ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့မျှော်ကြည့်ခြင်း

 1753

ဒေါက်တာအေးမောင် (NP News) - စက်တင်ဘာ ၂၇

စစ်ဆင်ရေး (၁၀၂၇) (ဒုတိယလှိုင်း)၏ နိဂုံးနှင့် (တတိယလှိုင်း)ရှမ်း-မန်းစစ်ဆင်ရေး ပျက်ပြယ်ခြင်း
၂၂။ မြောက်ပိုင်း(၃)ဖွဲ့၏ စစ်ဆင်ရေး (၁၀၂၇ ဒုတိယ လှိုင်း)သည် NUG ၊ PDFs တို့၏ စစ်ဆင်ရေး ဖြစ်သော(ရှမ်း-မန်း) တစ်နည်း (၁၀၂၇ တတိယလှိုင်း)နှင့်ဆက်စပ်နိုင်မှသာ စစ်ဆင်ရေးကြီး တစ်ခုလုံး၏ အဂ္ဂမဟာဗျူဟာသည် အောင်မြင်နိုင် မည်ဖြစ်၏။ (၁၀၂၇ ပထမလှိုင်း) သည် နစက၏တပ်ရင်း၊ တပ်ဖွဲ့၊ ဗျူဟာ၊ တပ်မများကို အငိုက်မိ စေခဲ့၏။ သာလွန်သော နည်းပညာ၊ စုဖွဲ့မှု၊ နည်းဗျူ ဟာမြောက်လက် နက်များ၊ ကြိုတင်အသွင်ယူ စစ်ဆင်ရေး လေ့ကျင့်မှုများတို့ဖြင့် အချိန်တိုအတွင်း မြန်မာ့ တပ်မတော်ကို အငိုက်မိစေကာ နယ်မြေများစွာကို အရယူသိမ်းပိုက်နိုင်ခဲ့၏။

(၁၀၂၇ ဒုတိယလှိုင်း)သည် မြေပြန့်လွင်ပြင် ရောက်သည်နှင့် (တတိယလှိုင်း)ဖြစ်သော (ရှမ်း-မန်း) အဖြစ် အသွင်မပြောင်းမီ ရပ်တန့်ပြိုပျက်သွားနိုင်ခြေ ပိုများ၏။ ကုန်းမြင့်ဒေသအခြေပြုထိုးစစ်သည် မတူကွဲပြားသည့် မြေပြန့်လွင်ပြင်အညာဒေသ၌ နိဂုံး ချုပ်ရဖွယ်ရှိ၏။ မြေပြန့်လွင်ပြင်အညာဒေသတွင် ကြည်းတပ်သည် တင့်ကား၊ သံချပ်ကာယာဉ်၊ မစ်ဇိုင်း တင်ယန္တရားကြီးများနှင့်အတူ လေကြောင်း အုပ်ဖွဲ့ ချီ ထိုးစစ်ကြီးတို့ဖြင့် (၁၀၂၇ တတိယလှိုင်း )ထိုးစစ်ကို ဟန်ချက်ညီညီ ဟန့်တားနိုင်ခြေပိုရှိသလို (ဒုတိယ လှိုင်း)၏ မြားဦးကိုရိုက်ချိုးမှုသည် တောင်ပေါ်ဒေသ နောင်ချို၊ ကျောက်မဲ၊ လားရှိုးတို့၌ ယခုကာလကပင် စတင်နေပြီဟု သုံးသပ်မိရ၍ဖြစ်၏။ ထို့ပြင် ရှမ်း မြောက်မှသည် မန္တလေးအထိ ရှည်လျားကျယ်ဝန်းသော စစ်ဆင်ရေးထောက်ပို့လမ်းကြောင်းကို လက်ရှိ မည်သည့်လက်နက်ကိုင်အဖွဲ့မှ နိုင်ငံကြီးများ၏ ငွေကြေး၊ လက်နက်၊ နည်းပညာ၊ လူအင်အား အကူအညီ မရဘဲ ရေရှည်စစ်ဆင်နွှဲရန် လုံးဝမဖြစ်နိုင်၍ဖြစ်၏။ နေလာနှင်းပျောက်သလို ရေရှည်စစ်၌ နစက၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ချီနှိမ်နင်းမှုကို လက် နက်ကိုင်အဖွဲ့များသည် အပြင်းထန်ဆုံးခံရနိုင်ခြေပို များ၏။

ထို့ပြင် စစ်ဒဏ်ခံ မြို့ပျက်မြင်ကွင်းများ၊ မြို့ပျက် အိမ်ပျက်ကြား ခိုးဝှက်လုယူနေကြပုံများ၊ ထိန်း ချုပ် နယ်မြေ၌ လက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ်ရေး ယန္တရား မပီပြင်မှုများ၊အချင်းချင်းနယ်မြေလု နေ ကြပုံများနှင့် မြို့ပြအုပ်ချုပ်ရေးအာဏာကို အဖွဲ့ချင်း အပြိုင်လုနေကြမှုမြင်ကွင်းနှင့် သတင်းတို့သည် စစ်ဒဏ်သင့်ဒေသနေလူထုအပြင် စစ်ဒဏ်ကင်းဒေသ နေ ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှုကိုပါ ရိုက် ချိုးသလိုဖြစ်စေခဲ့ပြီဖြစ်သည်ကိုတွေ့ရ၏။ စစ်ပွဲဒေ သ၏ ပြင်ပနိုင်ငံခြားရောက်မိသားစုများ၊ နိုင်ငံခြား ရောက်အလုပ်သမားများမှလွဲ၍ လူထုထောက်ခံမှု အလျော့နည်းဆုံးအခြေအနေနှင့် အချိန်အခါ ဖြစ်သည်ဟု သုံးသပ်နိုင်၏။ အောက်ပါ ဖြစ်ပြီး၊ ဖြစ်ဆဲနှင့် ဖြစ်လတ္တံ့သောဖြစ်စဉ်အကြောင်းအရာ၊ ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်ကာ အထက်ပါကောက်ချက်များ ကိုချရခြင်းလည်းဖြစ်၏။
(က) ပထဝီနိုင်ငံရေး၏ အလှုပ်အခတ်သည်ကြီး၏။ ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်သည် လစ်ဘရယ်ဒီမိုကရေစီ၏ ခြေရှုပ်မှု၊ အထိုးအခုတ်ဖြစ်၏။ နိုင်ငံရေးမတည်ငြိမ် သော လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးတည်ငြိမ် သော ဆိုရှယ်ဒီမိုကရေစီတို့၏ ထိပ်တိုက်တွေ့မှုတို့ ဖြစ်၏။ Mr. Wang Yi ခရီးစဉ်သည် တရုတ်၏ အိမ်နီးချင်း မြန်မာကို ထိုကဲ့သို့ အလှုပ်အခတ်မခံနိုင် ကြောင်း သွယ်ဝိုက်မနေတော့ဘဲ တိုက်ရိုက်ဖော်ပြ ကာ လုံခြုံမှုစည်းရိုးကာပေးသည့် လက်ဦးမှုယူ ခရီးစဉ်ဟု ပြော၍ရ၏။ အမေရိကန် လစ်ဘရယ် ဒီမို ကရက် တို့၏ အင်ဒို-ပစိဖိတ်အရွေ့၊ ထိုင်ဝမ်တည်ကြက်နှင့်အတူ ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်တို့သည် အမေရိ ကန်၏ China Containment Policy ၏ ဗျူဟာမြောက်ရိုက်ခတ်မှု ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပေါ်၌တည်ရှိ သောမြန်မာသည် အခရာကျသလို ရခိုင်ဒေသ ကျောက်ဖြူသည် BRI ၏ Choke Point လည်း ဖြစ်၏။

(ခ) တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရားမဝင် နယ်စပ်ကုန်သွယ်မှုဂိတ်မျိုးစုံသည် အထူးကိုယ်စား လှယ် Mr. Deng Xijun ၏ ဩဂုတ်လ (၈) ရက်နေ့ ခရီးစဉ်နှင့် Mr. Wang Yi ၏ ဩဂုတ်လ (၁၄-၁၅) ရက်အထိ ခရီးစဉ်ပြီးနောက် နှစ်နိုင်ငံတရားဝင် နယ် စပ်ကုန်သွယ်ရေးဂိတ်များမှလွဲ၍ ပိတ်သွားနိုင်ခြေပို များ၏။ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကင်းရှင်းအောင် နှစ်နိုင်ငံလုံခြုံရေးအဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု များသည်လည်း ပိုများလာနိုင်ခြေရှိ၏။ မူးယစ်ဆေးဝါး၊ ကျားဖျန့်၊ တရားမဝင်ကုန်စည်ကူးသန်းမှုနှင့် ရာဇ ဝတ်သားများအပေါ် အဓိကဦးတည်နိုင်၏။ သို့ဖြင့် တရားမဝင်ဂိတ်များပိတ်ခြင်း၏ အကျိုးဆက်အဖြစ် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ အဓိက ထောက်ပို့လမ်းကြောင်းသည် များစွာထိခိုက်ကာ ရေရှည် စစ်၌ရပ်တည်ရန် ခက်ခဲနိုင်ခြေပိုများ၏။

