ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ

 636

လင်းမြတ် (NP News) - စက်တင်ဘာ ၂၇

High Profile အဆင့်မြင့်ပုဂ္ဂိုလ်များ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် အသုံးမပြုကြခြင်းအကြောင်းရင်း များစွာ ရှိကြသည့်အထဲမှ ဘုံတူညီသော အကြောင်းရင်း များကို အောက်ပါအတိုင်း စုစည်းတင်ပြလိုက်ပါသည်။

၁။ လုံခြုံရေးဆိုင်ရာသတိပြုမှု(Security Concern)။ Apple Watch၊ Smart Watch များ တွင် (GPS၊ Bluetooth၊ and Wi-Fi) အစရှိသည့် လေ့လာ၊ စောင့်ကြည့်၊ ခြေရာခံစနစ်များပါရှိခြင်းကြောင့် ပိုင်ရှင်၏ ကျန်းမာရေး၊ စိတ်လှုပ်ရှားမှု၊ တည် နေရာနှင့် အခြား ကိုယ်ရေးအချက်အလက်များကို စောင့်ကြည့်၊ ဝင်ရောက်၊ ခိုးယူခံရနိုင်ခြေများပြားခြင်း။ နိုင်ငံ့ခေါင်းဆောင်များနှင့် အခြားအဆင့်မြင့်ပုဂ္ဂိုလ်များသည် အရေးကြီးဆုံးနှင့် ဖြစ်နိုင်ခြေအများဆုံးပစ်မှတ်များ ဖြစ်နေတတ်ခြင်းအတွက် အီလက်ထရောနစ်ဆိုင် ရာခိုးယူတိုက်ခိုက်နိုင်ခြင်း Cyber Attack နှင့် အခြားသော အင်တာနက်နှင့် တည်နေရာချိတ်ဆက် အသုံး အဆောင်များကို မသုံးကြခြင်းဖြင့် Risk အနည်းဆုံး ဖြစ်ရန်လျှော့ချခြင်းမှသည် အမျိုးသားအဆင့် လုံခြုံရေးအထိ ထိခိုက်နိုင်ခြင်းကို ကြိုတင်ကာ ကွယ်ခြင်းလည်းဖြစ်သည်။ ခေတ်မီတိုးတက်သည့် နိုင်ငံ များတွင် High Profile အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ဖုန်း Oper­ating System မှအစ ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ဖုန်း Company တို့ အထူးပူးပေါင်းပြင်ဆင်ထားသော Special Version ကိုသာ အသုံးပြုစေလေ့ ရှိပြီး ဖုန်း မှာများသောအားဖြင့် ကိုယ်ရေးအရာရှိနှင့်သာ အမြဲရှိနေပြီး ဖုန်းလာ ဖုန်းခေါ်ကိုပင် ကိုယ်ရေး အရာရှိ မှတစ်ဆင့်သာ အသုံးပြုလေ့ရှိကြသည်။

၂။ သံတမန် လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာ (Diplomatic Protocol and Tradition)
သံခင်း တမန်ခင်းတွေ့ဆုံမှုများတွင်လည်း ထိုနိုင်ငံလူကြီး၏ ရိုးရာထုံးတမ်းအစဉ်အလာကိုအ လေးထားပြီး ခေတ်မီအသုံးအဆောင်များကို လိုသည်ထက် ပိုမခုံမင်ကြောင်းပြသခြင်း။ ယနေ့ခေတ် နိုင်ငံ တော်အဆင့် လူကြီးများကြားထဲတွင် ထိုအရာများ မဝတ်ဆင် အသုံးမပြုခြင်းက သေးငယ်သောအရာ တစ်ခုဟု ထင်ရသော်လည်း သိပ်ကိုအရေးပါသော သတိပြုရန် အချက်တစ်ချက်ဖြစ်လာသည်။

