် စည်းကမ်းချက်သည် ဆီစာအုပ်ကို တစ်ဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်းများလုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်သာ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ ထို့ပြင် စားအုန်းဆီကို သတ်မှတ်ထားသည့်ရက်အတိုင်း ထုတ်ယူရန်နှင့် ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး၊ အသက် (၁၀) နှစ်အောက်ကလေးငယ်များကို လာရောက်ဝယ်ယူခွင့်မပြုကြောင်း သိရသည်။

ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် သန်းခေါင်စာရင်းဖြင့် ဆီဝယ်ယူရမှုများလည်း ရှိနေပြီး တစ်လလျှင် အများဆုံးနှစ်ကြိမ်ခန့်သာ ရရှိကြောင်း သိရသည်။ ‘သန်းခေါင်စာရင်းပြရတယ်။ တစ်ခါဝယ်ရင် ငါးဆယ်သားပဲရတယ်။ ဈေးကတော့ တစ်ပိဿာကို (၈၀ဝဝ) ဈေးနဲ့ဝယ်ရတာ။ ဆီစာအုပ်တွေဘာတွေတော့ ပြောသံမကြားဘူး။ တစ်လလုံးမှ နှစ်ခါ လောက်ပဲရတယ်။ ဘယ်ရက်ရ မယ်ဆိုတာမျိုး မဟုတ်ဘူး။ သူတို့ကြေညာတဲ့ရက်ပဲရတယ်’ ဟု သက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် အစိုးရရည်ညွှန်းဈေးသည် စားအုန်းဆီတစ်ပိဿာလျှင် (၆၇၂၀)ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၁၈၀ဝဝ) ကျပ်အထိ ပေါက်ဈေးရှိပြီး ဝယ်ယူရခက်ခဲလျက်ရှိသည်။ မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂)သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကာ စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆီစာအုပ္ျဖင့္ စားအုန္းဆီဝယ္ယူႏိုင္ေရးကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေဆာင္႐ြက္ေနေသာ္လည္း ထူးျခားသည့္ေျပာင္းလဲမႈမ်ိဳးမရွိေၾကာင္း ေျပာဆိုမႈမ်ားရွိေန
ယြန္း (NP News) - စက္တင္ဘာ ၂၅

ဆီစာအုပ္ျဖင့္ စားအုန္းဆီဝယ္ယူႏိုင္ေရးကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း ေနျပည္ေတာ္၌က်င္းပခဲ့သည့္ အစည္းအေဝး ဆုံးျဖတ္ခ်က္မ်ားအရ စားအုန္းဆီ တန္းစီဝယ္ယူမႈမ်ား အဆင္ေျပေစေရးအတြက္ အထက္ပါကဲ့သို႔ ဆီစာအုပ္ျဖင့္ ဝယ္ယူႏိုင္ေရးကို စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အားလုံး၏ (၇ဝ)ရာ ခိုင္ႏႈန္းေက်ာ္တြင္ ဆီစာအုပ္မ်ားျဖင့္ဝယ္ယူေနၿပီး အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း အထက္ပါကဲ့သို႔ ဝယ္ယူႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ‘စာအုပ္နဲ႔ကေတာ့ ရန္ကုန္တိုင္းမွာေတာ့ ၿမိဳ႕နယ္အ ကုန္လုံးနီးပါးမွာ ေရာင္းဖို႔စီစဥ္ေနၿပီ။ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာလည္း စာအုပ္နဲ႔‌ေရာင္းေနၿပီ။ အခုတစ္ပတ္ေလာက္ဆိုရင္ ရန္ကုန္တစ္တိုင္းလုံးမွာရွိတဲ့ ၿမိဳ႕နယ္အကုန္လုံးနီးနီးမွာ စာအုပ္နဲ႔ေရာင္းခ်သြားလိမ့္မယ္။ အခုေတာင္ ရန္ကုန္တစ္တိုင္းလုံးရဲ႕ ၿမိဳ႕နယ္(၇၀)ရာခိုင္ႏႈန္းေလာက္မွာ စာအုပ္ စနစ္ ေတြ နဲ႔ေရာင္းေနၾကၿပီ။ အဓိကကေတာ့ စာအုပ္နဲ႔ဆီဝယ္ဖို႔ကို တစ္ႏိုင္ငံလုံးအတိုင္း အတာနဲ႔ ေဆာင္႐ြက္ေနပါတယ္။ တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာေတာ့ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြရယ္၊ စားသုံး ဆီျဖန႔္ျဖဴးတဲ့ ကုမၸဏီေတြရယ္ ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။ ရန္ကုန္တိုင္းကေတာ့ ဒီလထဲမွာပဲၿမိဳ႕နယ္တိုင္းမွာ အကုန္ၿပီးသြားမယ္’ဟု ျမန္မာႏိုင္ငံဆီ ကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ေရာင္းခ်ရာတြင္ ၿမိဳ႕နယ္တစ္ခုခ်င္းစီအလိုက္ လူဦးေရ၊ ဆီရရွိမႈအေနအထား၊ ဆီလက္ က်န္ေပၚမူတည္၍ ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး မိသားစုတစ္စုလွ်င္ ငါးဆယ္သား(သို႔မဟုတ္)တစ္ပိႆာႏႈန္းျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။ ဆီစာအုပ္ျဖင့္ ဝယ္ယူရာ၌ အခ်ိဳ႕ၿမိဳ႕ နယ္မ်ားတြင္ အေလးခ်ိန္အျပည့္အဝ မရရွိမႈမ်ားလည္းရွိေနၿပီး စာအုပ္ဖိုး ေငြေၾကးကုန္က်႐ုံမွလြဲ၍ အျခားထူးျခားသည့္ ေျပာင္းလဲမႈမ်ိဳးမရွိေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

