အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော

 261

Pika (NP News) - စက်တင်ဘာ ၂၄

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ တန်ပြန်အရေးယူမှုတွေဟာ ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိတဲ့ ပိုမိုကျယ်ပြန့်တဲ့ပဋိပက္ခအဖြစ်ကို ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက သတိပေးပြောကြားခဲ့ပါတယ်။

G7 အဖွဲ့က "အရှေ့အလယ်ပိုင်းဒေသတွင်းမှာဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့တန်ပြန်အရေးယူမှုတွေဟာ အန္တရာယ်များတဲ့အကြမ်းဖက်မှုတွေကို ဖြစ်လာစေနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒီပြဿနာတွေအားလုံးက ဒေသတွင်းတစ်ခုလုံးကို စိတ်ကူးလို့တောင်မရတဲ့ အကျိုးဆက်တွေရှိလာစေမယ့် ပိုမိုကျယ်ပြန့်တဲ့ပဋိပက္ခအဖြစ်ကို ဆွဲငင်နေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံးကို ရပ်တန့်ကြဖို့ G7 အဖွဲ့က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ G7 အဖွဲ့က "အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာကနေ ဘယ်နိုင်ငံကမှ အကျိုးအမြတ်တွေရရှိမှာမဟုတ်ပါဘူး"လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဟားမတ်စ်လက် နက်ကိုင်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနိုင်ငံကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကို ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း အီရန်နဲ့ အစ္စရေးနိုင်ငံတို့ဟာလည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေသတွင်းမှာတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း လက်ဘနွန်နိုင်ငံတစ်ဝန်းမှာ ထောင်နဲ့ချီတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ နှစ်ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူ(၃၀)ကျော်သေဆုံးကာ အခြားလူထောင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဟစ်ဘိုလာ နဲ့ လက်ဘနွန်အစိုးရတို့ဟာ အဲဒီဖြစ်ရပ်တွေအတွက် အစ္စရေးနိုင်ငံကို အပြစ်တင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ၎င်းတို့မှာတာဝန်ရှိ/မရှိဆိုတဲ့အချက်ကို အစ္စရေးအစိုးရဘက်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

zawgyi version
အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြပိုမိုျမင့္တက္လာတာက ဘယ္ႏိုင္ငံအတြက္မွ အက်ိဳးအျမတ္မရွိဘူးလို႔ G7 အဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄

အေရွ႕အလယ္ပိုင္းေဒသမွာ ျဖစ္ပြားေနတဲ့ ျပႆနာေတြနဲ႔ တန္ျပန္အေရးယူမႈေတြဟာ ဘယ္ႏိုင္ငံအတြက္မွ အက်ိဳးအျမတ္မရွိတဲ့ ပိုမိုက်ယ္ျပန႔္တဲ့ပဋိပကၡအျဖစ္ကို ေျပာင္းလဲသြားႏိုင္တဲ့ အႏၲရာယ္ရွိေနတယ္လို႔ G7 အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြက သတိေပးေျပာၾကားခဲ့ပါတယ္။

G7 အဖြဲ႕က "အေရွ႕အလယ္ပိုင္းေဒသတြင္းမွာျဖစ္ပြားေနတဲ့ ျပႆနာေတြနဲ႔တန္ျပန္အေရးယူမႈေတြဟာ အႏၲရာယ္မ်ားတဲ့အၾကမ္းဖက္မႈေတြကို ျဖစ္လာေစႏိုင္တဲ့ အႏၲရာယ္ရွိေနပါတယ္။ ဒီျပႆနာေတြအားလုံးက ေဒသတြင္းတစ္ခုလုံးကို စိတ္ကူးလို႔ေတာင္မရတဲ့ အက်ိဳးဆက္ေတြရွိလာေစမယ့္ ပိုမိုက်ယ္ျပန႔္တဲ့ပဋိပကၡအျဖစ္ကို ဆြဲငင္ေနပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္းမွာ လက္ရွိျဖစ္ပြားေနတဲ့ ျပႆနာေတြအားလုံးကို ရပ္တန႔္ၾကဖို႔ G7 အဖြဲ႕က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ G7 အဖြဲ႕က "အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြပိုမိုျမင့္တက္လာတာကေန ဘယ္ႏိုင္ငံကမွ အက်ိဳးအျမတ္ေတြရရွိမွာမဟုတ္ပါဘူး"လို႔ အေလးေပးေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ဟားမတ္စ္လက္ နက္ကိုင္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ အစၥေရးႏိုင္ငံကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။အဲဒီတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံကို ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း အီရန္နဲ႔ အစၥေရးႏိုင္ငံတို႔ဟာလည္း အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒသတြင္းမွာတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း လက္ဘႏြန္ႏိုင္ငံတစ္ဝန္းမွာ ေထာင္နဲ႔ခ်ီတဲ့ အီလက္ထ႐ြန္းနစ္ပစၥည္းေတြ ႏွစ္ရက္ဆက္တိုက္ေပါက္ကြဲခဲ့ၿပီး လူ(၃၀)ေက်ာ္ေသဆုံးကာ အျခားလူေထာင္ခ်ီ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ဟစ္ဘိုလာ နဲ႔ လက္ဘႏြန္အစိုးရတို႔ဟာ အဲဒီျဖစ္ရပ္ေတြအတြက္ အစၥေရးႏိုင္ငံကို အျပစ္တင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ယင္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ၎တို႔မွာတာဝန္ရွိ/မရွိဆိုတဲ့အခ်က္ကို အစၥေရးအစိုးရဘက္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.