၃။ မိမိပုံရိပ်နှင့် မြင်စေလိုသော သဘောထားပုံရိပ် (Image and Perception)
နိုင်ငံတော်အဆင့် ခေါင်းဆောင်များသည် အများပြည်သူနှင့် ချိတ်ဆက် ဆက်နွှယ်နေသော ပုံရိပ်များကိုလည်း အမြဲအထူး သတိပြုလေ့ရှိကြသည်။ သမားရိုးကျ သာမန် အဆင့်မြင့် နာရီလောက် ဝတ်ဆင် ရုံဖြင့် အများအမြင်နှင့်ရော မိမိရာထူးနှင့်ပါ သင့်တင့် လုံလောက်ကြောင်း လက်ခံကြသည့် အပြင် ခေတ်နှင့် အညီ လူထုကြားရေပန်းစားနေသည့် ခေတ်မီအီလက် ထရောနစ်နှင့်ဆက်ဆိုင်သော Smart Device များ ကိုအသုံးမပြုခြင်းဖြင့် အများပြည်သူ အမျက်ထွက် အာရုံစိုက်မှုကို ရှောင်ရှားနိုင် သည်။ ထို့ပြင် ပြည်သူကို အလုပ်အကျွေးပြုသူများအဖြစ် သာမန် အသုံးအဆောင်များနှင့် ဘဝကိုသာ နှစ်သက်သောသူဖြစ်ကြောင်း ပုံရိပ် သက်သေပြရာရောက်သည်။

၄။ အနှောင့်အယှက်ပေးခြင်း (Distraction)
Smart Device များတွင် သတိပေးခြင်း စနစ်များစွာပါဝင်သောကြောင့် တာဝန်ကြီးကြီး စိတ် နှစ်တွေးတော ကြံစည်လုပ်ဆောင်ရသူများအတွက် အနှောင့်အယှက်ဖြစ်စေသကဲ့သို့ အတွေးပျက်စေ သည်။ နိုင်ငံတကာအဆင့် တွေ့ဆုံမှုများ၊ အရေးကြီး အစည်းအဝေးများတွင် ပိုပြီး မိမိတွင်သာမက တစ် ဖက်သူနှင့် အစည်းအဝေးဖော်များကိုပါ အနှောင့် အယှက်ပေး မရိုသေရာရောက်သကဲ့သို့ စကားစပြတ် အာရုံစူးစိုက် အလေးထားမှုလျော့စေသည်။

၅။ နိုင်ငံ့ဂုဏ်သိက္ခာနှင့် ဒေသအမှတ်တံဆိပ် (Nati­onal Pride and Local Brands)
အချို့သော နာရီထုတ်နိုင်သည့်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များဆိုလျှင် မိမိကဘယ်နိုင်ငံက ဘယ်နာရီ အမျိုးအစားကိုပဲ ကြိုက်နေတတ်ပါစေ လူထုရှေ့၊ နိုင်ငံတကာစာမျက်နှာရှေ့၊ မီဒီယာရှေ့တွင် မိမိနိုင်ငံလုပ် အမှတ်တံဆိပ်နှင့်နာရီကိုသာ ထင်သာမြင်သာ ဂုဏ်ယူစွာ ဝတ်ပြလေ့ရှိကြသည်။ ထိုအလေ့ အထများဟာ ပြည်တွင်းအမှတ်တံဆိပ်ကို အသိအ မှတ်ပြု၊ ကြော်ငြာပြရုံမက ပြည် တွင်းကုန်ထုတ်လုပ် မှု များကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်သည်။ နိုင်ငံတကာလုပ် အဆင့်မြင့် တန်ဖိုးကြီး ခေတ်မီ နာရီ များနှင့် Smart Device လက်ဆောင်ပေးကမ်းကာ ချည်းကပ်လိုသူများကိုလည်း အလိုအလျောက် ဟန့်တား ထားရာရောက်သည်။ (ဥပမာ- ဆွစ်ဇာလန်နိုင် ငံခေါင်းဆောင်များသည် ဆွစ်ဇ်လုပ် သမား ရိုးကျ နာရီကိုသာ ဝတ်ဆင်လေ့ရှိသကဲ့သို့၊ အလားတူပင် ရုရှား၊ တရုတ် နိုင်ငံ့ခေါင်းဆောင်များသည် လည်း မိမိတို့နိုင်ငံထုတ် အမှတ်တံဆိပ်ပါ သမားရိုးကျနာရီကိုသာဝတ် ဆင်ပြီး အများပြည်သူ နိုင်ငံ တကာရှေ့ထွက်လေ့ရှိသည်။