(ဂ) စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)၌ တစ်ဖွဲ့ ချင်း၏ စစ်ဆင်ရေးဦးတည်ချက်အတိုင်း သီးခြားစီ ထိုးစစ်ဆင်ခဲ့ကြသည့် မြောက်ပိုင်း(၃)ဖွဲ့သည် (ပထမလှိုင်း)ထက် အထိအခိုက်အကျအဆုံးများခဲ့ကြ သည်ဟု ယူဆ၍ရ၏။ အငိုက်မိခဲ့သည့် (ပထမလှိုင်း) ထက် နစကသည် ခံစစ်ကြောင်းကို ပိုမိုပြင်ဆင်နိုင် ခဲ့ ပုံရ၏။ ကြည်းတပ်သည် လေတပ်နှင့်ဟန်ချက်ညီစွာ ညှိနှိုင်းထိုးစစ်ဆင်နိုင်ခဲ့ပုံလည်းပေါ်၏။ နည်းတူ မြောက်ပိုင်း(၃)ဖွဲ့သည် တစ်ဖက် နစက တပ်ဖွဲ့များ၏ စစ်သည်များ စိတ်ဓာတ်ယိုင်နဲ့အောင် ယုတ္တိမဲ့ ဝါဒဖြန့် PSY WAR ကို ကိုယ်တိုင်တိုက်ရိုက်သော်လည်း ကောင်း၊ထိန်းချုပ်မီဒီယာများမှသော် လည်း ကောင်း တွင်ကျယ်စွာဖြင့်(ပထမလှိုင်း)မှသည် (ဒုတိယလှိုင်း) အထိ သုံးနိုင်ခဲ့ကြသော်လည်း မြန်မာ့ တပ်မတော်သည် နိုင်ငံတော်အား ကိုယ်စားပြုသဖြင့် ဂုဏ်သိက္ခာအရ ဖက်ပြိုင်တုံ့ပြန်နိုင်ခဲ့ပုံမရသလို တုံ့ပြန်နိုင်ခြေလည်း နည်း၏။

(ဃ) လားရှိုး(ရမခ)သိမ်းပိုက်ရေးထိုးစစ်၌ သောင်းချီ ကျဆုံးမှုနှင့်အတူ ထောင်ချီထိခိုက်နိုင်ဖွယ်ရှိသည့် MNDAA နှင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ ထိုးစစ် တွင် ကျဆုံးမှုနှင့်အတူ ထောင်ချီထိခိုက်နိုင်ဖွယ်ရှိ သည့် TNLA တို့သည် ထိခိုက်လူနာများကို နောက် တန်းရှိ သိန္နီနှင့်ကွတ်ခိုင်မြို့များ၌ ကုသဖွယ်ရှိ၏။ ထောက် ပို့လုပ်ငန်းအတွက်လည်း စုရုံးကြဖွယ်ရှိရာ နစက၏ လေကြောင်းချီထိုးစစ်တွင် သိန္နီနှင့် ကွတ်ခိုင် မြို့၏ သတ်မှတ် နေရာသို့ ဗုံးကြဲမှုကြောင့် ထိခိုက်မှုများ ခဲ့ပုံရ၏။ သို့ဖြင့် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၈) ရက် နေ့ Mr. Deng Xijun ၏ နေပြည်တော်ခရီးစဉ်အမီ ထုတ်ပြန်ချက်၌ “နစကအစိုးရက အပြစ်မဲ့ ပြည်သူများကို ဗုံးကြဲခြင်း ရပ်တန့်ရန်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရသို့ အလေးအနက်ထားတောင်းဆိုမှု” သည် အချိန်ကိုက်ဖြစ်ရာ ထူးခြား၏။ သို့ဖြင့် (၁၀၂၇ ဒုတိယလှိုင်း)၏ထိုးစစ်သည် MNDAA၊ TNLA နယ်မြေ အတွင်း ၌ ရပ်တန့်နေပုံရ၏။

(င) Mr. Deng Xijun ၏ခရီးစဉ်နှင့်အပြိုင် တရုတ်-မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိသည့် မူဆယ်နယ်စပ်ကုန်သွယ်မှုမြို့ကို သိမ်းပိုက် မည်ဟုခြိမ်းခြောက်ခြင်း၊ ယခင် တပ်မ (၉၉) တပ်မ မှူးနှင့် ရမခ တိုင်းမှူး(ခန့်ထား)ကို လက်နက်ချရေး ဖိအားပေးခြင်း၊ မူဆယ်မြို့ကို ဝိုင်းပတ်ထားသည့် နေ ရာစုံမှ သေနတ်သံများဖြင့် စစ်မြှူခြင်း၊ လားရှိုးမြို့တွင်း သို့ တန့်ယန်းမြို့မှ ဝ တောင်ပိုင်းတပ်များ ဒုတိယအ ကြိမ် စစ်သည်အင်အားရာချီ အင်အားဖြည့်ခြင်းတို့သည် လာရှိုးမြို့ကိုကာကွယ်ခြင်းလား၊ ပန်လုံနှင့် ဟိုပန်ကဲ့သို့ လွှဲယူရန်အစီအစဉ်လား၊ လားရှိုးစစ်ဆင် ရေး၌ အသွင်တူဖြင့် စစ်ကူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မည်မျှပါဝင်ခဲ့ပြီး၊ မည်မျှသေဆုံးခဲ့ရ သည်ကို ဖုံးကွယ်လို၍လား၊ စိစစ်လို၍လား ဟူသော ဒွိဟပါသည့်မေးခွန်းတို့ကိုလည်း အပြိုင်ကြားကြရ၏။ သို့သော် နစက၏ NSPNC မတက် ရောက်ခဲ့သည့် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ ကူမင်း၌ Mr. Deng Xijun နှင့် မြောက်ပိုင်း (၃) ဖွဲ့တွေ့သည့်သတင်းနှင့် သူ၏ နေပြည်တော်ခရီးစဉ် ဩဂုတ်လ (၈) ရက်နေ့မတိုင်မီ FPNCC အဖွဲ့ဝင်များ နှင့် တွေ့ခဲ့သည့်သတင်းတို့သည် သူ၏ ဩဂုတ်လ (၈) ရက်နေ့ ခရီးစဉ်အပေါ် ပို၍အဓိပ္ပာယ် ပြည့်ဝစေ မည်ဖြစ်ရာ ကျယ်ပြန့်စွာ အတွေးနယ်ချဲ့နိုင်ကြဖွယ်ဖြစ်၏။

(စ) ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၏ ခရီးစဉ်ရလဒ်များသည်လည်းကောင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း တပ်တော်၏ တယ်ဟုန်တိုင်း (ရွှေလီ)၌ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ အသွင်ယူ စစ်ရေးလေ့ကျင့်မှုကို ကျည်အစစ်ဖြင့် ပစ်ခတ် လေ့ကျင့်မှု၊ လေကြောင်းရန်ကာကွယ်မှု၊ စစ်ဆင် စစ်ထိုးမှု၏ပုံရိပ်များသည်လည်းကောင်း မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေးကို တရုတ်အစိုးရသည် မည်မျှလိုလားကြောင်းနှင့် ချမှတ်ထားပြီး ဖြစ်သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော စည်းကြီး (၃)ရပ်ကို စတင်အကောင်အထည်ဖော်သည့် ပထမ ခြေလှမ်း လည်းဖြစ်ပုံရ၏။

(ဆ) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် Mr. Wang Yi၏ နေပြည်တော်ခရီးစဉ်နှင့်အပြိုင် အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ Mr. Jake Sullivan သည် ဩဂုတ် လ (၁၅) ရက်နေ့၌ NUG မှ တာဝန်ရှိသူများ K3C တို့မှတာဝန်ရှိသူများနှင့် Zoom Meeting မှတစ်ဆင့် တွေ့ဆုံပြီး Burma Act ၊ NDAA fund နှင့် ဆက်နွှယ်သည့် ကိစ္စများဆွေးနွေးခြင်းသတင်းသည် မြန်မာ့ နိုင်ငံရေးစစ်ရေး၌ အမေရိကန်၏ တိုက်ရိုက် စွက်ဖက်မှုကို ထင်ရှားစွာပြသပြီး နစက၏ဆန့်ကျင်ဘက် အင်အားစုအပေါ်ထောက်ခံကြောင်း မြန်မာပြည်သူသို့ သိစေလိုပုံရ၏။ ယင်းနောက် Mr. Wang Yi သည် ကုလသမဂ္ဂ၏ မြန်နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Julie Bishop နှင့် ဩဂုတ်လ (၂၀) ရက်နေ့ တွင် Beijing ၌ မြန်မာ့အရေးတွေ့ဆုံ ဆွေးနွေးကြခြင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mrs. Marsudi ၏ Mr. Wang Yi နှင့်တွေ့ဆုံရန် Beijing ခရီးစဉ်သတင်းတို့ကို ကြားရပြန်၏။ Mr. Jake Sullivan သည် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၇) ရက် မှ (၂၉) နေ့အထိ ခရီးစဉ်ဖြင့် Beijing သို့ရောက်ရှိပြီး အဆိုပါနေ့တွင် ပင် Mr. Wang Yi နှင့်တွေ့ဆုံခဲ့သလို၊ သမ္မတကြီး Mr. Xi jinping နှင့် တွေ့ဆုံမှုတို့တွင်လည်း မြန်မာ့ အရေးသည် တစ်စိတ် တစ်ပိုင်းပါဖွယ်ရှိရာ နိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေး ဆက်ကြောင်းအပေါ် မည်မျှ အာရုံဖြန့်ကြက်သည်ကို သုံးသပ်နိုင်ကြမည်ဖြစ်၏။

