BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ

 242

Pika (NP News) - စက်တင်ဘာ ၂၆

အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အစိုးရဟာ BRICS စီးပွားရေးဖိုရမ်မှာ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ရုရှားမှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ စက်တင်ဘာလ(၂၄)ရက်နေ့မှာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ BRICS ထိပ် သီးအစည်းအဝေးကို အောက်တိုဘာလ(၂၂)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ရုရှားနိုင်ငံ ကာဇန်မြို့မှာကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အာဖဂန်နစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖစ်ရက်က "အဓိကအရင်းမြစ်တွေရှိတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေဟာ BRICS အဖွဲ့ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ရုရှားတို့နဲ့ ဆက်စပ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့နဲ့ သူတို့ကြားမှာ ကောင်းမွန်တဲ့ စီးပွားရေးဆက်ဆံမှုတွေနဲ့ အပြန်အလှန်ကူးသန်းရောင်းဝယ်မှုတွေ ရှိပါတယ်။ BRICS အဖွဲ့ရဲ့စီးပွားရေးဖိုရမ်တွေမှာပါဝင်ပြီး ကျွန်တော်တို့ကြားကဆက်ဆံရေးကို ချဲ့ထွင်ဖို့စိတ်အားထက်သန်နေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အစိုးရကို ဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုထားပေမယ့်လည်း တရုတ်နဲ့ရုရှားတို့အပါအဝင် BRICS အဖွဲ့တည်ထောင်တဲ့နိုင်ငံတွေနဲ့ တာလီဘန်အစိုးရရဲ့ဆက်ဆံရေးတွေဟာ တဖြည်းဖြည်းတိုးမြင့်လာနေတယ်လို့လည်း သိရပါတယ်။ မကြာသေးခင်အချိန်က တိုးချဲ့မှုတွေလုပ်ဆောင်ခဲ့တဲ့ BRICS အဖွဲ့ဟာ တာလီဘန်အစိုးရရဲ့ ပြောဆိုချက်တွေကို လူသိရှင်ကြားမှတ်ချက်ပြုတုံ့ပြန်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံမှာ ကျင်းပမယ့် BRICS ဖိုရမ်ကို တက်ရောက်ဖို့ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ၎င်းတို့မှာဘာသတင်းအချက်အလက်မှမရှိသေးဘူးလို့ အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ရုရှားနဲ့တရုတ် နှစ်နိုင်ငံစလုံးဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေးစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံဖို့နဲ့ ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ တာလီဘန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ၎င်းတို့ရဲ့အဆင့်သင့်ဖြစ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

zawgyi version
BRICS အဖြဲ႕မွာပါဝင္ဖို႔ အာဖဂန္နစၥတန္အစိုးရလိုလားေန
Pika (NP News) - စက္တင္ဘာ ၂၆

အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ တာလီဘန္အစိုးရဟာ BRICS စီးပြားေရးဖိုရမ္မွာ ပါဝင္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ ႐ုရွားမွာက်င္းပမယ့္ BRICS ထိပ္သီးအစည္းအေဝးမတိုင္မီ စက္တင္ဘာလ(၂၄)ရက္ေန႔မွာ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ နဲ႔ ေတာင္အာဖရိကတို႔ပါဝင္တဲ့ BRICS ထိပ္ သီးအစည္းအေဝးကို ေအာက္တိုဘာလ(၂၂)ရက္ေန႔ကေန (၂၄)ရက္ေန႔အထိ ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕မွာက်င္းပသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အာဖဂန္နစၥတန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ဟမ္ဒူလာဖစ္ရက္က "အဓိကအရင္းျမစ္ေတြရွိတဲ့ ႏိုင္ငံေတြနဲ႔ ကမာၻေပၚမွာ စီးပြားေရးအင္အားအႀကီးဆုံးႏိုင္ငံေတြဟာ BRICS အဖြဲ႕ အထူးသျဖင့္ အိႏၵိယ၊ တ႐ုတ္၊ ႐ုရွားတို႔နဲ႔ ဆက္စပ္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔နဲ႔ သူတို႔ၾကားမွာ ေကာင္းမြန္တဲ့ စီးပြားေရးဆက္ဆံမႈေတြနဲ႔ အျပန္အလွန္ကူးသန္းေရာင္းဝယ္မႈေတြ ရွိပါတယ္။ BRICS အဖြဲ႕ရဲ႕စီးပြားေရးဖိုရမ္ေတြမွာပါဝင္ၿပီး ကြၽန္ေတာ္တို႔ၾကားကဆက္ဆံေရးကို ခ်ဲ႕ထြင္ဖို႔စိတ္အားထက္သန္ေနပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံရဲ႕တာလီဘန္အစိုးရကို ဘယ္ႏိုင္ငံကမွ တရားဝင္အသိအမွတ္မျပဳထားေပမယ့္လည္း တ႐ုတ္နဲ႔႐ုရွားတို႔အပါအဝင္ BRICS အဖြဲ႕တည္ေထာင္တဲ့ႏိုင္ငံေတြနဲ႔ တာလီဘန္အစိုးရရဲ႕ဆက္ဆံေရးေတြဟာ တျဖည္းျဖည္းတိုးျမင့္လာေနတယ္လို႔လည္း သိရပါတယ္။ မၾကာေသးခင္အခ်ိန္က တိုးခ်ဲ႕မႈေတြလုပ္ေဆာင္ခဲ့တဲ့ BRICS အဖြဲ႕ဟာ တာလီဘန္အစိုးရရဲ႕ ေျပာဆိုခ်က္ေတြကို လူသိရွင္ၾကားမွတ္ခ်က္ျပဳတုံ႔ျပန္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားႏိုင္ငံမွာ က်င္းပမယ့္ BRICS ဖိုရမ္ကို တက္ေရာက္ဖို႔ဖိတ္ၾကားခ်က္နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ ၎တို႔မွာဘာသတင္းအခ်က္အလက္မွမရွိေသးဘူးလို႔ အာဖဂန္နစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း ႐ုရွားနဲ႔တ႐ုတ္ ႏွစ္ႏိုင္ငံစလုံးဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ စီးပြားေရးစီမံကိန္းေတြ ရင္းႏွီးျမႇဳပ္ႏွံဖို႔နဲ႔ ISIS အၾကမ္းဖက္အဖြဲ႕ကို တိုက္ခိုက္ရာမွာ တာလီဘန္အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ ၎တို႔ရဲ႕အဆင့္သင့္ျဖစ္မႈေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.