၆။ ကိုယ်ပိုင် သီးသန့်အချက်အလက် လုံခြုံရေးသ တိပြုမှုI(Privacy Concern)
Smart Watchs များသည် လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များအပြင် ယခု လက်ရှိ၊ တစ်ရက် (၂၄)နာရီတာ၊ တစ်ပတ်၊ တစ်လ စသည်ဖြင့် ဝတ်ဆင်သူ၏စိတ်ဖိစီးမှုအဆင့်နှင့် အခြေအနေ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အောက်ဆီဂျင် အတက်အကျ၊ တည်နေရာ၊ လမ်းလျှောက်နေလား၊ ပြေးနေ လား၊ စီးဘီးစီးနေလား၊ ကားစီးနေလား၊ လေယာဉ်ပေါ်မှာလား စသည်ဖြင့် အချိန်နှင့်တစ်ပြေးညီ ကိုယ် တွင်း ဖြစ်ပျက်မှုတွေမှသည် တည်နေရာအထိပါ ခြေရာခံစုံစမ်းနိုင်သဖြင့် ထိုအရာများကိုတားဆီးနိုင်ရန် အသုံမပြုကြခြင်း ဖြစ်သည်။ နိုင်ငံတကာတွင်တော့ အရေးပါသည့် နိုင်ငံတော်အဆင့်လူကြီးသာမက ၎င်း၏ ကိုယ်ရေးအရာရှိ လုံခြုံရေးစည်းထဲရှိရမည့်လူများပါ သုံးစွဲခြင်းမပြုသည်ကိုတွေ့ရသည်။ အစိုးရအ ဖွဲ့ဝင်များ၊ အရာရှိကြီးများ၊ သံအမတ်နှင့် သံရုံးဝန် ထမ်းများလည်း အသုံးမပြုကြသည်ကိုတွေ့နိုင်သည့် အပြင် ဖုန်းတည်နေရာဖွင့်ခြင်းကိုပင် ကန့်သတ်ထားသည်ကိုတွေ့နိုင်သည်။

၇။ ကိုယ်ပိုင်ရွေးချယ်မှု(Personal Preference)
ယခုခေတ်တွင် နိုင်ငံ၏အရေးကြီးတာဝန် ယူထားသူများသာမက ထင်ရှားကျော်ကြားသူများ လုပ်ငန်းစု သူဌေးကြီးများပါ ကိုယ်ပိုင် သီးသန့်အချက် အလက်လုံခြုံရေးသတိပြုမှု(Privacy Concern)
အတွက်ရော အချိန်နဲ့အမျှအလုပ်ရှုပ် တာဝန်ကြီး စိတ်ဖိစီးမှုများသည့် သူတို့လိုလူနေမှုဘဝအတွက် အပိုစိတ်ဖိစီးမှုနှင့် စိုးရိမ်စရာများကိုရှောင်ရှားနိုင်ရန် သမားရိုးကျ နာရီများကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိ ကြတော့သည်။

