ရှိတ်ဟာစီနာအလွန် ဆက်ဆံရေးကျဆင်းနေတဲ့အိန္ဒိယထံ ဓါတ်အားခကြွေးကျန် ဒေါ်လာ ၁ ဘီလီယံ ပေးချေဖို့ ကျန်ရှိ

 937

Htay Oung (NP News) - စက်တင်ဘာ ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နီပေါနဲ့ အိန္ဒိယတို့အကြား သုံးပွင့်ဆိုင်သဘောတူစာချုပ်အရ အိန္ဒိယမှ နီပေါသို့ သွယ်တန်း ထားတဲ့ ရေအားလျှပ်စစ်ဓါတ်အားလိုင်းကို အသုံးပြုပြီး မကြာမီ စွမ်းအင်တင်သွင်းရန် အဆင်သင့်ရှိနေပြီဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ လျှပ်စစ်စွမ်းအင်နဲ့ သတ္တုအရင်းအမြစ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောဆို တယ်လို့ ဒါကာထရိုင်ဗြွန်း က စက်တင်ဘာလ ၂၁ ရက်မှာ ရေးသားပါတယ်။

ဒီအတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မကြာမီ ခတ္တမန္ဒူကို သွားရောက်ဖို့ ရှိ တယ်လို့ သောကြာနေ့ညနေပိုင်း ဒါကာမြို့ဟိုတယ်မှာ ကျင်းပတဲ့ နီပေါနိုင်ငံ အမျိုးသားနေ့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အထိမ်းအမှတ်ဧည့်ခံပွဲမှာ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့အကြား တိုးမြှင့်ဆက်ဆံမှုများအပေါ် ကျေနပ်အားရကြောင်း၊ နီပေါအစိုးရ နီပေါ ပြည်သူများရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘင်္ဂလားဒေ့ရှ်က ချီးကျူးဂုဏ်ပြုပါကြောင်း၊ ကုန်သွယ် ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု နယ်ပယ်များမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် လိုအပ်တယ်လို့ ကြားဖြတ်အစိုးရကိုယ်စားလှယ်က ပြောပါတယ်။

ရှိတ်ဟာစီနာအစိုးရ ပြုတ်မကျမီ တစ်လအလို ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် အိန္ဒိယတို့အကြား ယခုနှစ် ဇူလိုင်လမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်က နီပေါနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၄၀ မဂ္ဂါဝပ်ကို ၆ နှစ်ကြာ ဝယ်ယူတင်သွင်းဖို့ရှိနေပါတယ်။ သုံးနိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံက သွယ်တန်းထားတဲ့ ဓါတ်အား လိုင်းများကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအရောက် စွမ်းအင်ပို့လွှတ်ရေးဟာ ရက်ပိုင်းအတွင်း အပြီးသတ် ဆောင်ရွက်ဖွယ်ရှိပါတယ်။

နီပေါသံအမတ်ကြီးက တုန့်ပြန်ဧည့်ခံစကားပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေချိန်ခိုက် နီပေါကလည်း ကြားဖြတ်အစိုးရနဲ့ ပြည်သူများအားလုံးတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်မှုများကို ပံ့ပိုးပေးခြင်းဖြင့် နှစ်နိုင်ငံ စည်းလုံးညီညွတ်စွာ ရပ်တည်သွားရန် ကတိပြုထားပါတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ရှိလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ဟာ ၂၅၇၀၀ မဂ္ဂါဝပ်ရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှုဟာ ၁၆၄၇၇ မဂ္ဂါဝပ်သာ ရှိနေပါတယ်။ နိုင်ငံလူဦးရေ ၁၀၀ ရာခိုင်နှုန်းပြည့် မဟာဓါတ်အားလိုင်းနဲ့ လက်လှမ်းမီနေပြီ ဖြစ်ပေမယ့် သုံးစွဲမှုက ပိုမိုနေပါတယ်။ လူနေအိမ်ခြေများနဲ့ စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အား ဖူလုံရေး၊ စိုက်ပျိုးရေးနဲ့ တိုင်းပြည်စီးပွားရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ ၂၀၃၀-ခုနှစ်မှာ စွမ်းအင် ၃၄,၀၀၀ မီဂါ ဝပ်အပ်မှု အရေးတကြီးဖြစ်ပေါ်နေပါတယ်။

ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုမှာ အစိုးရပိုင် ၅၆ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် ၄၄ ရာခိုင်နှုန်းရှိပြီး အရေးကြီး မြစ်ချောင်း အများစုကို အိန္ဒိယနဲ့ မျှဝေအသုံးပြုနေရတဲ့ တိုင်းပြည်မှာ ရေအားလျှပ်စစ်ထုတ်လုပ်မှုဟာ ဝ.၁၂ ရာခိုင်နှုန်း သာရှိပါတယ်။ လောင်စာဆီနဲ့ သဘာဝဓါတ်ငွေ့သုံးစွမ်းအင်ထုတ်လုပ်မှု ၇၆ ရာခိုင်နှုန်းကျော် ရှိနေတဲ့အတွက် ကုန်ကျစရိတ်များပြားနေရပါတယ်။ ဒီအတွက် ပြန်လည်ပြည့်ဖြိုးမြဲအပြင် အဓိကအားဖြင့် ကျောက်မီးသွေးသုံး စက်ရုံများမှ စွမ်းအင်ထုတ်ယူ နေယုံမက ၂.၄ ဂီဂါဝပ် ထုတ်လုပ်နိုင်မယ့် နျူကလီယာဓါတ်အားပေးစက်ရုံ ယူနစ် ၂-ခုကို တည်ဆောက်နေပြီး ယခုနှစ်မှာ ယူနစ်တစ်ခုကို စတင်လည်ပတ်နိုင်ပါလိမ့်မယ်။

၂ဝ၃ဝ ပြည့်နှစ်မှာ စွမ်းအင် ၄ဝ ဂီဂါဝပ်၊ ၂ဝ၄၁ ခုနှစ်မှာ ၆၀ ဂီဂါဝပ်အထိ ထုတ်လုပ်ရန် ရည်မှန်းထားပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ခေတ်နောက်ကျပြီး ဟောင်းနွမ်းဓါတ်အားလိုင်းများနဲ့ အခြေခံအဆောက်အအုံများ ကြောင့် နှောင့်နှေးနေရပါတယ်။
အခြားတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံမှ ဝယ်ယူအသုံးပြုနေတဲ့ လျှပ်စစ်ဓါတ်အားခ ကြွေးကျန် များ ပေးချေရန်အတွက် အမေရိကန်ဒေါ်လာများကို စုဆောင်းဖို့ အသည်းအသန် ရုန်းကန်နေရတယ်လို့ ရိုက်တာ သတင်းအေဂျင်စီက စက်တင်ဘာလ ၂ဝ ရက်မှာ ရေးခဲ့ပါတယ်။

အိန္ဒိယလျှပ်စစ်ကုမ္ပဏီများထံ ပေးဆောင်ရမယ့် ကြွေးကျန်ဟာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရှိနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ လက်လှမ်းမမီနိုင်ပဲဖြစ်နေရတယ်လို့ စာရွက်စာတမ်းများနဲ့ နီးစပ်တဲ့သတင်း ရင်းမြစ် များက ပြောပါတယ်။

၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲကတည်းက လောင်စာဆီနဲ့ ကုန်ပစ္စည်းများကို မတည်ငြိမ်တဲ့ ဈေးနှုန်းများနဲ့ တင်သွင်းခဲ့ ရတဲ့အတွက် စရိတ်စကများပေးဆောင်ရန် ရုန်းကန်နေခဲ့ရပါတယ်။ လွန်ခဲ့တဲ့သြဂုတ်လ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကိုဖြုတ်ချခဲ့စဉ်နဲ့ အဲဒီနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများက ပြဿနာများအပေါ် ဗူးလေးရာ ဖရုံဆင့်သလို ထပ်လောင်းဝန်ပိလာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တိုင်းပြည်ရဲ့လျော့နည်းလာနေတဲ့ နိုင်ငံခြားအရန်ငွေများကို တည်ငြိမ်စေရန် နိုင်ငံတကာ ငွေချေးသူများထံမှ ငွေကြေးအကူအညီ ဒေါ်လာ ၅ ဘီလီယံ ချေးယူနိုင်ရေး အရေးပေါ်ရှာဖွေနေပြီး ဒါကာ ဗဟိုဘဏ်ကလည်း မြင့်တက်လာနေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အဓိက ဘဏ်အတိုးနှုန်းကို မြှင့် တင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄.၇ ဘီလီယံ တောင်းခံခဲ့ရဖူးပါတယ်။
အိန္ဒိယဓာတ်အားပေးကုမ္ပဏီများထံ ကြွေးကျန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိတဲ့အနက် အများစု ဖြစ်တဲ့ ဒေါ်လာ သန်း ၈၀၀ ခန့်ဟာ အက်ဒ်ဒါနီစွမ်းအင်ကုမ္ပဏီ (ADAN.NS) ထံ ပေးချေရမှာဖြစ်ကြောင်း၊ အမြန်ဆုံးရှင်းလင်း နိုင်ဖို့ ကြိုးစားနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ဒေါ်လာအကျပ်အတည်းကြောင့် လုပ်ငန်းစဉ်မှာ သိသိသာသာ ရှုပ်ထွေး နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (BPDB) မှ တာဝန်ရှိသူတစ်ဦးက သောကြာနေ့ မှာ ပြောပါတယ်။
ကြွေးကျန် မရမီ လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်ဆိုင်းထားမယ်လို့ ခြိမ်းခြောက်နေသူ အိန္ဒိယ အက်ဒ်ဒါနီ စွမ်းအင် ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ခြင်း မရှိပါဘူး။
အခြား အိန္ဒိယစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTC India (PTCI.NS) ကတော့ ဘင်္ဂလားဒေ့ရှ် BPDB အနေနဲ့ ပေးချေ ရန် ကျန်ရှိနေတဲ့ကြွေးကျန်ဟာ ဒေါ်လာ သန်း ၈၀ နဲ့ ၁၉၀ အသီးသီးရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်၍ BPDB သို့ ဓာတ်အားပေးဝေခြင်း ရေရှည်စီးပွားရေးဆိုင်ရာနဲ့ ဆက်နွယ်မှုရှိပြီး လက်ရှိကြွေးကျန်ဟာ ၂၀၂၂-ခုနှစ် စာချုပ်အရ ဖြစ်ကြောင်း၊ အဲဒီငွေတွေအတွက် ရေရှည် ဆက်လက်စောင့်ဆိုင်းရန် မဖြစ်နိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ အကြောင်းကြားခဲ့တယ်လို့ PTC India ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေဆိုပါတယ်။

ပြည်တွင်း အသုံးပြု လျှပ်စစ်ဓာတ်အား စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ကို အိမ်နီးချင်း အိန္ဒိယထံမှ တင်သွင်းနေရ တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့ ၈ လမှ ၉ လအတွင်း လျှပ်စစ်ဓာတ်အားခ ပေးဆောင်ခြင်း မရှိခဲ့ကြောင်း သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။
ဒါ့အပြင် SEIL တို့လို အိန္ဒိယ လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ကလည်း ဘင်္ဂလားဒေ့ရှ်ထံမှ စာချုပ်များအရ ဒေါ်လာ ၃၄.၁ သန်းနဲ့ ဒေါ်လာ ၃ဝ.၇ သန်းအထိ အသီးသီး ရရှိဖို့ တောင်းခံနေပါတယ်။ နှစ်ဖက်စာချုပ်ချုပ်ဆိုရာမှာ ကြားခံအဖြစ်ထားရှိတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် “ရူပလီဘဏ်” ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် ပေးရန် ငြင်းဆိုပါတယ်။

#ဘင်္ဂလားဒေ့ရှ်စွမ်းအင်လိုအပ်မှု #နီပေါ #အိန္ဒိယကြွေးကျန် #အက်ဒ်ဒါနီစွမ်းအင်ကုမ္ပဏီ

(((Dhaka Tribune., 21 September 2024,” Bangladesh to sign deal for power import from Nepal soon” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ကောက်နှုတ်စုစည်းသည်)))