‘စာအုပ္ကရတယ္။ တစ္အုပ္ကို (၁၅၀ဝ) နဲ႔လုပ္ရတယ္။ စာအုပ္ရွိ႐ုံနဲ႔ မရေသးဘူး။ ကတ္ျပား ပါမွရတယ္။ ဒီလ ထဲမွာဆို ငါးဆယ္သားတစ္ခါပဲရ ေသးတယ္။ အရင္ကအတိုင္းပဲ ဘာမွမေျပာင္းလဲ သြားဘူး။ ဆီစာအုပ္ဝယ္လိုက္ရတာပဲ အဖတ္တင္ တယ္။ စာအုပ္ထဲမွာလည္း ျပန္ဝယ္ရမယ့္ရက္ မ်ိဳးမပါဘူး။ ကတ္လာေပးမွ သြားဝယ္ရတာ။ စာအုပ္ကေတာ့ လုပ္ေပးပါတယ္’ဟု မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူ အိမ္ရွင္မတစ္ဦးက ေျပာသည္။

အဆိုပါ ဆီဝယ္ခြင့္စာအုပ္တြင္ပါသည့္ စည္းကမ္းခ်က္သည္ ဆီစာအုပ္ကို တစ္ဆင့္ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္းမ်ားလုံးဝမျပဳလုပ္ရဘဲ အိမ္ေထာင္စုတစ္စုကို ဆီစာအုပ္တစ္အုပ္သာ ပိုင္ဆိုင္ခြင့္ရွိေၾကာင္း၊ ထို႔ျပင္ စားအုန္းဆီကို သတ္မွတ္ထားသည့္ရက္အတိုင္း ထုတ္ယူရန္ႏွင့္ ပ်က္စီးေပ်ာက္ဆုံးပါက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံ ခ်က္ခ်င္းအေၾကာင္းၾကားရမည္ျဖစ္ၿပီး၊ အသက္ (၁၀) ႏွစ္ေအာက္ကေလးငယ္မ်ားကို လာေရာက္ဝယ္ယူခြင့္မျပဳေၾကာင္း သိရသည္။

ထို႔ျပင္ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္မ်ားတြင္ သန္းေခါင္စာရင္းျဖင့္ ဆီဝယ္ယူရမႈမ်ားလည္း ရွိေနၿပီး တစ္လလွ်င္ အမ်ားဆုံးႏွစ္ႀကိမ္ခန႔္သာ ရရွိေၾကာင္း သိရသည္။ ‘သန္းေခါင္စာရင္းျပရတယ္။ တစ္ခါဝယ္ရင္ ငါးဆယ္သားပဲရတယ္။ ေဈးကေတာ့ တစ္ပိႆာကို (၈၀ဝဝ) ေဈးနဲ႔ဝယ္ရတာ။ ဆီစာအုပ္ေတြဘာေတြေတာ့ ေျပာသံမၾကားဘူး။ တစ္လလုံးမွ ႏွစ္ခါ ေလာက္ပဲရတယ္။ ဘယ္ရက္ရ မယ္ဆိုတာမ်ိဳး မဟုတ္ဘူး။ သူတို႔ေၾကညာတဲ့ရက္ပဲရတယ္’ ဟု သက္ႀကီးပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

လက္ရွိတြင္ အစိုးရရည္ၫႊန္းေဈးသည္ စားအုန္းဆီတစ္ပိႆာလွ်င္ (၆၇၂၀)က်ပ္ျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ တစ္ပိႆာ (၁၈၀ဝဝ) က်ပ္အထိ ေပါက္ေဈးရွိၿပီး ဝယ္ယူရခက္ခဲလ်က္ရွိသည္။ ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ (၁၂)သိန္းခန႔္ရွိၿပီး ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ကိုးသိန္းခန႔္ တင္သြင္းေနရကာ စားအုန္းဆီကို မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔မွ အမ်ားဆုံး တင္သြင္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.