သို့သော်ငြားလည်း ခြွင်းချက်အဖြစ် Smart Device ထုတ်နိုင်သော နိုင်ငံများ၏ နိုင်ငံ့ခေါင်း ဆောင်များသည် ထို Smart Device ထုတ်ကုန်များ နှင့်သက်ဆိုင်သော အခမ်းအနားများနှင့် စုပေါင်းလေ့ ကျင့်ခန်းများတွင် Smart Device များကို ပြည်တွင်း ထုတ်ကုန်များအဖြစ် ဝတ်ဆင်ပါဝင်လေ့ရှိကြပြီး အ ခမ်းအနားပြီးသည်နှင့် သာမန်နာရီကို ချက်ချင်းပြောင်း လဲဝတ်ဆင်ကာ အချက်အလက်များကို သက်ဆိုင်ရာ လုံခြုံရေးက ဖျက်ဆီးပစ်လေ့ရှိသည်။

zawgyi version
ဉာဏ္ရည္ျမင့္ႏိုင္ငံ့ေခါင္းေဆာင္မ်ား၊ အဆင့္ျမင့္တာဝန္ရွိသူမ်ား Apple Watch အပါအဝင္ Smart Watch မ်ားကို ဝတ္ဆင္ “အသုံးမျပဳၾကျခင္း” အေၾကာင္းအရင္းမ်ား
လင္းျမတ္ (NP News) - စက္တင္ဘာ ၂၇

High Profile အဆင့္ျမင့္ပုဂၢိဳလ္မ်ား Apple Watch အပါအဝင္ Smart Watch မ်ားကို ဝတ္ဆင္ အသုံးမျပဳၾကျခင္းအေၾကာင္းရင္း မ်ားစြာ ရွိၾကသည့္အထဲမွ ဘုံတူညီေသာ အေၾကာင္းရင္း မ်ားကို ေအာက္ပါအတိုင္း စုစည္းတင္ျပလိုက္ပါသည္။

၁။ လုံၿခဳံေရးဆိုင္ရာသတိျပဳမႈ(Security Concern)။ Apple Watch၊ Smart Watch မ်ား တြင္ (GPS၊ Bluetooth၊ and Wi-Fi) အစရွိသည့္ ေလ့လာ၊ ေစာင့္ၾကည့္၊ ေျခရာခံစနစ္မ်ားပါရွိျခင္းေၾကာင့္ ပိုင္ရွင္၏ က်န္းမာေရး၊ စိတ္လႈပ္ရွားမႈ၊ တည္ ေနရာႏွင့္ အျခား ကိုယ္ေရးအခ်က္အလက္မ်ားကို ေစာင့္ၾကည့္၊ ဝင္ေရာက္၊ ခိုးယူခံရႏိုင္ေျခမ်ားျပားျခင္း။ ႏိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ အျခားအဆင့္ျမင့္ပုဂၢိဳလ္မ်ားသည္ အေရးႀကီးဆုံးႏွင့္ ျဖစ္ႏိုင္ေျခအမ်ားဆုံးပစ္မွတ္မ်ား ျဖစ္ေနတတ္ျခင္းအတြက္ အီလက္ထေရာနစ္ဆိုင္ ရာခိုးယူတိုက္ခိုက္ႏိုင္ျခင္း Cyber Attack ႏွင့္ အျခားေသာ အင္တာနက္ႏွင့္ တည္ေနရာခ်ိတ္ဆက္ အသုံး အေဆာင္မ်ားကို မသုံးၾကျခင္းျဖင့္ Risk အနည္းဆုံး ျဖစ္ရန္ေလွ်ာ့ခ်ျခင္းမွသည္ အမ်ိဳးသားအဆင့္ လုံၿခဳံေရးအထိ ထိခိုက္ႏိုင္ျခင္းကို ႀကိဳတင္ကာ ကြယ္ျခင္းလည္းျဖစ္သည္။ ေခတ္မီတိုးတက္သည့္ ႏိုင္ငံ မ်ားတြင္ High Profile အဆင့္ျမင့္ပုဂၢိဳလ္မ်ား၏ ဖုန္း Oper­ating System မွအစ ကာကြယ္ေရး ဝန္ႀကီး ဌာနႏွင့္ ဖုန္း Company တို႔ အထူးပူးေပါင္းျပင္ဆင္ထားေသာ Special Version ကိုသာ အသုံးျပဳေစေလ့ ရွိၿပီး ဖုန္း မွာမ်ားေသာအားျဖင့္ ကိုယ္ေရးအရာရွိႏွင့္သာ အၿမဲရွိေနၿပီး ဖုန္းလာ ဖုန္းေခၚကိုပင္ ကိုယ္ေရး အရာရွိ မွတစ္ဆင့္သာ အသုံးျပဳေလ့ရွိၾကသည္။