(ဇ) AA ၏မောင်တောမြို့ ထိုးစစ်သတင်းနှင့်အတူ ဘင်္ဂါလီအရေးလှုပ်ရှားသည့်အဖွဲ့ (၂၈) ဖွဲ့နှင့် အရပ် ဘက်အဖွဲ့အစည်း (၁၁၅)ဖွဲ့တို့က (၂၀၂၄) ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့တွင် “ AA အဖွဲ့၏ တိုက်ခိုက်မှု ကြောင့် ဘင်္ဂါလီ (၂၀ဝဝ)ကျော်သေဆုံးခဲ့ရ ကြောင်းနှင့် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များ ဆက်လက်ကျူးလွန်ပါက နိုင်ငံတကာအနေဖြင့် AA အဖွဲ့ကို ပိတ်ဆို့မှုများချမှတ်မှုကို စဉ်းစား ပေး ရန်” တောင်းဆိုသည့်ထုတ်ပြန်ချက်သည်လည်းကောင်း၊ သံတွဲမြို့ သဗြုချိုင်ရှိ မော်ရွှေလေး ရေတပ် စခန်း သိမ်းပိုက်ပြီးဖြစ်ကြောင်းနှင့် မောင်တောကို သိမ်းပိုက်ရရှိပြီဟု ထိန်းချုပ်မီဒီယာများမှ မမှန် သတင်းဖြင့် ဝါဒဖြန့်ရေးသားချက်တို့သည်လည်း ကောင်း၊ ရခိုင်ဒေသ၌ AA ၏ ထိုးစစ်အခြေအနေ ရပ်တန့်နေပြီဖြစ်သည်ကို သုံးသပ်နိုင်၏။ နစကသည် ပြင်းထန်ပြီး ပြည့်စုံသည့် ရခိုင်ဒေသ ထိုးစစ်ကြီး တစ်ရပ်အတွက် မာန်အောင်ကျွန်း အခြေပြုစုဖွဲ့မှုနှင့် စစ်တွေအခြေပြု တုံ့ပြန်ထိုးစစ်သတင်းတို့၏လားရာ သည် ရခိုင်ဒေသ၌လည်း AA ၏ထိုးစစ် (၁၀၂၇ ဒုတိယလှိုင်း)သည် ရပ်တန့်နေပြီဖြစ်သည်ဟု သုံးသပ် ကြရဖွယ်ဖြစ်၏။

(ဈ) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၉) ရက်စွဲဖြင့် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီမှ ထုတ်ပြန်ချက် သည် မြန်မာတအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို တိုက်ရိုက်ရည်ညွှန်း၏။ တိုက်ပွဲ များကို ချက်ချင်းရပ်တန့်ကာ တရုတ်-မြန်မာ နယ်စပ်တည် ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရန်၊ မဟုတ်ပါ က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများ ကို ပိုမိုလုပ်ဆောင်မည်ဟု ပါသည့် ထုတ်ပြန်ချက်စာ တစ်စောင်ကိုဖတ်ကြရ၏။ အဆိုပါ ထုတ်ပြန်စာသည် အစစ်ဖြစ်နိုင်ခြေနည်း၏။ နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို လေးစားစောင့်ထိန်းသည့် တရုတ် နိုင်ငံသည် ဤကဲ့သို့စာမျိုးကို မည်သည့်နည်းနှင့်မျှ ထုတ်ပြန်ဖွယ်မရှိပေ။ ရုံးတံဆိပ်တုံး မပါသကဲ့သို့ ရေးသားပုံသည်လည်း နိုင်ငံတော်အဆင့် ရုံးစာမဟုတ်သည်ကိုတွေ့ရ၏။

သို့သော်လည်း TNLA သည် ထိုစာအပေါ်၌ အရေးတယူ စည်းဝေးခြင်းပြု၏။ NUCC သည် TNLA သို့ထုတ်ပြန်သည့်စာအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဩဂုတ်လ (၃၁)ရက်နေ့ သဘောထားထုတ်ပြန် ချက်မှာ ထူးခြား၏။ TNLA သိမ်းပိုက်ထားသည့် နယ်မြေအားလုံးသည် CNPC ရေနံနှင့် သဘာဝ ဓာတ် ငွေ့ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် ထူးခြားစွာတည်ရှိနေ၏။ ဤထုတ်ပြန်ချက်ကို TNLA သည် မည်သည့်အဖွဲ့အစည်းက ထုတ်ပြန်သည်ကိုသိ၏။ သူတို့အပေါ် မည်မျှတုံ့ပြန်နိုင်သည်ကို ခန့်မှန်းမိပုံရ ၏။ အဆိပ်ပြင်းပုံရသလို စကားနောက် ဓားပါပုံလည်းရ၏။ တရားပါပုံလည်းရ၏။ မည်သို့ပင် ဆိုပါစေ အတုနှင့်အစစ်သည် ပြဿနာမဟုတ်သော်လည်း စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)သည် ရှေ့ဆက် ရန်ခက်ခဲ့သည့် အကြောင်းတရားများစွာအနက် မှ အကြောင်းရင်းတစ်ခုအဖြစ် တာဝန်ရှိ အဖွဲ့အစည်း များကိုယ်တိုင် သုံးသပ်မိကြပုံရ၏။ (၁၀၂၇ တတိယ လှိုင်း) ရှမ်း-မန်း စစ်ဆင်ရေးသည် ရုပ်လုံးပေါ်လာ ဖွယ် မမြင်သလို (ဒုတိယလှိုင်း)ကိုနိဂုံးချုပ်စေမည့် အချက်များစွာအနက်မှ အဓိကပင်မ အချက်ဖြစ်ဖွယ် ရှိ၏။(ည)နည်းတူ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မ တီမှထုတ်ပြန်ချက်ထွက်ပြီးနောက် ယူနန်ပြည်နယ် ထိန်ချုံးမြို့၌ မြောက်ပိုင်းလက်နက် ကိုင်(၄)ဖွဲ့ဖြစ်သော UWSA၊ KIA၊ MNDAA၊ TNLA တို့နှင့် Mr. Deng Xijun ၏ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်ဖွဲ့ချင်းစီနှင့်တွေ့ဆုံ မှုပြုခဲ့သည့်သတင်းသည်လည်း PLA ၏ တောင် ပိုင်းစစ်နယ်ဝန်း၌ အသွင်ယူစစ်ရေးလေ့ကျင့်မှုသတင်း နှင့်အပြိုင် ထွက်ပေါ်လာ၏။ KIA မှ ဒုတိယ ဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင်ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ သည်ဟုလည်း KIA ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု၏။ အထက်ပါဖြစ်စဉ်များသည် Mr. Wang Yi ခရီးစဉ် ၏ရလဒ်များအဖြစ် ကျယ်ပြန့်စွာ ဆက်စပ် သုံးသပ်ပါက ရှမ်းမြောက် (အရှေ့မြောက်ဒေသ) စစ်ရေးနိုင်ငံ ရေး အခြေအနေ၏လားရာသည် ပိုမိုကောင်း မွန်သည့်ဘက်သို့ ဦးတည်နေပြီဖြစ်သည်ဟု သုံးသပ် ၍ရ၏။

ရှမ်းမြောက်(အရှေ့မြောက်ဒေသ)စစ်ဆင်ရေးမှသည် မြန်မာ့နိုင်ငံရေးကိုရှေ့သို့မျှော်ကြည့်ခြင်း
၂၃။ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ တွင်စခဲ့သည့် မြောက်ပိုင်း(၃)ဖွဲ့၏စစ်ဆင်ရေး (၁၀၂၇)သည် အရှိန်အဟုန်ပြင်းစွာဖြင့် မြန်မာနိုင်ငံ အပေါ်ရိုက်ခတ်ခဲ့၏။ ဖြေရှင်းရခက်ခဲသည့် မြန်မာ့ စစ်ရေး၊ နိုင်ငံရေးပဋိက္ခအပေါ် ထပ်ဆင့်ထိုးနှက်မှုပြု၏။ အကျိုးသည် အကြောင်းကြောင့်ဖြစ်၏။ အ ကြောင်းအရင်းကိုရှာဖွေကာ အကျိုးရလဒ်ကိုရနိုင်မည့်ဖြေရှင်းမှုသည် လိုအပ်၏။

စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း)နှင့် (၂၀၂၄) ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင်စသည့် ( ဒုတိယ လှိုင်း) တို့၏ပြင်းအားသည် တရုတ်-မြန်မာနယ်စပ်မှ အိန္ဒိ ယ-မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၊ လာအို-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တို့အ ထိရိုက်ခတ်၏။ အိမ်နီးပါးချင်းနိုင်ငံများက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန် ဝိုင်းဝန်းကူညီမှဖြစ်မည့် စစ်ရေးနိုင်ငံရေး အရွေ့ခပ် ကြမ်းကြမ်းကိုသုံးသပ်မိကြပုံရသလို နိုင်ငံကြီးတစ်ခု၏ ဝင်ရောက်စွက်ဖက်မှုမှတစ်ဆင့် ဒိုမီနို သီအိုရီ ကဲ့သို့ တစ်နိုင်ငံပြီး တစ်နိုင်ငံယိုင်လဲသွားမည်ကို နမူနာအဖြစ် ထင်ရှားစွာမြင်တွေ့ခဲ့ကြပြီဖြစ်ရာ အချင်းချင်း စည်းလုံးမှု ယုံကြည်မှုပိုမိုရှိနေကြရမည့်ကာလဟု သုံးသပ်ပုံရ၏။ ပြည်တွင်းလက်နက်ကိုင် အဖွဲ့ကြီးများကလည်း အိမ်နီးချင်းနိုင်ငံကြီးများနှင့်အတူ ဦးတည်ချက်တူလာကြပုံရ၏။ အောက်ပါ အချက်တို့သည် မြန်မာ့နိုင်ငံရေး၏ ရှေ့သို့ရွေ့စပြုနေသည့် ကောင်းမွန်သော အနာဂတ်လားရာ များ ဖြစ်ရာ ကျွန်ုပ်တို့ လက်ကမ်းကြိုဆိုသင့်သလို ပူးပေါင်းပါဝင် အတူလက်တွဲ တည်ဆောက်သင့်သည်ဟု မှတ်ချက်ပြုလို၏။
(က) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၀) ရက် ကချင် အာဇာနည်နေ့မိန့်ခွန်းတွင် FPNCC ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သော KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က “ နိုင်ငံရေးဆွေးနွေးမှုရောင်ခြည် ပြန်ရှိလာနိုင်ခြေ” ကိုဖွင့်ဟသည်ဟုကြားရခြင်းသည် အပေါင်း လက္ခဏာဆောင်၏။ သူက “နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးလာဖို့အတွက်၊ နိုင်ငံရေးတည်ငြိမ်ရမှာဖြစ်ပြီး၊ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးမှုရှိလာခဲ့ရင်၊ တိုင်ပင် ဆွေးနွေးတဲ့နည်းလမ်းနှင့်လည်း လုပ်ဆောင်လာမှာ ဖြစ်” ဟုပြောခဲ့သည့်သတင်းကိုကြားရရာ ကြိုဆိုအပ် ဖွယ်ဖြစ်၏။