Zawgyi Version;
ရွိတ္ဟာစီနာအလြန္ ဆက္ဆံေရးက်ဆင္းေနတဲ့အိႏၵိယထံ ဓါတ္အားခေႂကြးက်န္ ေဒၚလာ ၁ ဘီလီယံ ေပးေခ်ဖို႔ က်န္ရွိ
Htay Oung (NP News) - စက္တင္ဘာ ၂၆

ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ နီေပါနဲ႔ အိႏၵိယတို႔အၾကား သုံးပြင့္ဆိုင္သေဘာတူစာခ်ဳပ္အရ အိႏၵိယမွ နီေပါသို႔ သြယ္တန္း ထားတဲ့ ေရအားလွ်ပ္စစ္ဓါတ္အားလိုင္းကို အသုံးျပဳၿပီး မၾကာမီ စြမ္းအင္တင္သြင္းရန္ အဆင္သင့္ရွိေနၿပီျဖစ္ ေၾကာင္း ဘဂၤလားေဒ့ရွ္ၾကားျဖတ္အစိုးရ လွ်ပ္စစ္စြမ္းအင္နဲ႔ သတၱဳအရင္းအျမစ္ဆိုင္ရာ အႀကံေပးပုဂၢိဳလ္က ေျပာဆို တယ္လို႔ ဒါကာထ႐ိုင္ႁဗြန္း က စက္တင္ဘာလ ၂၁ ရက္မွာ ေရးသားပါတယ္။

ဒီအတြက္ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရရဲ႕ ကိုယ္စားလွယ္အဖြဲ႕ဟာ မၾကာမီ ခတၱမႏၵဴကို သြားေရာက္ဖို႔ ရွိ တယ္လို႔ ေသာၾကာေန႔ညေနပိုင္း ဒါကာၿမိဳ႕ဟိုတယ္မွာ က်င္းပတဲ့ နီေပါႏိုင္ငံ အမ်ိဳးသားေန႔နဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒေန႔ အထိမ္းအမွတ္ဧည့္ခံပြဲမွာ အႀကံေပးပုဂၢိဳလ္က ေျပာပါတယ္။
ဘဂၤလားေဒ့ရွ္ႏွင့္ နီေပါႏိုင္ငံတို႔အၾကား တိုးျမႇင့္ဆက္ဆံမႈမ်ားအေပၚ ေက်နပ္အားရေၾကာင္း၊ နီေပါအစိုးရ နီေပါ ျပည္သူမ်ားရဲ႕ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ဘဂၤလားေဒ့ရွ္က ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း၊ ကုန္သြယ္ ေရး၊ စြမ္းအင္၊ ဆက္သြယ္ေရးနဲ႔ ျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈ နယ္ပယ္မ်ားမွာ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္မႈကို အရွိန္ျမႇင့္တင္ရန္ လိုအပ္တယ္လို႔ ၾကားျဖတ္အစိုးရကိုယ္စားလွယ္က ေျပာပါတယ္။

ရွိတ္ဟာစီနာအစိုးရ ျပဳတ္မက်မီ တစ္လအလို ဘဂၤလားေဒ့ရွ္၊ နီေပါႏွင့္ အိႏၵိယတို႔အၾကား ယခုႏွစ္ ဇူလိုင္လမွာ ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူစာခ်ဳပ္အရ ဘဂၤလားေဒ့ရွ္က နီေပါႏိုင္ငံမွ လွ်ပ္စစ္ဓါတ္အား ၄၀ မဂၢါဝပ္ကို ၆ ႏွစ္ၾကာ ဝယ္ယူတင္သြင္းဖို႔ရွိေနပါတယ္။ သုံးႏိုင္ငံ သေဘာတူညီခ်က္အရ အိႏၵိယႏိုင္ငံက သြယ္တန္းထားတဲ့ ဓါတ္အား လိုင္းမ်ားကို အသုံးျပဳၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံအေရာက္ စြမ္းအင္ပို႔လႊတ္ေရးဟာ ရက္ပိုင္းအတြင္း အၿပီးသတ္ ေဆာင္႐ြက္ဖြယ္ရွိပါတယ္။