၂။ သံတမန္ လုပ္ထုံးလုပ္နည္းႏွင့္ အစဥ္အလာ (Diplomatic Protocol and Tradition)
သံခင္း တမန္ခင္းေတြ႕ဆုံမႈမ်ားတြင္လည္း ထိုႏိုင္ငံလူႀကီး၏ ႐ိုးရာထုံးတမ္းအစဥ္အလာကိုအ ေလးထားၿပီး ေခတ္မီအသုံးအေဆာင္မ်ားကို လိုသည္ထက္ ပိုမခုံမင္ေၾကာင္းျပသျခင္း။ ယေန႔ေခတ္ ႏိုင္ငံ ေတာ္အဆင့္ လူႀကီးမ်ားၾကားထဲတြင္ ထိုအရာမ်ား မဝတ္ဆင္ အသုံးမျပဳျခင္းက ေသးငယ္ေသာအရာ တစ္ခုဟု ထင္ရေသာ္လည္း သိပ္ကိုအေရးပါေသာ သတိျပဳရန္ အခ်က္တစ္ခ်က္ျဖစ္လာသည္။

၃။ မိမိပုံရိပ္ႏွင့္ ျမင္ေစလိုေသာ သေဘာထားပုံရိပ္ (Image and Perception)
ႏိုင္ငံေတာ္အဆင့္ ေခါင္းေဆာင္မ်ားသည္ အမ်ားျပည္သူႏွင့္ ခ်ိတ္ဆက္ ဆက္ႏႊယ္ေနေသာ ပုံရိပ္မ်ားကိုလည္း အၿမဲအထူး သတိျပဳေလ့ရွိၾကသည္။ သမား႐ိုးက် သာမန္ အဆင့္ျမင့္ နာရီေလာက္ ဝတ္ဆင္ ႐ုံျဖင့္ အမ်ားအျမင္ႏွင့္ေရာ မိမိရာထူးႏွင့္ပါ သင့္တင့္ လုံေလာက္ေၾကာင္း လက္ခံၾကသည့္ အျပင္ ေခတ္ႏွင့္ အညီ လူထုၾကားေရပန္းစားေနသည့္ ေခတ္မီအီလက္ ထေရာနစ္ႏွင့္ဆက္ဆိုင္ေသာ Smart Device မ်ား ကိုအသုံးမျပဳျခင္းျဖင့္ အမ်ားျပည္သူ အမ်က္ထြက္ အာ႐ုံစိုက္မႈကို ေရွာင္ရွားႏိုင္ သည္။ ထို႔ျပင္ ျပည္သူကို အလုပ္အေကြၽးျပဳသူမ်ားအျဖစ္ သာမန္ အသုံးအေဆာင္မ်ားႏွင့္ ဘဝကိုသာ ႏွစ္သက္ေသာသူျဖစ္ေၾကာင္း ပုံရိပ္ သက္ေသျပရာေရာက္သည္။

၄။ အေႏွာင့္အယွက္ေပးျခင္း (Distraction)
Smart Device မ်ားတြင္ သတိေပးျခင္း စနစ္မ်ားစြာပါဝင္ေသာေၾကာင့္ တာဝန္ႀကီးႀကီး စိတ္ ႏွစ္ေတြးေတာ ႀကံစည္လုပ္ေဆာင္ရသူမ်ားအတြက္ အေႏွာင့္အယွက္ျဖစ္ေစသကဲ့သို႔ အေတြးပ်က္ေစ သည္။ ႏိုင္ငံတကာအဆင့္ ေတြ႕ဆုံမႈမ်ား၊ အေရးႀကီး အစည္းအေဝးမ်ားတြင္ ပိုၿပီး မိမိတြင္သာမက တစ္ ဖက္သူႏွင့္ အစည္းအေဝးေဖာ္မ်ားကိုပါ အေႏွာင့္ အယွက္ေပး မ႐ိုေသရာေရာက္သကဲ့သို႔ စကားစျပတ္ အာ႐ုံစူးစိုက္ အေလးထားမႈေလ်ာ့ေစသည္။