(ခ) NSPNC နှင့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့ (၁၆) ပါတီတို့ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၁) ရက်မှ (၂၃) ရက်နေ့အထိ ဆွေးနွေးပွဲများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းများ၊ လာမည့် (၂၀၂၅) ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိစ္စရပ်တို့ပါသည်ဖြစ်ရာ NSPNC၊ 7-EAOs Allia­nce နှင့် နိုင်ငံရေးပါတီတို့သည် သမားရိုးကျဆွေး နွေးပွဲလမ်းကြောင်းမှဖောက်ထွက်ပြီး လမ်း ကြောင်းသစ်ကို ရွေးချယ်နိုင်ခြေရှိ၏။ တစ်နည်းအားဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း နည်းလမ်း မှ “အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသို့ အားလုံးကိုဖိတ်ခေါ်ခြင်း” တစ်နည်း “(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းအခြေခံဥပဒေကို ပြန်လှန်သုံးသပ်ခြင်း နှင့် အခြေခံမူဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ” တစ်ရပ် ကို နစကသည် ဖိတ်ခေါ်လာနိုင်ခြေရှိခြင်းပင်ဖြစ်၏။ သို့တည်းမဟုတ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို (၂၀၂၅)ခုနှစ် နှစ်ဦးပိုင်း၌ ကျင်းပပြုလုပ်နိုင်ခြေရှိပြီး ရွေးကောက်ခံအစိုးရတစ်ရပ်သို့ မြန်နိုင်သမျှ မြန်မြန် အာဏာလွှဲနိုင်ခြေရှိသည့် နိုင်ငံရေးအ ရွေ့ကိုလည်း ရှာနိုင်ခြေရှိခြင်းပင်ဖြစ်၏။

(ဂ) အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လက်ရှိ ASEAN ဥက္ကဋ္ဌတို့သည်လည်းကောင်း၊ ASEAN ၏ ထင်ရှားသည့် ယခင်ခေါင်းဆောင်များသည်လည်း ကောင်း၊ ASEAN ၏ ယခင်၊ ယခုနှင့် နောင်တာဝန်ယူ မည့် ဥက္ကဋ္ဌတို့သည်လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေး ကို စိတ်ပူပင်ကြသလို ပူးပေါင်းပါဝင်ကူညီလို သည့် ဆန္ဒသည်လည်း ယခင်ကထက် ပိုများကြသည့်ကာလဖြစ်၏။

(ဃ) ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်တောင်း သည့် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Mr. Hun Sen ထံ နစက ဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ဝန်ကြီး ဦးကိုကိုလှိုင်အား စေလွှတ်ခြင်းသည် အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်နိုင်ခြေ၏ ခြေ လှမ်းဖြစ်နိုင်သလို Mr. Deng Xijun ၏ (၈) ကြိမ် မြောက် ခရီးစဉ်တွေ့ဆုံမှုနှင့် Mr. Wang Yi ၏ ခရီး စဉ်တို့သည်လည်း မြန်မာ့နိုင်ငံရေး ရှေ့ခရီး၏ အနာ ဂတ် တံခါးပေါက်သို့ ပူးပေါင်းချီတက်ခြင်းဖြစ်ရာ၊ ငြိမ်း ချမ်းမှုရောင်ခြည်နှင့် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံသစ်အဖြစ် အနာဂတ်၌တည်ဆောက်ကြရန် ရည်မျှော် သည့်ခြေလှမ်းများဖြစ်သည်ဟု သုံးသပ်၍ရ၏။

သို့ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးစစ်ရေး အကျပ်အတည်းကို ကျော်လွှားအနိုင်ယူနိုင်ခြေသည် ရာခိုင်နှုန်းများသည်ဟု သုံးသပ်၍ရ၏။ နည်းတူ မြန်မာနိုင်ငံ သည် ယခု ကြုံတွေ့နေရသည့် နိုင်ငံရေး စစ်ရေး အကျပ်အတည်းမှ သင်ခန်းစာကောင်းများရယူကာ ယခုထက် ပိုမိုညီညွတ်စည်းလုံးသော တွဲလက်ပိုမို ခိုင်မြဲသော အနာဂတ်နိုင်ငံတော်သစ်ကို အတူတည်ဆောက်နိုင်ကြလိမ့်မည်ဟုလည်း ခိုင်မာစွာယုံကြည်မှု ဖြစ်မိပါ၏။ နိုင်ငံရေးတည်ငြိမ်ပြီး အေးချမ်းဖွံ့ ဖြိုးကာ ပြည်သူလူထု၏မျှော်လင့် ချက်များ အမြန်ဆုံးပြည့်ဝနိုင်ပါစေဟု ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်အား ရည်မျှော်ကာ ဆုတောင်းဖြစ်မိရပါ၏။ (ဤတွင် ပြီး၏။ )

zawgyi version
ရွမ္းေျမာက္(အေရွ႕ေျမာက္ေဒသ) စစ္ဆင္ေရး၏ အဆုတ္-အတက္ ႏွင့္ ျမန္မာ့ႏိုင္ငံေရးကို ေရွ႕သို႔ ေမွ်ာ္ၾကည့္ျခင္း
ေဒါက္တာေအးေမာင္ (NP News) - စက္တင္ဘာ ၂၇

စစ္ဆင္ေရး (၁၀၂၇) (ဒုတိယလႈိင္း)၏ နိဂုံးႏွင့္ (တတိယလႈိင္း)ရွမ္း-မန္းစစ္ဆင္ေရး ပ်က္ျပယ္ျခင္း
၂၂။ ေျမာက္ပိုင္း(၃)ဖြဲ႕၏ စစ္ဆင္ေရး (၁၀၂၇ ဒုတိယ လႈိင္း)သည္ NUG ၊ PDFs တို႔၏ စစ္ဆင္ေရး ျဖစ္ေသာ(ရွမ္း-မန္း) တစ္နည္း (၁၀၂၇ တတိယလႈိင္း)ႏွင့္ဆက္စပ္ႏိုင္မွသာ စစ္ဆင္ေရးႀကီး တစ္ခုလုံး၏ အဂၢမဟာဗ်ဴဟာသည္ ေအာင္ျမင္ႏိုင္ မည္ျဖစ္၏။ (၁၀၂၇ ပထမလႈိင္း) သည္ နစက၏တပ္ရင္း၊ တပ္ဖြဲ႕၊ ဗ်ဴဟာ၊ တပ္မမ်ားကို အငိုက္မိ ေစခဲ့၏။ သာလြန္ေသာ နည္းပညာ၊ စုဖြဲ႕မႈ၊ နည္းဗ်ဴ ဟာေျမာက္လက္ နက္မ်ား၊ ႀကိဳတင္အသြင္ယူ စစ္ဆင္ေရး ေလ့က်င့္မႈမ်ားတို႔ျဖင့္ အခ်ိန္တိုအတြင္း ျမန္မာ့ တပ္မေတာ္ကို အငိုက္မိေစကာ နယ္ေျမမ်ားစြာကို အရယူသိမ္းပိုက္ႏိုင္ခဲ့၏။

(၁၀၂၇ ဒုတိယလႈိင္း)သည္ ေျမျပန႔္လြင္ျပင္ ေရာက္သည္ႏွင့္ (တတိယလႈိင္း)ျဖစ္ေသာ (ရွမ္း-မန္း) အျဖစ္ အသြင္မေျပာင္းမီ ရပ္တန႔္ၿပိဳပ်က္သြားႏိုင္ေျခ ပိုမ်ား၏။ ကုန္းျမင့္ေဒသအေျချပဳထိုးစစ္သည္ မတူကြဲျပားသည့္ ေျမျပန႔္လြင္ျပင္အညာေဒသ၌ နိဂုံး ခ်ဳပ္ရဖြယ္ရွိ၏။ ေျမျပန႔္လြင္ျပင္အညာေဒသတြင္ ၾကည္းတပ္သည္ တင့္ကား၊ သံခ်ပ္ကာယာဥ္၊ မစ္ဇိုင္း တင္ယႏၲရားႀကီးမ်ားႏွင့္အတူ ေလေၾကာင္း အုပ္ဖြဲ႕ ခ်ီ ထိုးစစ္ႀကီးတို႔ျဖင့္ (၁၀၂၇ တတိယလႈိင္း )ထိုးစစ္ကို ဟန္ခ်က္ညီညီ ဟန႔္တားႏိုင္ေျခပိုရွိသလို (ဒုတိယ လႈိင္း)၏ ျမားဦးကို႐ိုက္ခ်ိဳးမႈသည္ ေတာင္ေပၚေဒသ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ လားရႈိးတို႔၌ ယခုကာလကပင္ စတင္ေနၿပီဟု သုံးသပ္မိရ၍ျဖစ္၏။ ထို႔ျပင္ ရွမ္း ေျမာက္မွသည္ မႏၲေလးအထိ ရွည္လ်ားက်ယ္ဝန္းေသာ စစ္ဆင္ေရးေထာက္ပို႔လမ္းေၾကာင္းကို လက္ရွိ မည္သည့္လက္နက္ကိုင္အဖြဲ႕မွ ႏိုင္ငံႀကီးမ်ား၏ ေငြေၾကး၊ လက္နက္၊ နည္းပညာ၊ လူအင္အား အကူအညီ မရဘဲ ေရရွည္စစ္ဆင္ႏႊဲရန္ လုံးဝမျဖစ္ႏိုင္၍ျဖစ္၏။ ေနလာႏွင္းေပ်ာက္သလို ေရရွည္စစ္၌ နစက၏ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းစစ္ခ်ီႏွိမ္နင္းမႈကို လက္ နက္ကိုင္အဖြဲ႕မ်ားသည္ အျပင္းထန္ဆုံးခံရႏိုင္ေျခပို မ်ား၏။

