အမေရိကန်ဒေါ်လာ(၁)ဘီလျံနီးပါးရှိ ကာကွယ်ရေးချေးငွေသဘောတူညီချက်ကို အမေရိကန်နဲ့ရိုမေးနီးယားတို့ လက်မှတ်ရေးထိုး

 265

Pika (NP News) - စက်တင်ဘာ ၂၅

အမေရိကန်အစိုးရဟာ ရိုမေးနီးယားနိုင်ငံရဲ့ ကာကွယ်ရေးခေတ်မီရေးအစီအစဉ်ကို ပံ့ပိုးဖို့အတွက် အမေရိကန်ဒေါ်လာသန်း(၉၂ဝ)တိုက်ရိုက်ချေးငွေသဘောတူညီချက်ကို စက်တင်ဘာလ(၂၅)ရက်နေ့မှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့ ရိုမေးနီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရိုမေးနီးယားနိုင်ငံဟာ ၎င်းရဲ့ကာကွယ်ရေးဝယ်ယူမှုအစီအစဉ်တွေကို တိုးမြှင့်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အဆိုပါ သဘောတူညီချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံဟာ နိုင်ငံဂျီဒီပီရဲ့(၂ ဒသမ ၅) ရာခိုင်နှုန်းကို ကာကွယ်ရေးပိုင်းမှာ သုံးစွဲဖို့အတွက် ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။ ရိုမေးနီးယားနိုင်ငံဟာ ယူကရိန်းနဲ့ ကီလိုမီတာ(၆၅ဝ)လောက် နယ်နိမိတ်ချင်းထိစပ်နေပြီး ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားရဲ့ဒရုန်းအပျက်အစီး အပိုင်းအစတွေဟာ ရိုမေးနီးယားနိုင်ငံပိုင်နက်အတွင်းကို အကြိမ်ကြိမ်ကျရောက်ခဲ့ဖူးတယ်လိုလည်း သိရပါတယ်။

ဒါ့ပြင် ရိုမေးနီးယားနိုင်ငံရဲ့ အချို့ဧရိယာတွေဟာ ရုရှားက မကြာခဏပစ် မှတ်ထားနေတဲ့ ယူကရိန်းရဲ့ Danube မြစ်ပေါ်က ဆိပ်ကမ်းတစ်ခုနဲ့ နီးကပ်နေတယ်လို့လည်း သိရပါတယ်။ ချေးငွေသဘောတူညီချက်အရ ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်ဒေါ်လာသန်း(၇၀၀)ကို တိုက်ရိုက်သုံးစွဲနိုင်မှာဖြစ်ပြီး ကျန်ရှိနေတဲ့ အမေရိကန်ဒေါ်လာသန်း (၂၂၀) ဟာ စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီ(၁၅)ခုကို ထိန်းချုပ်တဲ့ နိုင်ငံပိုင် ROMARM ကုမ္ပဏီဆီကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရိုမေးနီးယားနိုင်ငံဟာ အမေရိကန်ရဲ့ချေးငွေတွေကို (၁၂)နှစ်အတွင်းပြန်ဆပ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
အေမရိကန္ေဒၚလာ(၁)ဘီလ်ံနီးပါးရွိ ကာကြယ္ေရးေခ်းေငြသေဘာတူညီခ်က္ကို အေမရိကန္နဲ႔႐ိုေမးနီးယားတို႔ လက္မွတ္ေရးထိုး
Pika (NP News) - စက္တင္ဘာ ၂၅

အေမရိကန္အစိုးရဟာ ႐ိုေမးနီးယားႏိုင္ငံရဲ႕ ကာကြယ္ေရးေခတ္မီေရးအစီအစဥ္ကို ပံ့ပိုးဖို႔အတြက္ အေမရိကန္ေဒၚလာသန္း(၉၂ဝ)တိုက္႐ိုက္ေခ်းေငြသေဘာတူညီခ်က္ကို စက္တင္ဘာလ(၂၅)ရက္ေန႔မွာ လက္မွတ္ေရးထိုးလိမ့္မယ္လို႔ ႐ိုေမးနီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။

႐ုရွားကယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ိုေမးနီးယားႏိုင္ငံဟာ ၎ရဲ႕ကာကြယ္ေရးဝယ္ယူမႈအစီအစဥ္ေတြကို တိုးျမႇင့္ဖို႔ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ အဆိုပါ သေဘာတူညီခ်က္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ေနတိုးအဖြဲ႕နဲ႔ ဥေရာပသမဂၢတို႔ရဲ႕အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ ႐ိုေမးနီးယားႏိုင္ငံဟာ ႏိုင္ငံဂ်ီဒီပီရဲ႕(၂ ဒသမ ၅) ရာခိုင္ႏႈန္းကို ကာကြယ္ေရးပိုင္းမွာ သုံးစြဲဖို႔အတြက္ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။ ႐ိုေမးနီးယားႏိုင္ငံဟာ ယူကရိန္းနဲ႔ ကီလိုမီတာ(၆၅ဝ)ေလာက္ နယ္နိမိတ္ခ်င္းထိစပ္ေနၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း ႐ုရွားရဲ႕ဒ႐ုန္းအပ်က္အစီး အပိုင္းအစေတြဟာ ႐ိုေမးနီးယားႏိုင္ငံပိုင္နက္အတြင္းကို အႀကိမ္ႀကိမ္က်ေရာက္ခဲ့ဖူးတယ္လိုလည္း သိရပါတယ္။

ဒါ့ျပင္ ႐ိုေမးနီးယားႏိုင္ငံရဲ႕ အခ်ိဳ႕ဧရိယာေတြဟာ ႐ုရွားက မၾကာခဏပစ္ မွတ္ထားေနတဲ့ ယူကရိန္းရဲ႕ Danube ျမစ္ေပၚက ဆိပ္ကမ္းတစ္ခုနဲ႔ နီးကပ္ေနတယ္လို႔လည္း သိရပါတယ္။ ေခ်းေငြသေဘာတူညီခ်က္အရ ႐ိုေမးနီးယားကာကြယ္ေရးဝန္ႀကီးဌာနဟာ အေမရိကန္ေဒၚလာသန္း(၇၀၀)ကို တိုက္႐ိုက္သုံးစြဲႏိုင္မွာျဖစ္ၿပီး က်န္ရွိေနတဲ့ အေမရိကန္ေဒၚလာသန္း (၂၂၀) ဟာ စစ္လက္နက္ပစၥည္းေတြထုတ္လုပ္တဲ့ ကုမၸဏီ(၁၅)ခုကို ထိန္းခ်ဳပ္တဲ့ ႏိုင္ငံပိုင္ ROMARM ကုမၸဏီဆီကို တိုက္႐ိုက္ေရာက္ရွိသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ိုေမးနီးယားႏိုင္ငံဟာ အေမရိကန္ရဲ႕ေခ်းေငြေတြကို (၁၂)ႏွစ္အတြင္းျပန္ဆပ္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.