ကျိုက်ထို၌ USDP ပါတီဝင်(၂)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 526

NP News - စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ပါတီဝင် သားအဖနှစ်ဦး စက်တင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှသိရသည်။

“ဟုတ်တယ်ဗျ။ မုက္ခမူရွာက USDP ပါတီဝင် သားအဖပါ။ မနေ့က သဂြိုဟ်လိုက်တယ်”ဟု လူမှုရေးအဖွဲ့ဝင်တစ်ဦးက NP News သို့ ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူနှစ်ဦးသည် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ ရပ်ကျေးအတွင်းရေးမှူး ဦးမြင့်အောင် နှင့် USDP ၏ လူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင်(ခ)မကေတို့ဖြစ်ကြောင်း သိရသည်။ ဖြစ်စဥ်မှာ ဆိုင်ကယ်နှစ်စီးဖြင့်လာသည့် လက်နက်ကိုင်လေးဦးက သေနတ်များဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင်လေးဦးက ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာက USDP ပါတီရဲ့ ရပ်ကျေးအတွင်းရေးမှူး ဦးမြင့်အောင်ရဲ့နေအိမ်ကိုလာပြီး ပစ်သွားတာ။ ပစ်ခတ်ခံရလို့ ဦးမြင့်အောင်နဲ့ သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတာ” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ၌ PDF အဖွဲ့ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်သတ်ဖြတ်နေမှုများကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံသားဦးရေမှာ (၈၀ဝဝ) ဝန်းကျင်အထိရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်းမှာ (၈၀)ဝန်းကျင်ထက် မနည်းရှိနေပြီဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
က်ိဳက္ထို၌ USDP ပါတီဝင္(၂)ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - စက္တင္ဘာ ၂၆

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ(USDP) ပါတီဝင္ သားအဖႏွစ္ဦး စက္တင္ဘာ ၂၃ ရက္၊ နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခံရေၾကာင္း ေဒသခံလူမႈေရးအဖြဲ႕မ်ားထံမွသိရသည္။

“ဟုတ္တယ္ဗ်။ မုကၡမူ႐ြာက USDP ပါတီဝင္ သားအဖပါ။ မေန႔က သၿဂိဳဟ္လိုက္တယ္”ဟု လူမႈေရးအဖြဲ႕ဝင္တစ္ဦးက NP News သို႔ ေျပာသည္။

ေသနတ္ျဖင့္ပစ္သတ္ခံရသူႏွစ္ဦးသည္ က်ိဳက္ထိုၿမိဳ႕နယ္၊ မုကၡမူေက်း႐ြာမွ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ(USDP)၏ ရပ္ေက်းအတြင္းေရးမႉး ဦးျမင့္ေအာင္ ႏွင့္ USDP ၏ လူငယ္ေရးရာအဖြဲ႕ဝင္ မဝင္းႏုခိုင္(ခ)မေကတို႔ျဖစ္ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ ဆိုင္ကယ္ႏွစ္စီးျဖင့္လာသည့္ လက္နက္ကိုင္ေလးဦးက ေသနတ္မ်ားျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္နက္ကိုင္ေလးဦးက က်ိဳက္ထိုၿမိဳ႕နယ္၊ မုကၡမူေက်း႐ြာက USDP ပါတီရဲ႕ ရပ္ေက်းအတြင္းေရးမႉး ဦးျမင့္ေအာင္ရဲ႕ေနအိမ္ကိုလာၿပီး ပစ္သြားတာ။ ပစ္ခတ္ခံရလို႔ ဦးျမင့္ေအာင္နဲ႔ သမီးျဖစ္သူ မဝင္းႏုခိုင္(ခ)မေကတို႔မွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားတာ” ဟု ေဒသခံတစ္ဦးထံမွ သိရသည္။

ျမန္မာႏိုင္ငံ၌ PDF အဖြဲ႕ အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက အၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားေၾကာင့္ ေသဆုံးခဲ့ရသည့္ ႏိုင္ငံသားဦးေရမွာ (၈၀ဝဝ) ဝန္းက်င္အထိရွိလာၿပီျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ လူ(၃)ဦးႏွင့္အထက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္ေပါင္းမွာ (၈၀)ဝန္းက်င္ထက္ မနည္းရွိေနၿပီျဖစ္ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.