နီေပါသံအမတ္ႀကီးက တုန႔္ျပန္ဧည့္ခံစကားေျပာၾကားရာမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ အသြင္ကူးေျပာင္းေရး ကာလကို ျဖတ္သန္းေနခ်ိန္ခိုက္ နီေပါကလည္း ၾကားျဖတ္အစိုးရနဲ႔ ျပည္သူမ်ားအားလုံးတို႔နဲ႔အတူ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ပံ့ပိုးေပးျခင္းျဖင့္ ႏွစ္ႏိုင္ငံ စည္းလုံးညီၫြတ္စြာ ရပ္တည္သြားရန္ ကတိျပဳထားပါတယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ လက္ရွိလိုအပ္ေနတဲ့ လွ်ပ္စစ္စြမ္းအင္ဟာ ၂၅၇၀၀ မဂၢါဝပ္ရွိၿပီး ျပည္တြင္းထုတ္လုပ္ႏိုင္မႈဟာ ၁၆၄၇၇ မဂၢါဝပ္သာ ရွိေနပါတယ္။ ႏိုင္ငံလူဦးေရ ၁၀၀ ရာခိုင္ႏႈန္းျပည့္ မဟာဓါတ္အားလိုင္းနဲ႔ လက္လွမ္းမီေနၿပီ ျဖစ္ေပမယ့္ သုံးစြဲမႈက ပိုမိုေနပါတယ္။ လူေနအိမ္ေျခမ်ားနဲ႔ စက္မႈလုပ္ငန္းမ်ားအတြက္ လွ်ပ္စစ္ဓါတ္အား ဖူလုံေရး၊ စိုက္ပ်ိဳးေရးနဲ႔ တိုင္းျပည္စီးပြားေရးကို ဆက္လက္ထိန္းသိမ္းထားဖို႔ ၂၀၃၀-ခုႏွစ္မွာ စြမ္းအင္ ၃၄,၀၀၀ မီဂါ ဝပ္အပ္မႈ အေရးတႀကီးျဖစ္ေပၚေနပါတယ္။

ျပည္တြင္း လွ်ပ္စစ္ထုတ္လုပ္မႈမွာ အစိုးရပိုင္ ၅၆ ရာခိုင္ႏႈန္း၊ ပုဂၢလိကပိုင္ ၄၄ ရာခိုင္ႏႈန္းရွိၿပီး အေရးႀကီး ျမစ္ေခ်ာင္း အမ်ားစုကို အိႏၵိယနဲ႔ မွ်ေဝအသုံးျပဳေနရတဲ့ တိုင္းျပည္မွာ ေရအားလွ်ပ္စစ္ထုတ္လုပ္မႈဟာ ဝ.၁၂ ရာခိုင္ႏႈန္း သာရွိပါတယ္။ ေလာင္စာဆီနဲ႔ သဘာဝဓါတ္ေငြ႕သုံးစြမ္းအင္ထုတ္လုပ္မႈ ၇၆ ရာခိုင္ႏႈန္းေက်ာ္ ရွိေနတဲ့အတြက္ ကုန္က်စရိတ္မ်ားျပားေနရပါတယ္။ ဒီအတြက္ ျပန္လည္ျပည့္ၿဖိဳးၿမဲအျပင္ အဓိကအားျဖင့္ ေက်ာက္မီးေသြးသုံး စက္႐ုံမ်ားမွ စြမ္းအင္ထုတ္ယူ ေနယုံမက ၂.၄ ဂီဂါဝပ္ ထုတ္လုပ္ႏိုင္မယ့္ န်ဴကလီယာဓါတ္အားေပးစက္႐ုံ ယူနစ္ ၂-ခုကို တည္ေဆာက္ေနၿပီး ယခုႏွစ္မွာ ယူနစ္တစ္ခုကို စတင္လည္ပတ္ႏိုင္ပါလိမ့္မယ္။