ထို႔ျပင္ စစ္ဒဏ္ခံ ၿမိဳ႕ပ်က္ျမင္ကြင္းမ်ား၊ ၿမိဳ႕ပ်က္ အိမ္ပ်က္ၾကား ခိုးဝွက္လုယူေနၾကပုံမ်ား၊ ထိန္း ခ်ဳပ္ နယ္ေျမ၌ လက္နက္ကိုင္အဖြဲ႕မ်ား၏ အုပ္ခ်ဳပ္ေရး ယႏၲရား မပီျပင္မႈမ်ား၊အခ်င္းခ်င္းနယ္ေျမလု ေန ၾကပုံမ်ားႏွင့္ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးအာဏာကို အဖြဲ႕ခ်င္း အၿပိဳင္လုေနၾကမႈျမင္ကြင္းႏွင့္ သတင္းတို႔သည္ စစ္ဒဏ္သင့္ေဒသေနလူထုအျပင္ စစ္ဒဏ္ကင္းေဒသ ေန ျပည္သူလူထုတစ္ရပ္လုံး၏ ေထာက္ခံမႈကိုပါ ႐ိုက္ ခ်ိဳးသလိုျဖစ္ေစခဲ့ၿပီျဖစ္သည္ကိုေတြ႕ရ၏။ စစ္ပြဲေဒ သ၏ ျပင္ပႏိုင္ငံျခားေရာက္မိသားစုမ်ား၊ ႏိုင္ငံျခား ေရာက္အလုပ္သမားမ်ားမွလြဲ၍ လူထုေထာက္ခံမႈ အေလ်ာ့နည္းဆုံးအေျခအေနႏွင့္ အခ်ိန္အခါ ျဖစ္သည္ဟု သုံးသပ္ႏိုင္၏။ ေအာက္ပါ ျဖစ္ၿပီး၊ ျဖစ္ဆဲႏွင့္ ျဖစ္လတၱံ့ေသာျဖစ္စဥ္အေၾကာင္းအရာ၊ ျဖစ္ရပ္မ်ားကို ဆင္ျခင္သုံးသပ္ကာ အထက္ပါေကာက္ခ်က္မ်ား ကိုခ်ရျခင္းလည္းျဖစ္၏။
(က) ပထဝီႏိုင္ငံေရး၏ အလႈပ္အခတ္သည္ႀကီး၏။ ဘဂၤလားေဒ့ရွ္ျဖစ္စဥ္သည္ လစ္ဘရယ္ဒီမိုကေရစီ၏ ေျခရႈပ္မႈ၊ အထိုးအခုတ္ျဖစ္၏။ ႏိုင္ငံေရးမတည္ၿငိမ္ ေသာ လစ္ဘရယ္ ဒီမိုကေရစီႏွင့္ ႏိုင္ငံေရးတည္ၿငိမ္ ေသာ ဆိုရွယ္ဒီမိုကေရစီတို႔၏ ထိပ္တိုက္ေတြ႕မႈတို႔ ျဖစ္၏။ Mr. Wang Yi ခရီးစဥ္သည္ တ႐ုတ္၏ အိမ္နီးခ်င္း ျမန္မာကို ထိုကဲ့သို႔ အလႈပ္အခတ္မခံႏိုင္ ေၾကာင္း သြယ္ဝိုက္မေနေတာ့ဘဲ တိုက္႐ိုက္ေဖာ္ျပ ကာ လုံၿခဳံမႈစည္း႐ိုးကာေပးသည့္ လက္ဦးမႈယူ ခရီးစဥ္ဟု ေျပာ၍ရ၏။ အေမရိကန္ လစ္ဘရယ္ ဒီမို ကရက္ တို႔၏ အင္ဒို-ပစိဖိတ္အေ႐ြ႕၊ ထိုင္ဝမ္တည္ၾကက္ႏွင့္အတူ ဘဂၤလားေဒ့ရွ္ျဖစ္စဥ္တို႔သည္ အေမရိ ကန္၏ China Containment Policy ၏ ဗ်ဴဟာေျမာက္႐ိုက္ခတ္မႈ ျဖစ္ရာ အိႏၵိယသမုဒၵရာထြက္ေပါက္ ေပၚ၌တည္ရွိ ေသာျမန္မာသည္ အခရာက်သလို ရခိုင္ေဒသ ေက်ာက္ျဖဴသည္ BRI ၏ Choke Point လည္း ျဖစ္၏။

(ခ) တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ရွိ တရားမဝင္ နယ္စပ္ကုန္သြယ္မႈဂိတ္မ်ိဳးစုံသည္ အထူးကိုယ္စား လွယ္ Mr. Deng Xijun ၏ ဩဂုတ္လ (၈) ရက္ေန႔ ခရီးစဥ္ႏွင့္ Mr. Wang Yi ၏ ဩဂုတ္လ (၁၄-၁၅) ရက္အထိ ခရီးစဥ္ၿပီးေနာက္ ႏွစ္ႏိုင္ငံတရားဝင္ နယ္ စပ္ကုန္သြယ္ေရးဂိတ္မ်ားမွလြဲ၍ ပိတ္သြားႏိုင္ေျခပို မ်ား၏။ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား ကင္းရွင္းေအာင္ ႏွစ္ႏိုင္ငံလုံၿခဳံေရးအဖြဲ႕မ်ား၏ ပူးေပါင္းစစ္ဆင္မႈ မ်ားသည္လည္း ပိုမ်ားလာႏိုင္ေျခရွိ၏။ မူးယစ္ေဆးဝါး၊ က်ားဖ်န႔္၊ တရားမဝင္ကုန္စည္ကူးသန္းမႈႏွင့္ ရာဇ ဝတ္သားမ်ားအေပၚ အဓိကဦးတည္ႏိုင္၏။ သို႔ျဖင့္ တရားမဝင္ဂိတ္မ်ားပိတ္ျခင္း၏ အက်ိဳးဆက္အျဖစ္ ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕မ်ား၏ အဓိက ေထာက္ပို႔လမ္းေၾကာင္းသည္ မ်ားစြာထိခိုက္ကာ ေရရွည္ စစ္၌ရပ္တည္ရန္ ခက္ခဲႏိုင္ေျခပိုမ်ား၏။

(ဂ) စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)၌ တစ္ဖြဲ႕ ခ်င္း၏ စစ္ဆင္ေရးဦးတည္ခ်က္အတိုင္း သီးျခားစီ ထိုးစစ္ဆင္ခဲ့ၾကသည့္ ေျမာက္ပိုင္း(၃)ဖြဲ႕သည္ (ပထမလႈိင္း)ထက္ အထိအခိုက္အက်အဆုံးမ်ားခဲ့ၾက သည္ဟု ယူဆ၍ရ၏။ အငိုက္မိခဲ့သည့္ (ပထမလႈိင္း) ထက္ နစကသည္ ခံစစ္ေၾကာင္းကို ပိုမိုျပင္ဆင္ႏိုင္ ခဲ့ ပုံရ၏။ ၾကည္းတပ္သည္ ေလတပ္ႏွင့္ဟန္ခ်က္ညီစြာ ညႇိႏႈိင္းထိုးစစ္ဆင္ႏိုင္ခဲ့ပုံလည္းေပၚ၏။ နည္းတူ ေျမာက္ပိုင္း(၃)ဖြဲ႕သည္ တစ္ဖက္ နစက တပ္ဖြဲ႕မ်ား၏ စစ္သည္မ်ား စိတ္ဓာတ္ယိုင္နဲ႔ေအာင္ ယုတၱိမဲ့ ဝါဒျဖန႔္ PSY WAR ကို ကိုယ္တိုင္တိုက္႐ိုက္ေသာ္လည္း ေကာင္း၊ထိန္းခ်ဳပ္မီဒီယာမ်ားမွေသာ္ လည္း ေကာင္း တြင္က်ယ္စြာျဖင့္(ပထမလႈိင္း)မွသည္ (ဒုတိယလႈိင္း) အထိ သုံးႏိုင္ခဲ့ၾကေသာ္လည္း ျမန္မာ့ တပ္မေတာ္သည္ ႏိုင္ငံေတာ္အား ကိုယ္စားျပဳသျဖင့္ ဂုဏ္သိကၡာအရ ဖက္ၿပိဳင္တုံ႔ျပန္ႏိုင္ခဲ့ပုံမရသလို တုံ႔ျပန္ႏိုင္ေျခလည္း နည္း၏။

