အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ

 257

စော (NP News) - စက်တင်ဘာ ၂၆

အင်းလေးဒေသရေကြီးမှုသည် ဆယ်ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာကြောင်း ဒေသခံတစ်ဦးက NP News ကိုပြော သည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့သည် စက်တင်ဘာ ၉ ရက်မှစတင်ကာ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အင်းလေးဒေသတွင်မူ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများကျဆင်းလာမှုကြောင့် စက်တင်ဘာလ (၁၁)ရက်မှ (၁၈)ရက်အထိကာလအတွင်း လူခြောက်ဦးသေဆုံး၍ နှစ်ဦးမှာ ရေစီးဖြင့်မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။ သို့သော် လက်ရှိအချိန်အထိ လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။

“တော်တော်ကြာတယ်။ မြုပ်တဲ့နေ့ကနေစရင် အခုချိန်ထိကို (၃)ပေမပြည့်ဘူး။ မြုပ်တာက ၁၃ ရက်၊ ၁၄ ရက်လေ အဲဒါဆိုတော့ ဆယ်ရက်ကျော်ပြီ အဲဒါကို အခုချိန်ထိ ကျတာ (၃)ပေမပြည့်ဘူး။ တစ်ရက်ကို တစ်လက်မလောက်ပဲကျတယ်။ အခုရက်တွေမှာ မိုးပြန်ရွာလာလို့ ရေမကျဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ရေများမြင့်တက်နေမှုကြောင့် အင်းလေးဒေသတွင် သောက်သုံးရန်ရေနှင့် မီးသွေးကို အဓိက လိုအပ်လျက်ရှိနေကြောင်းသိရသည်။ ထို့ပြင် စက်လှေအခက်အခဲကြောင့် အလှူရှင်များသွားရောက်လှူဒါန်းရန် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

“ပြန်လည်ထူထောင်ရေးကျရင်‌တော့ ဝိုင်းပြီးလှူဖို့တော့ လိုတယ်။ အဲဒါလေးတော့ အကြံပြုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျက်စီးသွားတဲ့အိမ်တွေ အများကြီးဖြစ်သွားတာကို။ ရေကကျသွားပြီ တစ်တောင်လောက်တော့ ကျသွားပြီ”ဟု အင်းလေးဒေသသို့ သွားရောက်ကူညီခဲ့သူ ကိုကြည်သာက ပြော သည်။

အင်းလေးဒေသတွင် ရေကြီးမှုကြောင့် အိမ်ခြေ (၂၀,ဝဝဝ)ကျော် ရေဝင်ရောက်မှုများရှိခဲ့ပြီး ဒေသတွင်း ပရဟိတအဖွဲ့များ၊ နယ်ခံပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာ ပရဟိတအဖွဲ့များစုပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ ယခုအခါ ကယ်ဆယ်ရေစခန်း (၇)ခုဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ (၅၆၄၃)ဦးကို ကူညီကယ်ဆယ်ထားကာ လတ်တလောအနေဖြင့် ဆေးဝါးနှင့်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

zawgyi version
အင္းေလးေဒသေရႀကီးမႈ (၁ဝ)ရက္ေက်ာ္ၾကာျမင့္လာေသာ္လည္း (၃)ေပခန႔္သာ က်ဆင္းလာ
ေစာ (NP News) - စက္တင္ဘာ ၂၆

အင္းေလးေဒသေရႀကီးမႈသည္ ဆယ္ရက္ေက်ာ္ၾကာျမင့္လာေသာ္လည္း (၃)ေပခန႔္သာ က်ဆင္းလာေၾကာင္း ေဒသခံတစ္ဦးက NP News ကိုေျပာ သည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ၿပီးခဲ့သည္ စက္တင္ဘာ ၉ ရက္မွစတင္ကာ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္။ အင္းေလးေဒသတြင္မူ မိုးအဆက္မျပတ္႐ြာသြန္းၿပီး ေတာင္က်ေရမ်ားက်ဆင္းလာမႈေၾကာင့္ စက္တင္ဘာလ (၁၁)ရက္မွ (၁၈)ရက္အထိကာလအတြင္း လူေျခာက္ဦးေသဆုံး၍ ႏွစ္ဦးမွာ ေရစီးျဖင့္ေမ်ာပါ ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။ သို႔ေသာ္ လက္ရွိအခ်ိန္အထိ လူေနအိမ္မ်ား ေရနစ္ျမဳပ္လ်က္ရွိေၾကာင္းသိရသည္။

“ေတာ္ေတာ္ၾကာတယ္။ ျမဳပ္တဲ့ေန႔ကေနစရင္ အခုခ်ိန္ထိကို (၃)ေပမျပည့္ဘူး။ ျမဳပ္တာက ၁၃ ရက္၊ ၁၄ ရက္ေလ အဲဒါဆိုေတာ့ ဆယ္ရက္ေက်ာ္ၿပီ အဲဒါကို အခုခ်ိန္ထိ က်တာ (၃)ေပမျပည့္ဘူး။ တစ္ရက္ကို တစ္လက္မေလာက္ပဲက်တယ္။ အခုရက္ေတြမွာ မိုးျပန္႐ြာလာလို႔ ေရမက်ဘူး”ဟု ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိအခ်ိန္အထိ ေရမ်ားျမင့္တက္ေနမႈေၾကာင့္ အင္းေလးေဒသတြင္ ေသာက္သုံးရန္ေရႏွင့္ မီးေသြးကို အဓိက လိုအပ္လ်က္ရွိေနေၾကာင္းသိရသည္။ ထို႔ျပင္ စက္ေလွအခက္အခဲေၾကာင့္ အလႉရွင္မ်ားသြားေရာက္လႉဒါန္းရန္ အခက္အခဲမ်ားလည္း ရွိေနေၾကာင္း သိရသည္။

“ျပန္လည္ထူေထာင္ေရးက်ရင္‌ေတာ့ ဝိုင္းၿပီးလႉဖို႔ေတာ့ လိုတယ္။ အဲဒါေလးေတာ့ အႀကံျပဳခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပ်က္စီးသြားတဲ့အိမ္ေတြ အမ်ားႀကီးျဖစ္သြားတာကို။ ေရကက်သြားၿပီ တစ္ေတာင္ေလာက္ေတာ့ က်သြားၿပီ”ဟု အင္းေလးေဒသသို႔ သြားေရာက္ကူညီခဲ့သူ ကိုၾကည္သာက ေျပာ သည္။

အင္းေလးေဒသတြင္ ေရႀကီးမႈေၾကာင့္ အိမ္ေျခ (၂၀,ဝဝဝ)ေက်ာ္ ေရဝင္ေရာက္မႈမ်ားရွိခဲ့ၿပီး ေဒသတြင္း ပရဟိတအဖြဲ႕မ်ား၊ နယ္ခံပရဟိတအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာ ပရဟိတအဖြဲ႕မ်ားစုေပါင္းၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။ ယခုအခါ ကယ္ဆယ္ေရစခန္း (၇)ခုဖြင့္လွစ္ထားၿပီး ကယ္ဆယ္ေရးစခန္းမ်ားတြင္ လူဦးေရ (၅၆၄၃)ဦးကို ကူညီကယ္ဆယ္ထားကာ လတ္တေလာအေနျဖင့္ ေဆးဝါးႏွင့္ရိကၡာမ်ားလိုအပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.