၂ဝ၃ဝ ျပည့္ႏွစ္မွာ စြမ္းအင္ ၄ဝ ဂီဂါဝပ္၊ ၂ဝ၄၁ ခုႏွစ္မွာ ၆၀ ဂီဂါဝပ္အထိ ထုတ္လုပ္ရန္ ရည္မွန္းထားေပမယ့္ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းျခင္း၊ ေခတ္ေနာက္က်ၿပီး ေဟာင္းႏြမ္းဓါတ္အားလိုင္းမ်ားနဲ႔ အေျခခံအေဆာက္အအုံမ်ား ေၾကာင့္ ေႏွာင့္ေႏွးေနရပါတယ္။
အျခားတစ္ဖက္မွာေတာ့ ဘဂၤလားေဒ့ရွ္ဟာ အိႏၵိယႏိုင္ငံမွ ဝယ္ယူအသုံးျပဳေနတဲ့ လွ်ပ္စစ္ဓါတ္အားခ ေႂကြးက်န္ မ်ား ေပးေခ်ရန္အတြက္ အေမရိကန္ေဒၚလာမ်ားကို စုေဆာင္းဖို႔ အသည္းအသန္ ႐ုန္းကန္ေနရတယ္လို႔ ႐ိုက္တာ သတင္းေအဂ်င္စီက စက္တင္ဘာလ ၂ဝ ရက္မွာ ေရးခဲ့ပါတယ္။

အိႏၵိယလွ်ပ္စစ္ကုမၸဏီမ်ားထံ ေပးေဆာင္ရမယ့္ ေႂကြးက်န္ဟာ အေမရိကန္ ေဒၚလာ ၁ ဘီလီယံေက်ာ္ရွိေနတဲ့ အတြက္ ဘဂၤလားေဒ့ရွ္အေနနဲ႔ လက္လွမ္းမမီႏိုင္ပဲျဖစ္ေနရတယ္လို႔ စာ႐ြက္စာတမ္းမ်ားနဲ႔ နီးစပ္တဲ့သတင္း ရင္းျမစ္ မ်ားက ေျပာပါတယ္။

၂၀၂၂ ခုႏွစ္ ယူကရိန္းစစ္ပြဲကတည္းက ေလာင္စာဆီနဲ႔ ကုန္ပစၥည္းမ်ားကို မတည္ၿငိမ္တဲ့ ေဈးႏႈန္းမ်ားနဲ႔ တင္သြင္းခဲ့ ရတဲ့အတြက္ စရိတ္စကမ်ားေပးေဆာင္ရန္ ႐ုန္းကန္ေနခဲ့ရပါတယ္။ လြန္ခဲ့တဲ့ၾသဂုတ္လ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ကိုျဖဳတ္ခ်ခဲ့စဥ္နဲ႔ အဲဒီေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားက ျပႆနာမ်ားအေပၚ ဗူးေလးရာ ဖ႐ုံဆင့္သလို ထပ္ေလာင္းဝန္ပိလာခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္ဟာ တိုင္းျပည္ရဲ႕ေလ်ာ့နည္းလာေနတဲ့ ႏိုင္ငံျခားအရန္ေငြမ်ားကို တည္ၿငိမ္ေစရန္ ႏိုင္ငံတကာ ေငြေခ်းသူမ်ားထံမွ ေငြေၾကးအကူအညီ ေဒၚလာ ၅ ဘီလီယံ ေခ်းယူႏိုင္ေရး အေရးေပၚရွာေဖြေနၿပီး ဒါကာ ဗဟိုဘဏ္ကလည္း ျမင့္တက္လာေနတဲ့ ေငြေၾကးေဖာင္းပြမႈကို ထိန္းခ်ဳပ္ရန္ အဓိက ဘဏ္အတိုးႏႈန္းကို ျမႇင့္ တင္ထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ထံမွ ေထာက္ပံ့ေငြ ေဒၚလာ ၄.၇ ဘီလီယံ ေတာင္းခံခဲ့ရဖူးပါတယ္။
အိႏၵိယဓာတ္အားေပးကုမၸဏီမ်ားထံ ေႂကြးက်န္ေဒၚလာ ၁ ဘီလီယံေက်ာ္ရွိတဲ့အနက္ အမ်ားစု ျဖစ္တဲ့ ေဒၚလာ သန္း ၈၀၀ ခန႔္ဟာ အက္ဒ္ဒါနီစြမ္းအင္ကုမၸဏီ (ADAN.NS) ထံ ေပးေခ်ရမွာျဖစ္ေၾကာင္း၊ အျမန္ဆုံးရွင္းလင္း ႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္ လက္ရွိျဖစ္ေပၚေနတဲ့ ေဒၚလာအက်ပ္အတည္းေၾကာင့္ လုပ္ငန္းစဥ္မွာ သိသိသာသာ ရႈပ္ေထြး ေနရတယ္လို႔ ဘဂၤလားေဒ့ရွ္ စြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္ေရးဘုတ္အဖြဲ႕ (BPDB) မွ တာဝန္ရွိသူတစ္ဦးက ေသာၾကာေန႔ မွာ ေျပာပါတယ္။
ေႂကြးက်န္ မရမီ လွ်ပ္စစ္ဓါတ္အားေပးေဝမႈကို ရပ္ဆိုင္းထားမယ္လို႔ ၿခိမ္းေျခာက္ေနသူ အိႏၵိယ အက္ဒ္ဒါနီ စြမ္းအင္ ကုမၸဏီကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို တုံ႔ျပန္ျခင္း မရွိပါဘူး။
အျခား အိႏၵိယစြမ္းအင္ကုမၸဏီတစ္ခုျဖစ္တဲ့ PTC India (PTCI.NS) ကေတာ့ ဘဂၤလားေဒ့ရွ္ BPDB အေနနဲ႔ ေပးေခ် ရန္ က်န္ရွိေနတဲ့ေႂကြးက်န္ဟာ ေဒၚလာ သန္း ၈၀ နဲ႔ ၁၉၀ အသီးသီးရွိေၾကာင္း၊ ၂၀၁၃ ခုႏွစ္မွစတင္၍ BPDB သို႔ ဓာတ္အားေပးေဝျခင္း ေရရွည္စီးပြားေရးဆိုင္ရာနဲ႔ ဆက္ႏြယ္မႈရွိၿပီး လက္ရွိေႂကြးက်န္ဟာ ၂၀၂၂-ခုႏွစ္ စာခ်ဳပ္အရ ျဖစ္ေၾကာင္း၊ အဲဒီေငြေတြအတြက္ ေရရွည္ ဆက္လက္ေစာင့္ဆိုင္းရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း ဘဂၤလားေဒ့ရွ္ အာဏာပိုင္မ်ားထံ အေၾကာင္းၾကားခဲ့တယ္လို႔ PTC India ကုမၸဏီ ေျပာေရးဆိုခြင့္ရွိသူက ျပန္လည္ေျဖဆိုပါတယ္။

