ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ

 7043

NP News - စက်တင်ဘာ ၂၇

ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၂၆ ရက်)၊ ည ၇နာရီခွဲဝန်ကျင်အချိန်ခန့်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းစျေးရှေ့ရှိ အသုပ်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဆန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ရာအိမ်မှူး ဦးဇော်မင်းထွန်းသည် အထက်ပါနေရာ၌ ထိုင်နေစဉ် အကြမ်းဖက် သမား (၂)ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်၍ တက္ကစီပေါ်သို့တက်ကာ ဖော့ကန်ဈေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဇော်မင်းထွန်းတွင် ယာဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရာအိမ်မှူးအား ပစ်ခတ်သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂ဝ ရက်၊ နံနက်ပိုင်းကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁ဝ၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ရန္ကုန္တြင္ ရက္ပိုင္းအတြင္း ရာအိမ္မႉးတစ္ဦး ထပ္မံပစ္ခတ္သတ္ျဖတ္ခံရ
NP News - စက္တင္ဘာ ၂၇

ရန္ကုန္တြင္ ရက္ပိုင္းအတြင္း ရာအိမ္မႉးတစ္ဦး ထပ္မံပစ္ခတ္သတ္ျဖတ္ခံရ ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၂၆ ရက္)၊ ည ၇နာရီခြဲဝန္က်င္အခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္း၊ ေအာင္ဆန္းေစ်းေရွ႕ရွိ အသုပ္ဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာင္ဆန္းရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၃၈)ႏွစ္အ႐ြယ္ ရာအိမ္မႉး ဦးေဇာ္မင္းထြန္းသည္ အထက္ပါေနရာ၌ ထိုင္ေနစဥ္ အၾကမ္းဖက္ သမား (၂)ဦးက ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္၍ တကၠစီေပၚသို႔တက္ကာ ေဖာ့ကန္ေဈးဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေဇာ္မင္းထြန္းတြင္ ယာဘက္ရင္အုံက်ည္ထိမွန္ဒဏ္ရာရရွိကာ ေဆး႐ုံသို႔ ပို႔ေဆာင္၍ ေဆးကုသမႈခံယူေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ရာအိမ္မႉးအား ပစ္ခတ္သတ္ျဖတ္သူမ်ားကို ဖမ္းဆီးရမိေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာ ၂ဝ ရက္၊ နံနက္ပိုင္းကလည္း ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁ဝ၇)ရပ္ကြက္၊ ငုဝါၿမိဳင္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းသို႔ အၾကမ္းဖက္သမား(၃)ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.