၅။ ႏိုင္ငံ့ဂုဏ္သိကၡာႏွင့္ ေဒသအမွတ္တံဆိပ္ (Nati­onal Pride and Local Brands)
အခ်ိဳ႕ေသာ နာရီထုတ္ႏိုင္သည့္ႏိုင္ငံမ်ားမွ ႏိုင္ငံ့ေခါင္းေဆာင္မ်ားဆိုလွ်င္ မိမိကဘယ္ႏိုင္ငံက ဘယ္နာရီ အမ်ိဳးအစားကိုပဲ ႀကိဳက္ေနတတ္ပါေစ လူထုေရွ႕၊ ႏိုင္ငံတကာစာမ်က္ႏွာေရွ႕၊ မီဒီယာေရွ႕တြင္ မိမိႏိုင္ငံလုပ္ အမွတ္တံဆိပ္ႏွင့္နာရီကိုသာ ထင္သာျမင္သာ ဂုဏ္ယူစြာ ဝတ္ျပေလ့ရွိၾကသည္။ ထိုအေလ့ အထမ်ားဟာ ျပည္တြင္းအမွတ္တံဆိပ္ကို အသိအ မွတ္ျပဳ၊ ေၾကာ္ျငာျပ႐ုံမက ျပည္ တြင္းကုန္ထုတ္လုပ္ မႈ မ်ားကိုလည္း စိတ္ဓာတ္ျမႇင့္တင္ေပးရာေရာက္သည္။ ႏိုင္ငံတကာလုပ္ အဆင့္ျမင့္ တန္ဖိုးႀကီး ေခတ္မီ နာရီ မ်ားႏွင့္ Smart Device လက္ေဆာင္ေပးကမ္းကာ ခ်ည္းကပ္လိုသူမ်ားကိုလည္း အလိုအေလ်ာက္ ဟန႔္တား ထားရာေရာက္သည္။ (ဥပမာ- ဆြစ္ဇာလန္ႏိုင္ ငံေခါင္းေဆာင္မ်ားသည္ ဆြစ္ဇ္လုပ္ သမား ႐ိုးက် နာရီကိုသာ ဝတ္ဆင္ေလ့ရွိသကဲ့သို႔၊ အလားတူပင္ ႐ုရွား၊ တ႐ုတ္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ လည္း မိမိတို႔ႏိုင္ငံထုတ္ အမွတ္တံဆိပ္ပါ သမား႐ိုးက်နာရီကိုသာဝတ္ ဆင္ၿပီး အမ်ားျပည္သူ ႏိုင္ငံ တကာေရွ႕ထြက္ေလ့ရွိသည္။