(ဃ) လားရႈိး(ရမခ)သိမ္းပိုက္ေရးထိုးစစ္၌ ေသာင္းခ်ီ က်ဆုံးမႈႏွင့္အတူ ေထာင္ခ်ီထိခိုက္ႏိုင္ဖြယ္ရွိသည့္ MNDAA ႏွင့္ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ ထိုးစစ္ တြင္ က်ဆုံးမႈႏွင့္အတူ ေထာင္ခ်ီထိခိုက္ႏိုင္ဖြယ္ရွိ သည့္ TNLA တို႔သည္ ထိခိုက္လူနာမ်ားကို ေနာက္ တန္းရွိ သိႏၷီႏွင့္ကြတ္ခိုင္ၿမိဳ႕မ်ား၌ ကုသဖြယ္ရွိ၏။ ေထာက္ ပို႔လုပ္ငန္းအတြက္လည္း စု႐ုံးၾကဖြယ္ရွိရာ နစက၏ ေလေၾကာင္းခ်ီထိုးစစ္တြင္ သိႏၷီႏွင့္ ကြတ္ခိုင္ ၿမိဳ႕၏ သတ္မွတ္ ေနရာသို႔ ဗုံးႀကဲမႈေၾကာင့္ ထိခိုက္မႈမ်ား ခဲ့ပုံရ၏။ သို႔ျဖင့္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၈) ရက္ ေန႔ Mr. Deng Xijun ၏ ေနျပည္ေတာ္ခရီးစဥ္အမီ ထုတ္ျပန္ခ်က္၌ “နစကအစိုးရက အျပစ္မဲ့ ျပည္သူမ်ားကို ဗုံးႀကဲျခင္း ရပ္တန႔္ရန္၊ တ႐ုတ္ျပည္သူ႔ သမၼတ ႏိုင္ငံအစိုးရသို႔ အေလးအနက္ထားေတာင္းဆိုမႈ” သည္ အခ်ိန္ကိုက္ျဖစ္ရာ ထူးျခား၏။ သို႔ျဖင့္ (၁၀၂၇ ဒုတိယလႈိင္း)၏ထိုးစစ္သည္ MNDAA၊ TNLA နယ္ေျမ အတြင္း ၌ ရပ္တန႔္ေနပုံရ၏။

(င) Mr. Deng Xijun ၏ခရီးစဥ္ႏွင့္အၿပိဳင္ တ႐ုတ္-ျမန္မာ တရားဝင္နယ္စပ္ကုန္သြယ္ေရးဂိတ္ ရွိသည့္ မူဆယ္နယ္စပ္ကုန္သြယ္မႈၿမိဳ႕ကို သိမ္းပိုက္ မည္ဟုၿခိမ္းေျခာက္ျခင္း၊ ယခင္ တပ္မ (၉၉) တပ္မ မႉးႏွင့္ ရမခ တိုင္းမႉး(ခန႔္ထား)ကို လက္နက္ခ်ေရး ဖိအားေပးျခင္း၊ မူဆယ္ၿမိဳ႕ကို ဝိုင္းပတ္ထားသည့္ ေန ရာစုံမွ ေသနတ္သံမ်ားျဖင့္ စစ္ျမႇဴျခင္း၊ လားရႈိးၿမိဳ႕တြင္း သို႔ တန႔္ယန္းၿမိဳ႕မွ ဝ ေတာင္ပိုင္းတပ္မ်ား ဒုတိယအ ႀကိမ္ စစ္သည္အင္အားရာခ်ီ အင္အားျဖည့္ျခင္းတို႔သည္ လာရႈိးၿမိဳ႕ကိုကာကြယ္ျခင္းလား၊ ပန္လုံႏွင့္ ဟိုပန္ကဲ့သို႔ လႊဲယူရန္အစီအစဥ္လား၊ လားရႈိးစစ္ဆင္ ေရး၌ အသြင္တူျဖင့္ စစ္ကူခဲ့သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ မည္မွ်ပါဝင္ခဲ့ၿပီး၊ မည္မွ်ေသဆုံးခဲ့ရ သည္ကို ဖုံးကြယ္လို၍လား၊ စိစစ္လို၍လား ဟူေသာ ဒြိဟပါသည့္ေမးခြန္းတို႔ကိုလည္း အၿပိဳင္ၾကားၾကရ၏။ သို႔ေသာ္ နစက၏ NSPNC မတက္ ေရာက္ခဲ့သည့္ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၃၁) ရက္ေန႔ ကူမင္း၌ Mr. Deng Xijun ႏွင့္ ေျမာက္ပိုင္း (၃) ဖြဲ႕ေတြ႕သည့္သတင္းႏွင့္ သူ၏ ေနျပည္ေတာ္ခရီးစဥ္ ဩဂုတ္လ (၈) ရက္ေန႔မတိုင္မီ FPNCC အဖြဲ႕ဝင္မ်ား ႏွင့္ ေတြ႕ခဲ့သည့္သတင္းတို႔သည္ သူ၏ ဩဂုတ္လ (၈) ရက္ေန႔ ခရီးစဥ္အေပၚ ပို၍အဓိပၸာယ္ ျပည့္ဝေစ မည္ျဖစ္ရာ က်ယ္ျပန႔္စြာ အေတြးနယ္ခ်ဲ႕ႏိုင္ၾကဖြယ္ျဖစ္၏။

(စ) ထို႔ျပင္ ႏိုင္ငံျခားေရးဝန္ႀကီး Mr. Wang Yi၏ ခရီးစဥ္ရလဒ္မ်ားသည္လည္းေကာင္း၊ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ေတာင္ပိုင္း တပ္ေတာ္၏ တယ္ဟုန္တိုင္း (ေ႐ႊလီ)၌ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၂၇) ရက္ေန႔မွ (၂၉) ရက္ေန႔အထိ အသြင္ယူ စစ္ေရးေလ့က်င့္မႈကို က်ည္အစစ္ျဖင့္ ပစ္ခတ္ ေလ့က်င့္မႈ၊ ေလေၾကာင္းရန္ကာကြယ္မႈ၊ စစ္ဆင္ စစ္ထိုးမႈ၏ပုံရိပ္မ်ားသည္လည္းေကာင္း ျမန္မာ-တ႐ုတ္ နယ္စပ္တည္ၿငိမ္ေအးခ်မ္းေရးကို တ႐ုတ္အစိုးရသည္ မည္မွ်လိုလားေၾကာင္းႏွင့္ ခ်မွတ္ထားၿပီး ျဖစ္သည့္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္ေသာ စည္းႀကီး (၃)ရပ္ကို စတင္အေကာင္အထည္ေဖာ္သည့္ ပထမ ေျခလွမ္း လည္းျဖစ္ပုံရ၏။

(ဆ) (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၁၄) ရက္ေန႔တြင္ Mr. Wang Yi၏ ေနျပည္ေတာ္ခရီးစဥ္ႏွင့္အၿပိဳင္ အေမရိကန္အစိုးရ၏ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးျဖစ္သူ Mr. Jake Sullivan သည္ ဩဂုတ္ လ (၁၅) ရက္ေန႔၌ NUG မွ တာဝန္ရွိသူမ်ား K3C တို႔မွတာဝန္ရွိသူမ်ားႏွင့္ Zoom Meeting မွတစ္ဆင့္ ေတြ႕ဆုံၿပီး Burma Act ၊ NDAA fund ႏွင့္ ဆက္ႏႊယ္သည့္ ကိစၥမ်ားေဆြးေႏြးျခင္းသတင္းသည္ ျမန္မာ့ ႏိုင္ငံေရးစစ္ေရး၌ အေမရိကန္၏ တိုက္႐ိုက္ စြက္ဖက္မႈကို ထင္ရွားစြာျပသၿပီး နစက၏ဆန႔္က်င္ဘက္ အင္အားစုအေပၚေထာက္ခံေၾကာင္း ျမန္မာျပည္သူသို႔ သိေစလိုပုံရ၏။ ယင္းေနာက္ Mr. Wang Yi သည္ ကုလသမဂၢ၏ ျမန္ႏိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ Ms. Julie Bishop ႏွင့္ ဩဂုတ္လ (၂၀) ရက္ေန႔ တြင္ Beijing ၌ ျမန္မာ့အေရးေတြ႕ဆုံ ေဆြးေႏြးၾကျခင္း၊ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Mrs. Marsudi ၏ Mr. Wang Yi ႏွင့္ေတြ႕ဆုံရန္ Beijing ခရီးစဥ္သတင္းတို႔ကို ၾကားရျပန္၏။ Mr. Jake Sullivan သည္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၂၇) ရက္ မွ (၂၉) ေန႔အထိ ခရီးစဥ္ျဖင့္ Beijing သို႔ေရာက္ရွိၿပီး အဆိုပါေန႔တြင္ ပင္ Mr. Wang Yi ႏွင့္ေတြ႕ဆုံခဲ့သလို၊ သမၼတႀကီး Mr. Xi jinping ႏွင့္ ေတြ႕ဆုံမႈတို႔တြင္လည္း ျမန္မာ့ အေရးသည္ တစ္စိတ္ တစ္ပိုင္းပါဖြယ္ရွိရာ ႏိုင္ငံႀကီးမ်ား၏ ပထဝီႏိုင္ငံေရး ဆက္ေၾကာင္းအေပၚ မည္မွ် အာ႐ုံျဖန႔္ၾကက္သည္ကို သုံးသပ္ႏိုင္ၾကမည္ျဖစ္၏။

