တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်

 367

Pika (NP News) - စက်တင်ဘာ ၂၆

တရုတ်နိုင်ငံကို သတင်းစကားပေးပို့ဖို့ ကြိုးပမ်းမှုအနေနဲ့ စက်တင်ဘာလ (၂၅)ရက်နေ့မှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ထိုင်ဝမ်ရေလက် ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး Yomiuri သတင်းစာကရေးသားဖော်ပြခဲ့ပါတယ်။

စက်တင်ဘာလ(၂၅)ရက်နေ့မှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖျက် သင်္ဘော Sazanami ဟာ အရှေ့တရုတ်ပင်လယ်ကနေ ထိုင်ဝမ်ရေလက် ကြားကိုဝင်ရောက်ခဲ့ပြီး တောင်ဘက်ခြမ်းကို အချိန်(၁ဝ)နာရီကျော်ခန့်ဖြတ်သန်းသွားလာခဲ့တယ်လို့ ဂျပန်သတင်းစာ Yomiuri က စက်တင်ဘာလ (၂၆)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဂျပန်ဖျက်သင်္ဘော Sazanami ဟာ ဩစတြေးလျနဲ့နယူးဇီလန်နိုင်ငံတို့ရဲ့ ရေတပ်သင်္ဘောတွေနဲ့အတူ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့တာဖြစ်တယ်လို့ Yomiuri သ တင်းစာက ဖော်ပြခဲ့ပါတယ်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲဟာ အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းနဲ့ဂျပန်နိုင်ငံ အနီးတစ်ဝိုက်မှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတာဟာ ဂျပန်နိုင်ငံကို စိုးရိမ်ပူပန်မှုတွေမြင့်တက်လာစေခဲ့တယ်လို့လည်း သိရပါတယ်။ ဂျပန်အစိုးရဟာ တရုတ်ရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေကို ဟန့်တားဖိုအ့တွက် ရည်ရွယ်ထားတဲ့ ကာကွယ်ရေးဆိုင်ရာတည်ဆောက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ပြန်လည်လက်တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့နေ့မှာပဲ ဂျပန်ဖျက်သင်္ဘောရဲ့ ထိုင်ဝမ်ရေလက်ကြားကို ကင်းလှည့်မှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

zawgyi version
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ဂ်ပန္ေရတပ္က ထိုင္ဝမ္ေရလက္ၾကားကို ပထမဆုံးအႀကိမ္ ကင္းလွည့္မႈေတြျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၂၆

တ႐ုတ္ႏိုင္ငံကို သတင္းစကားေပးပို႔ဖို႔ ႀကိဳးပမ္းမႈအေနနဲ႔ စက္တင္ဘာလ (၂၅)ရက္ေန႔မွာ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ဟာ ထိုင္ဝမ္ေရလက္ ၾကားကို ပထမဆုံးအႀကိမ္ ကင္းလွည့္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ဂ်ပန္အစိုးရသတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Yomiuri သတင္းစာကေရးသားေဖာ္ျပခဲ့ပါတယ္။

စက္တင္ဘာလ(၂၅)ရက္ေန႔မွာ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ဖ်က္ သေဘၤာ Sazanami ဟာ အေရွ႕တ႐ုတ္ပင္လယ္ကေန ထိုင္ဝမ္ေရလက္ ၾကားကိုဝင္ေရာက္ခဲ့ၿပီး ေတာင္ဘက္ျခမ္းကို အခ်ိန္(၁ဝ)နာရီေက်ာ္ခန႔္ျဖတ္သန္းသြားလာခဲ့တယ္လို႔ ဂ်ပန္သတင္းစာ Yomiuri က စက္တင္ဘာလ (၂၆)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္ဖ်က္သေဘၤာ Sazanami ဟာ ဩစေၾတးလ်နဲ႔နယူးဇီလန္ႏိုင္ငံတို႔ရဲ႕ ေရတပ္သေဘၤာေတြနဲ႔အတူ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာခဲ့တာျဖစ္တယ္လို႔ Yomiuri သ တင္းစာက ေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲဟာ အဲဒီအစီရင္ခံစာနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ထိုင္ဝမ္ကြၽန္းနဲ႔ဂ်ပန္ႏိုင္ငံ အနီးတစ္ဝိုက္မွာ တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင့္လာတာဟာ ဂ်ပန္ႏိုင္ငံကို စိုးရိမ္ပူပန္မႈေတြျမင့္တက္လာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဂ်ပန္အစိုးရဟာ တ႐ုတ္ရဲ႕ စစ္ေရးအရ ဖိအားေပးမႈေတြကို ဟန႔္တားဖိုအ့တြက္ ရည္႐ြယ္ထားတဲ့ ကာကြယ္ေရးဆိုင္ရာတည္ေဆာက္မႈေတြကို လုပ္ေဆာင္ခဲ့ၿပီး ျပန္လည္လက္တုံ႔ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ပစိဖိတ္သမုဒၵရာအတြင္း တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ေန႔မွာပဲ ဂ်ပန္ဖ်က္သေဘၤာရဲ႕ ထိုင္ဝမ္ေရလက္ၾကားကို ကင္းလွည့္မႈထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဒီစမ္းသပ္ပစ္လႊတ္မႈဟာ ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.