၆။ ကိုယ္ပိုင္ သီးသန႔္အခ်က္အလက္ လုံၿခဳံေရးသ တိျပဳမႈI(Privacy Concern)
Smart Watchs မ်ားသည္ လူတစ္ေယာက္၏ ကိုယ္ေရးအခ်က္အလက္မ်ားအျပင္ ယခု လက္ရွိ၊ တစ္ရက္ (၂၄)နာရီတာ၊ တစ္ပတ္၊ တစ္လ စသည္ျဖင့္ ဝတ္ဆင္သူ၏စိတ္ဖိစီးမႈအဆင့္ႏွင့္ အေျခအေန၊ ေသြးေပါင္ခ်ိန္၊ ႏွလုံးခုန္ႏႈန္း၊ ေအာက္ဆီဂ်င္ အတက္အက်၊ တည္ေနရာ၊ လမ္းေလွ်ာက္ေနလား၊ ေျပးေန လား၊ စီးဘီးစီးေနလား၊ ကားစီးေနလား၊ ေလယာဥ္ေပၚမွာလား စသည္ျဖင့္ အခ်ိန္ႏွင့္တစ္ေျပးညီ ကိုယ္ တြင္း ျဖစ္ပ်က္မႈေတြမွသည္ တည္ေနရာအထိပါ ေျခရာခံစုံစမ္းႏိုင္သျဖင့္ ထိုအရာမ်ားကိုတားဆီးႏိုင္ရန္ အသုံမျပဳၾကျခင္း ျဖစ္သည္။ ႏိုင္ငံတကာတြင္ေတာ့ အေရးပါသည့္ ႏိုင္ငံေတာ္အဆင့္လူႀကီးသာမက ၎၏ ကိုယ္ေရးအရာရွိ လုံၿခဳံေရးစည္းထဲရွိရမည့္လူမ်ားပါ သုံးစြဲျခင္းမျပဳသည္ကိုေတြ႕ရသည္။ အစိုးရအ ဖြဲ႕ဝင္မ်ား၊ အရာရွိႀကီးမ်ား၊ သံအမတ္ႏွင့္ သံ႐ုံးဝန္ ထမ္းမ်ားလည္း အသုံးမျပဳၾကသည္ကိုေတြ႕ႏိုင္သည့္ အျပင္ ဖုန္းတည္ေနရာဖြင့္ျခင္းကိုပင္ ကန႔္သတ္ထားသည္ကိုေတြ႕ႏိုင္သည္။

၇။ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈ(Personal Preference)
ယခုေခတ္တြင္ ႏိုင္ငံ၏အေရးႀကီးတာဝန္ ယူထားသူမ်ားသာမက ထင္ရွားေက်ာ္ၾကားသူမ်ား လုပ္ငန္းစု သူေဌးႀကီးမ်ားပါ ကိုယ္ပိုင္ သီးသန႔္အခ်က္ အလက္လုံၿခဳံေရးသတိျပဳမႈ(Privacy Concern)
အတြက္ေရာ အခ်ိန္နဲ႔အမွ်အလုပ္ရႈပ္ တာဝန္ႀကီး စိတ္ဖိစီးမႈမ်ားသည့္ သူတို႔လိုလူေနမႈဘဝအတြက္ အပိုစိတ္ဖိစီးမႈႏွင့္ စိုးရိမ္စရာမ်ားကိုေရွာင္ရွားႏိုင္ရန္ သမား႐ိုးက် နာရီမ်ားကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ေလ့ရွိ ၾကေတာ့သည္။

သို႔ေသာ္ျငားလည္း ႁခြင္းခ်က္အျဖစ္ Smart Device ထုတ္ႏိုင္ေသာ ႏိုင္ငံမ်ား၏ ႏိုင္ငံ့ေခါင္း ေဆာင္မ်ားသည္ ထို Smart Device ထုတ္ကုန္မ်ား ႏွင့္သက္ဆိုင္ေသာ အခမ္းအနားမ်ားႏွင့္ စုေပါင္းေလ့ က်င့္ခန္းမ်ားတြင္ Smart Device မ်ားကို ျပည္တြင္း ထုတ္ကုန္မ်ားအျဖစ္ ဝတ္ဆင္ပါဝင္ေလ့ရွိၾကၿပီး အ ခမ္းအနားၿပီးသည္ႏွင့္ သာမန္နာရီကို ခ်က္ခ်င္းေျပာင္း လဲဝတ္ဆင္ကာ အခ်က္အလက္မ်ားကို သက္ဆိုင္ရာ လုံၿခဳံေရးက ဖ်က္ဆီးပစ္ေလ့ရွိသည္။

Related news

© 2021. All rights reserved.