(ဇ) AA ၏ေမာင္ေတာၿမိဳ႕ ထိုးစစ္သတင္းႏွင့္အတူ ဘဂၤါလီအေရးလႈပ္ရွားသည့္အဖြဲ႕ (၂၈) ဖြဲ႕ႏွင့္ အရပ္ ဘက္အဖြဲ႕အစည္း (၁၁၅)ဖြဲ႕တို႔က (၂၀၂၄) ခုႏွစ္ ဩဂုတ္လ(၂၃)ရက္ေန႔တြင္ “ AA အဖြဲ႕၏ တိုက္ခိုက္မႈ ေၾကာင့္ ဘဂၤါလီ (၂၀ဝဝ)ေက်ာ္ေသဆုံးခဲ့ရ ေၾကာင္းႏွင့္ ဘဂၤါလီမ်ားအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မ်ား ဆက္လက္က်ဴးလြန္ပါက ႏိုင္ငံတကာအေနျဖင့္ AA အဖြဲ႕ကို ပိတ္ဆို႔မႈမ်ားခ်မွတ္မႈကို စဥ္းစား ေပး ရန္” ေတာင္းဆိုသည့္ထုတ္ျပန္ခ်က္သည္လည္းေကာင္း၊ သံတြဲၿမိဳ႕ သျဗဳခ်ိဳင္ရွိ ေမာ္ေ႐ႊေလး ေရတပ္ စခန္း သိမ္းပိုက္ၿပီးျဖစ္ေၾကာင္းႏွင့္ ေမာင္ေတာကို သိမ္းပိုက္ရရွိၿပီဟု ထိန္းခ်ဳပ္မီဒီယာမ်ားမွ မမွန္ သတင္းျဖင့္ ဝါဒျဖန႔္ေရးသားခ်က္တို႔သည္လည္း ေကာင္း၊ ရခိုင္ေဒသ၌ AA ၏ ထိုးစစ္အေျခအေန ရပ္တန႔္ေနၿပီျဖစ္သည္ကို သုံးသပ္ႏိုင္၏။ နစကသည္ ျပင္းထန္ၿပီး ျပည့္စုံသည့္ ရခိုင္ေဒသ ထိုးစစ္ႀကီး တစ္ရပ္အတြက္ မာန္ေအာင္ကြၽန္း အေျချပဳစုဖြဲ႕မႈႏွင့္ စစ္ေတြအေျချပဳ တုံ႔ျပန္ထိုးစစ္သတင္းတို႔၏လားရာ သည္ ရခိုင္ေဒသ၌လည္း AA ၏ထိုးစစ္ (၁၀၂၇ ဒုတိယလႈိင္း)သည္ ရပ္တန႔္ေနၿပီျဖစ္သည္ဟု သုံးသပ္ ၾကရဖြယ္ျဖစ္၏။

(ဈ) (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၂၉) ရက္စြဲျဖင့္ ေ႐ႊလီၿမိဳ႕ အမ်ိဳးသားလုံၿခဳံေရးေကာ္မတီမွ ထုတ္ျပန္ခ်က္ သည္ ျမန္မာတေအာင္း အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ကို တိုက္႐ိုက္ရည္ၫႊန္း၏။ တိုက္ပြဲ မ်ားကို ခ်က္ခ်င္းရပ္တန႔္ကာ တ႐ုတ္-ျမန္မာ နယ္စပ္တည္ ၿငိမ္ေအးခ်မ္းေရး ပူးေပါင္းေဆာင္႐ြက္ရန္၊ မဟုတ္ပါ က ေၾကာက္႐ြံ႕က်ိဳးႏြံႏွင့္ ဆုံးမသြန္သင္နည္းလမ္းမ်ား ကို ပိုမိုလုပ္ေဆာင္မည္ဟု ပါသည့္ ထုတ္ျပန္ခ်က္စာ တစ္ေစာင္ကိုဖတ္ၾကရ၏။ အဆိုပါ ထုတ္ျပန္စာသည္ အစစ္ျဖစ္ႏိုင္ေျခနည္း၏။ ႏွစ္ႏိုင္ငံၿငိမ္းခ်မ္းစြာ အတူ ယွဥ္တြဲေနထိုင္ေရးမူႀကီး (၅)ခ်က္ကို ေလးစားေစာင့္ထိန္းသည့္ တ႐ုတ္ ႏိုင္ငံသည္ ဤကဲ့သို႔စာမ်ိဳးကို မည္သည့္နည္းႏွင့္မွ် ထုတ္ျပန္ဖြယ္မရွိေပ။ ႐ုံးတံဆိပ္တုံး မပါသကဲ့သို႔ ေရးသားပုံသည္လည္း ႏိုင္ငံေတာ္အဆင့္ ႐ုံးစာမဟုတ္သည္ကိုေတြ႕ရ၏။

သို႔ေသာ္လည္း TNLA သည္ ထိုစာအေပၚ၌ အေရးတယူ စည္းေဝးျခင္းျပဳ၏။ NUCC သည္ TNLA သို႔ထုတ္ျပန္သည့္စာအေပၚ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ဩဂုတ္လ (၃၁)ရက္ေန႔ သေဘာထားထုတ္ျပန္ ခ်က္မွာ ထူးျခား၏။ TNLA သိမ္းပိုက္ထားသည့္ နယ္ေျမအားလုံးသည္ CNPC ေရနံႏွင့္ သဘာဝ ဓာတ္ ေငြ႕ပိုက္လိုင္း လမ္းေၾကာင္းတစ္ေလွ်ာက္ ထူးျခားစြာတည္ရွိေန၏။ ဤထုတ္ျပန္ခ်က္ကို TNLA သည္ မည္သည့္အဖြဲ႕အစည္းက ထုတ္ျပန္သည္ကိုသိ၏။ သူတို႔အေပၚ မည္မွ်တုံ႔ျပန္ႏိုင္သည္ကို ခန႔္မွန္းမိပုံရ ၏။ အဆိပ္ျပင္းပုံရသလို စကားေနာက္ ဓားပါပုံလည္းရ၏။ တရားပါပုံလည္းရ၏။ မည္သို႔ပင္ ဆိုပါေစ အတုႏွင့္အစစ္သည္ ျပႆနာမဟုတ္ေသာ္လည္း စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)သည္ ေရွ႕ဆက္ ရန္ခက္ခဲ့သည့္ အေၾကာင္းတရားမ်ားစြာအနက္ မွ အေၾကာင္းရင္းတစ္ခုအျဖစ္ တာဝန္ရွိ အဖြဲ႕အစည္း မ်ားကိုယ္တိုင္ သုံးသပ္မိၾကပုံရ၏။ (၁၀၂၇ တတိယ လႈိင္း) ရွမ္း-မန္း စစ္ဆင္ေရးသည္ ႐ုပ္လုံးေပၚလာ ဖြယ္ မျမင္သလို (ဒုတိယလႈိင္း)ကိုနိဂုံးခ်ဳပ္ေစမည့္ အခ်က္မ်ားစြာအနက္မွ အဓိကပင္မ အခ်က္ျဖစ္ဖြယ္ ရွိ၏။(ည)နည္းတူ ေ႐ႊလီၿမိဳ႕အမ်ိဳးသားလုံၿခဳံေရးေကာ္မ တီမွထုတ္ျပန္ခ်က္ထြက္ၿပီးေနာက္ ယူနန္ျပည္နယ္ ထိန္ခ်ဳံးၿမိဳ႕၌ ေျမာက္ပိုင္းလက္နက္ ကိုင္(၄)ဖြဲ႕ျဖစ္ေသာ UWSA၊ KIA၊ MNDAA၊ TNLA တို႔ႏွင့္ Mr. Deng Xijun ၏ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၂၆) ရက္ေန႔မွ (၃၀) ရက္ေန႔အထိ တစ္ဖြဲ႕ခ်င္းစီႏွင့္ေတြ႕ဆုံ မႈျပဳခဲ့သည့္သတင္းသည္လည္း PLA ၏ ေတာင္ ပိုင္းစစ္နယ္ဝန္း၌ အသြင္ယူစစ္ေရးေလ့က်င့္မႈသတင္း ႏွင့္အၿပိဳင္ ထြက္ေပၚလာ၏။ KIA မွ ဒုတိယ ဥကၠ႒ ဒူးဝါးဂမ္ေရွာင္ဦးေဆာင္သည့္အဖြဲ႕ တက္ေရာက္ခဲ့ သည္ဟုလည္း KIA ေျပာခြင့္ရပုဂၢိဳလ္က အတည္ျပဳ၏။ အထက္ပါျဖစ္စဥ္မ်ားသည္ Mr. Wang Yi ခရီးစဥ္ ၏ရလဒ္မ်ားအျဖစ္ က်ယ္ျပန႔္စြာ ဆက္စပ္ သုံးသပ္ပါက ရွမ္းေျမာက္ (အေရွ႕ေျမာက္ေဒသ) စစ္ေရးႏိုင္ငံ ေရး အေျခအေန၏လားရာသည္ ပိုမိုေကာင္း မြန္သည့္ဘက္သို႔ ဦးတည္ေနၿပီျဖစ္သည္ဟု သုံးသပ္ ၍ရ၏။

ရွမ္းေျမာက္(အေရွ႕ေျမာက္ေဒသ)စစ္ဆင္ေရးမွသည္ ျမန္မာ့ႏိုင္ငံေရးကိုေရွ႕သို႔ေမွ်ာ္ၾကည့္ျခင္း
၂၃။ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္ေန႔ တြင္စခဲ့သည့္ ေျမာက္ပိုင္း(၃)ဖြဲ႕၏စစ္ဆင္ေရး (၁၀၂၇)သည္ အရွိန္အဟုန္ျပင္းစြာျဖင့္ ျမန္မာႏိုင္ငံ အေပၚ႐ိုက္ခတ္ခဲ့၏။ ေျဖရွင္းရခက္ခဲသည့္ ျမန္မာ့ စစ္ေရး၊ ႏိုင္ငံေရးပဋိကၡအေပၚ ထပ္ဆင့္ထိုးႏွက္မႈျပဳ၏။ အက်ိဳးသည္ အေၾကာင္းေၾကာင့္ျဖစ္၏။ အ ေၾကာင္းအရင္းကိုရွာေဖြကာ အက်ိဳးရလဒ္ကိုရႏိုင္မည့္ေျဖရွင္းမႈသည္ လိုအပ္၏။

