ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ

 165

ချယ်ရီ (NP News) – စက်တင်ဘာ ၂၆

ပဲခူးတိုင်းမှ ရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေးတို့ကို ပြန် လည် ထူထောင်နိုင်ရန်အတွက် တိုင်းအစိုးရက ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ရေပြန်လည် ကျဆင်းစပြုလာပြီဖြစ်သောကြောင့် နေရပ်ပြန်သော ရေဘေးရှောင်ပြည်သူများလည်းရှိနေပြီဖြစ်ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၏အစီစဉ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

“ပျက်စီးသွားတဲ့ စပါး၊ နှမ်း၊ အခြားသီးနှံတွေ ပြန်လည်စိုက်ပျိုးဖို့ အဆင်မပြေခဲ့ရင်လည်း ပျက်စီးသွားတဲ့ ဒီဧကတွေဆီမှာ နွေသီးနှံတွေနဲ့ တိုးချဲ့ပြီးတော့ပေါ့နော်။ အစားထိုး ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဆောင် ရွက်ပေးနေပါတယ်။ ပြီးတော့ ပျက်စီးခဲ့တဲ့ ငါးကန်တွေ၊ သေကြေခဲ့တဲ့ ကျွဲနွားတိရစ္ဆာန်နဲ့စပ်လျဉ်းပြီးတော့လည်း မွေးမြူရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ မြေဩဇာများရရှိရေးအတွက်လည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ “နောက်တစ်ခါ ဒီလက်ရှိ ရေစီးရေလာကောင်းမွန်ရေးနဲ့ ရေစီးဆင်းမှု ရေထွက်ပေါက်တွေ၊ ရေနုတ်မြောင်းတွေ၊ ပြိုကျပျက်စီးသွားတဲ့ဟာတွေကိုလည်း အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင် ရွက်ပေးနေပါတယ်။ နစ်မြုပ်သွားတဲ့ ရေတွင်း၊ ရေကန်တွေကိုလည်း ပြန် လည်ဆည်ယူပြီးတော့ ကျန်းမာရေးအရ သောက်သုံးဖို့ ဆောင်ရွက်ပေးနေပါတယ်။ အခုလို တိုင်းဒေသကြီးအတွင်းမှာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ မကြုံစဖူးပေါ့ ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ ရေဘေးပေါ့နော်” ဟု ၎င်းက ဆိုသည်။

zawgyi version
ပဲခူးတိုင္းမွေရေဘးသင့္ျပည္သူမ်ား၏ စိုက္ပ်ိဳးေရး၊ ေမြးျမဴးေရး ျပန္လည္ ထူေထာင္ႏိုင္ရန္ တိုင္းအစိုးရက ေဆာင္႐ြက္ေန
ခ်ယ္ရီ (NP News) – စက္တင္ဘာ ၂၆

ပဲခူးတိုင္းမွ ေရေဘးသင့္ျပည္သူမ်ား၏ စိုက္ပ်ိဳးေရး၊ ေမြးျမဴးေရးတို႔ကို ျပန္ လည္ ထူေထာင္ႏိုင္ရန္အတြက္ တိုင္းအစိုးရက ေဆာင္႐ြက္ေနေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ေရျပန္လည္ က်ဆင္းစျပဳလာၿပီျဖစ္ေသာေၾကာင့္ ေနရပ္ျပန္ေသာ ေရေဘးေရွာင္ျပည္သူမ်ားလည္းရွိေနၿပီျဖစ္ကာ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ႏွင့္ တာဝန္ရွိသူမ်ား၏အစီစဥ္ျဖင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

“ပ်က္စီးသြားတဲ့ စပါး၊ ႏွမ္း၊ အျခားသီးႏွံေတြ ျပန္လည္စိုက္ပ်ိဳးဖို႔ အဆင္မေျပခဲ့ရင္လည္း ပ်က္စီးသြားတဲ့ ဒီဧကေတြဆီမွာ ေႏြသီးႏွံေတြနဲ႔ တိုးခ်ဲ႕ၿပီးေတာ့ေပါ့ေနာ္။ အစားထိုး ျဖည့္ဆည္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆာင္ ႐ြက္ေပးေနပါတယ္။ ၿပီးေတာ့ ပ်က္စီးခဲ့တဲ့ ငါးကန္ေတြ၊ ေသေၾကခဲ့တဲ့ ကြၽဲႏြားတိရစာၦန္နဲ႔စပ္လ်ဥ္းၿပီးေတာ့လည္း ေမြးျမဴေရးလုပ္ငန္းေတြကို ျပန္လည္ထူေထာင္ၿပီးေတာ့ ေဆာင္႐ြက္ေပးေနပါတယ္”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ထို႔ျပင္ စိုက္ပ်ိဳးေရးႏွင့္စပ္လ်ဥ္း၍ ေျမဩဇာမ်ားရရွိေရးအတြက္လည္းေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။ “ေနာက္တစ္ခါ ဒီလက္ရွိ ေရစီးေရလာေကာင္းမြန္ေရးနဲ႔ ေရစီးဆင္းမႈ ေရထြက္ေပါက္ေတြ၊ ေရႏုတ္ေျမာင္းေတြ၊ ၿပိဳက်ပ်က္စီးသြားတဲ့ဟာေတြကိုလည္း အျမန္ဆုံး ျပန္လည္ျပဳျပင္ေဆာင္ ႐ြက္ေပးေနပါတယ္။ နစ္ျမဳပ္သြားတဲ့ ေရတြင္း၊ ေရကန္ေတြကိုလည္း ျပန္ လည္ဆည္ယူၿပီးေတာ့ က်န္းမာေရးအရ ေသာက္သုံးဖို႔ ေဆာင္႐ြက္ေပးေနပါတယ္။ အခုလို တိုင္းေဒသႀကီးအတြင္းမွာ ႏွစ္ေပါင္း ၁၀၀ အတြင္းမွာ မႀကဳံစဖူးေပါ့ ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရတဲ့ ေရေဘးေပါ့ေနာ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.