ျပည္တြင္း အသုံးျပဳ လွ်ပ္စစ္ဓာတ္အား စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္းနီးပါး ကို အိမ္နီးခ်င္း အိႏၵိယထံမွ တင္သြင္းေနရ တဲ့ ဘဂၤလားေဒ့ရွ္ဟာ ၿပီးခဲ့တဲ့ ၈ လမွ ၉ လအတြင္း လွ်ပ္စစ္ဓာတ္အားခ ေပးေဆာင္ျခင္း မရွိခဲ့ေၾကာင္း သတင္း ရင္းျမစ္တစ္ခုက ေျပာပါတယ္။
ဒါ့အျပင္ SEIL တို႔လို အိႏၵိယ လွ်ပ္စစ္ထုတ္လုပ္ေရးကုမၸဏီအေနနဲ႔ကလည္း ဘဂၤလားေဒ့ရွ္ထံမွ စာခ်ဳပ္မ်ားအရ ေဒၚလာ ၃၄.၁ သန္းနဲ႔ ေဒၚလာ ၃ဝ.၇ သန္းအထိ အသီးသီး ရရွိဖို႔ ေတာင္းခံေနပါတယ္။ ႏွစ္ဖက္စာခ်ဳပ္ခ်ဳပ္ဆိုရာမွာ ၾကားခံအျဖစ္ထားရွိတဲ့ ဘဂၤလားေဒ့ရွ္အစိုးရပိုင္ “႐ူပလီဘဏ္” ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ ေပးရန္ ျငင္းဆိုပါတယ္။

#ဘဂၤလားေဒ့ရွ္စြမ္းအင္လိုအပ္မႈ #နီေပါ #အိႏၵိယေႂကြးက်န္ #အက္ဒ္ဒါနီစြမ္းအင္ကုမၸဏီ

(((Dhaka Tribune., 21 September 2024,” Bangladesh to sign deal for power import from Nepal soon” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို #HtayOung, #OungMarine ေကာက္ႏႈတ္စုစည္းသည္)))

Related news

© 2021. All rights reserved.