စစ္ဆင္ေရး (၁၀၂၇ ပထမလႈိင္း)ႏွင့္ (၂၀၂၄) ခုႏွစ္ ဇြန္လ (၂၅) ရက္ေန႔တြင္စသည့္ ( ဒုတိယ လႈိင္း) တို႔၏ျပင္းအားသည္ တ႐ုတ္-ျမန္မာနယ္စပ္မွ အိႏၵိ ယ-ျမန္မာနယ္စပ္၊ ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္၊ လာအို-ျမန္မာနယ္စပ္၊ ထိုင္း-ျမန္မာနယ္စပ္တို႔အ ထိ႐ိုက္ခတ္၏။ အိမ္နီးပါးခ်င္းႏိုင္ငံမ်ားက ျမန္မာႏိုင္ငံတည္ၿငိမ္ေအးခ်မ္းၿပီး လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးေစရန္ ဝိုင္းဝန္းကူညီမွျဖစ္မည့္ စစ္ေရးႏိုင္ငံေရး အေ႐ြ႕ခပ္ ၾကမ္းၾကမ္းကိုသုံးသပ္မိၾကပုံရသလို ႏိုင္ငံႀကီးတစ္ခု၏ ဝင္ေရာက္စြက္ဖက္မႈမွတစ္ဆင့္ ဒိုမီႏို သီအိုရီ ကဲ့သို႔ တစ္ႏိုင္ငံၿပီး တစ္ႏိုင္ငံယိုင္လဲသြားမည္ကို နမူနာအျဖစ္ ထင္ရွားစြာျမင္ေတြ႕ခဲ့ၾကၿပီျဖစ္ရာ အခ်င္းခ်င္း စည္းလုံးမႈ ယုံၾကည္မႈပိုမိုရွိေနၾကရမည့္ကာလဟု သုံးသပ္ပုံရ၏။ ျပည္တြင္းလက္နက္ကိုင္ အဖြဲ႕ႀကီးမ်ားကလည္း အိမ္နီးခ်င္းႏိုင္ငံႀကီးမ်ားႏွင့္အတူ ဦးတည္ခ်က္တူလာၾကပုံရ၏။ ေအာက္ပါ အခ်က္တို႔သည္ ျမန္မာ့ႏိုင္ငံေရး၏ ေရွ႕သို႔ေ႐ြ႕စျပဳေနသည့္ ေကာင္းမြန္ေသာ အနာဂတ္လားရာ မ်ား ျဖစ္ရာ ကြၽႏ္ုပ္တို႔ လက္ကမ္းႀကိဳဆိုသင့္သလို ပူးေပါင္းပါဝင္ အတူလက္တြဲ တည္ေဆာက္သင့္သည္ဟု မွတ္ခ်က္ျပဳလို၏။
(က) (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၁၀) ရက္ ကခ်င္ အာဇာနည္ေန႔မိန႔္ခြန္းတြင္ FPNCC ၏ ဒုတိယ ဥကၠ႒ ျဖစ္ေသာ KIA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လ က “ ႏိုင္ငံေရးေဆြးေႏြးမႈေရာင္ျခည္ ျပန္ရွိလာႏိုင္ေျခ” ကိုဖြင့္ဟသည္ဟုၾကားရျခင္းသည္ အေပါင္း လကၡဏာေဆာင္၏။ သူက “ႏိုင္ငံေတာ္ေအးခ်မ္းသာယာ ဖြံ႕ၿဖိဳးလာဖို႔အတြက္၊ ႏိုင္ငံေရးတည္ၿငိမ္ရမွာျဖစ္ၿပီး၊ စစ္မွန္တဲ့ႏိုင္ငံေရးေဆြးေႏြးမႈရွိလာခဲ့ရင္၊ တိုင္ပင္ ေဆြးေႏြးတဲ့နည္းလမ္းႏွင့္လည္း လုပ္ေဆာင္လာမွာ ျဖစ္” ဟုေျပာခဲ့သည့္သတင္းကိုၾကားရရာ ႀကိဳဆိုအပ္ ဖြယ္ျဖစ္၏။

(ခ) NSPNC ႏွင့္ ႏိုင္ငံေရးပါတီ အလုပ္အဖြဲ႕ (၁၆) ပါတီတို႔ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၂၁) ရက္မွ (၂၃) ရက္ေန႔အထိ ေဆြးေႏြးပြဲမ်ားတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ျခင္းမ်ား၊ လာမည့္ (၂၀၂၅) ခုႏွစ္တြင္ က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကိစၥရပ္တို႔ပါသည္ျဖစ္ရာ NSPNC၊ 7-EAOs Allia­nce ႏွင့္ ႏိုင္ငံေရးပါတီတို႔သည္ သမား႐ိုးက်ေဆြး ေႏြးပြဲလမ္းေၾကာင္းမွေဖာက္ထြက္ၿပီး လမ္း ေၾကာင္းသစ္ကို ေ႐ြးခ်ယ္ႏိုင္ေျခရွိ၏။ တစ္နည္းအားျဖင့္ ဖြဲ႕ စည္းပုံအေျခခံဥပေဒျပင္ဆင္ျခင္း နည္းလမ္း မွ “အားလုံးပါဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈလမ္းေၾကာင္းသို႔ အားလုံးကိုဖိတ္ေခၚျခင္း” တစ္နည္း “(၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းအေျခခံဥပေဒကို ျပန္လွန္သုံးသပ္ျခင္း ႏွင့္ အေျခခံမူဆိုင္ရာ ၿငိမ္းခ်မ္းေရး ညီလာခံ” တစ္ရပ္ ကို နစကသည္ ဖိတ္ေခၚလာႏိုင္ေျခရွိျခင္းပင္ျဖစ္၏။ သို႔တည္းမဟုတ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ႏွစ္ဦးပိုင္း၌ က်င္းပျပဳလုပ္ႏိုင္ေျခရွိၿပီး ေ႐ြးေကာက္ခံအစိုးရတစ္ရပ္သို႔ ျမန္ႏိုင္သမွ် ျမန္ျမန္ အာဏာလႊဲႏိုင္ေျခရွိသည့္ ႏိုင္ငံေရးအ ေ႐ြ႕ကိုလည္း ရွာႏိုင္ေျခရွိျခင္းပင္ျဖစ္၏။

(ဂ) အိမ္နီးခ်င္း တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏွင့္ လက္ရွိ ASEAN ဥကၠ႒တို႔သည္လည္းေကာင္း၊ ASEAN ၏ ထင္ရွားသည့္ ယခင္ေခါင္းေဆာင္မ်ားသည္လည္း ေကာင္း၊ ASEAN ၏ ယခင္၊ ယခုႏွင့္ ေနာင္တာဝန္ယူ မည့္ ဥကၠ႒တို႔သည္လည္းေကာင္း၊ ျမန္မာ့ၿငိမ္းခ်မ္းေရး ကို စိတ္ပူပင္ၾကသလို ပူးေပါင္းပါဝင္ကူညီလို သည့္ ဆႏၵသည္လည္း ယခင္ကထက္ ပိုမ်ားၾကသည့္ကာလျဖစ္၏။

(ဃ) ေဒၚေအာင္ဆန္းစုၾကည္အား ေတြ႕ခြင့္ေတာင္း သည့္ ကေမာၻဒီးယား အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ Mr. Hun Sen ထံ နစက ဥကၠ႒၏ အထူးကိုယ္စား လွယ္ဝန္ႀကီး ဦးကိုကိုလႈိင္အား ေစလႊတ္ျခင္းသည္ အားလုံးပါဝင္သည့္ ေဆြးေႏြးပြဲျဖစ္ႏိုင္ေျခ၏ ေျခ လွမ္းျဖစ္ႏိုင္သလို Mr. Deng Xijun ၏ (၈) ႀကိမ္ ေျမာက္ ခရီးစဥ္ေတြ႕ဆုံမႈႏွင့္ Mr. Wang Yi ၏ ခရီး စဥ္တို႔သည္လည္း ျမန္မာ့ႏိုင္ငံေရး ေရွ႕ခရီး၏ အနာ ဂတ္ တံခါးေပါက္သို႔ ပူးေပါင္းခ်ီတက္ျခင္းျဖစ္ရာ၊ ၿငိမ္း ခ်မ္းမႈေရာင္ျခည္ႏွင့္ စည္းလုံးညီၫြတ္ေသာ ျမန္မာႏိုင္ငံသစ္အျဖစ္ အနာဂတ္၌တည္ေဆာက္ၾကရန္ ရည္ေမွ်ာ္ သည့္ေျခလွမ္းမ်ားျဖစ္သည္ဟု သုံးသပ္၍ရ၏။

သို႔ျဖင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးစစ္ေရး အက်ပ္အတည္းကို ေက်ာ္လႊားအႏိုင္ယူႏိုင္ေျခသည္ ရာခိုင္ႏႈန္းမ်ားသည္ဟု သုံးသပ္၍ရ၏။ နည္းတူ ျမန္မာႏိုင္ငံ သည္ ယခု ႀကဳံေတြ႕ေနရသည့္ ႏိုင္ငံေရး စစ္ေရး အက်ပ္အတည္းမွ သင္ခန္းစာေကာင္းမ်ားရယူကာ ယခုထက္ ပိုမိုညီၫြတ္စည္းလုံးေသာ တြဲလက္ပိုမို ခိုင္ၿမဲေသာ အနာဂတ္ႏိုင္ငံေတာ္သစ္ကို အတူတည္ေဆာက္ႏိုင္ၾကလိမ့္မည္ဟုလည္း ခိုင္မာစြာယုံၾကည္မႈ ျဖစ္မိပါ၏။ ႏိုင္ငံေရးတည္ၿငိမ္ၿပီး ေအးခ်မ္းဖြံ႕ ၿဖိဳးကာ ျပည္သူလူထု၏ေမွ်ာ္လင့္ ခ်က္မ်ား အျမန္ဆုံးျပည့္ဝႏိုင္ပါေစဟု ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္သစ္အား ရည္ေမွ်ာ္ကာ ဆုေတာင္းျဖစ္မိရပါ၏။ (ဤတြင္ ၿပီး၏။ )

Related news

© 2021. All rights reserved.