ရုရှားကိုအနိုင်ယူရန်အတွက် ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ကူညီထောက်ပံ့ပေးမည်ဟု အမေရိကန်သမ္မတပြော

 168

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ထပ်မံ ကူညီပေးမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ ယူကရိန်းသမ္မတ ဇီလန်စကီးသည် ကုလသမဂ္ဂအစည်း အဝေးတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာချိန်အတွင်း အမေရိကန်သမ္မတနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံကို ထပ်မံကူညီပေးမည့်အစီအစဉ်များထဲတွင် အကွာအဝေး ၁၃၀ ကီလိုမီတာ အထိရောက်ရှိနိုင်မည့် ပဲ့ထိန်းလမ်းညွှန်စနစ်ပါသော ဗုံးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ တာလတ်ပစ် ဒုံးကျည်များကိုလည်း ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ ရုရှားတပ်ဖွဲ့ဝင်များ တိုက်ခိုက်ရာတွင်အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်သမ္မတသည် ရုရှားပိုင်နက်အတွင်းပိုင်းသို့ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိမည့် ဒုံးကျည်များ အသုံးပြုခွင့်ပေးမည်ဆိုသောအချက်ကိုတော့ ယူကရိန်းသမ္မတကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ပြောသည်။ အမေရိကန်အစိုးရသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲ စတင်ခဲ့သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ယူကရိန်းကို အကူအညီများစွာပေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတက "စစ်ပွဲမှာ ယူကရိန်းနိုင်ငံကို အနိုင်ရစေဖို့ နောက်ထပ်ကူညီပေးမှုတွေနဲ့ လုံခြုံရေးအကူအညီ တွေ ထပ်မံပေးမှာပါ" ဟု ပြောသည်။ အမေရိကန်အစိုးရက ထပ်မံကူညီပေးမည့်စစ်ရေးအကူအညီသည် ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန်ကာကွယ်ရေး၊မောင်းသူမဲ့လေယာဉ်၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ၊ ကူညီထောက်ပံ့ပေးဖွယ်ရှိနေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသည့်စစ်ပွဲသည် ၂ နှစ်ကျော်လာခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ ယူကရိန်းသည် အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ အကူအညီရယူကာ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
႐ုရွားကိုအႏိုင္ယူရန္အတြက္ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၈ ဘီလ်ံ ကူညီေထာက္ပံ့ ေပးမည္ဟု အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ ယူကရိန္းႏိုင္ငံကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၈ ဘီလ်ံ ထပ္မံ ကူညီေပးမည္ဟု ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ယူကရိန္းသမၼတ ဇီလန္စကီးသည္ ကုလသမဂၢအစည္း အေဝးတက္ေရာက္ရန္အတြက္ အေမရိကန္ႏိုင္ငံသို႔ ေရာက္ရွိလာခ်ိန္အတြင္း အေမရိကန္သမၼတႏွင့္ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ ကတိျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္အစိုးရက ယူကရိန္းႏိုင္ငံကို ထပ္မံကူညီေပးမည့္အစီအစဥ္မ်ားထဲတြင္ အကြာအေဝး ၁၃၀ ကီလိုမီတာ အထိေရာက္ရွိႏိုင္မည့္ ပဲ့ထိန္းလမ္းၫႊန္စနစ္ပါေသာ ဗုံးမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ တာလတ္ပစ္ ဒုံးက်ည္မ်ားကိုလည္း ကူညီေထာက္ပံ့ေပးမည္ျဖစ္ရာ ႐ုရွားတပ္ဖြဲ႕ဝင္မ်ား တိုက္ခိုက္ရာတြင္အသုံးျပဳခြင့္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက အေမရိကန္သမၼတသည္ ႐ုရွားပိုင္နက္အတြင္းပိုင္းသို႔ ေရာက္ရွိပစ္ခတ္ႏိုင္စြမ္းရွိမည့္ ဒုံးက်ည္မ်ား အသုံးျပဳခြင့္ေပးမည္ဆိုေသာအခ်က္ကိုေတာ့ ယူကရိန္းသမၼတကို အသုံးျပဳခြင့္ေပးမည္မဟုတ္ေၾကာင္း ေျပာသည္။ အေမရိကန္အစိုးရသည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲ စတင္ခဲ့ေသာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတည္းက ယူကရိန္းကို အကူအညီမ်ားစြာေပးခဲ့ေၾကာင္း သိရသည္။

အေမရိကန္သမၼတက "စစ္ပြဲမွာ ယူကရိန္းႏိုင္ငံကို အႏိုင္ရေစဖို႔ ေနာက္ထပ္ကူညီေပးမႈေတြနဲ႔ လုံၿခဳံေရးအကူအညီ ေတြ ထပ္မံေပးမွာပါ" ဟု ေျပာသည္။ အေမရိကန္အစိုးရက ထပ္မံကူညီေပးမည့္စစ္ေရးအကူအညီသည္ ယူကရိန္းႏိုင္ငံအတြက္ ေလေၾကာင္းရန္ကာကြယ္ေရး၊ေမာင္းသူမဲ့ေလယာဥ္၊ ေဝဟင္မွ ေျမျပင္ပစ္ဒုံးက်ည္မ်ား၊ ကူညီေထာက္ပံ့ေပးဖြယ္ရွိေနေၾကာင္း သိရသည္။

႐ုရွားႏွင့္ ယူကရိန္းၾကားျဖစ္ပြားေနသည့္စစ္ပြဲသည္ ၂ ႏွစ္ေက်ာ္လာခဲ့ေသာ္လည္း အပစ္ခတ္ရပ္စဲေရးအတြက္ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိေသးဘဲ ယူကရိန္းသည္ အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ား၏ အကူအညီရယူကာ တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.