အမေရိကန်နိုင်ငံကို ဆယ်စုနှစ်များအတွင်း အင်အားအပြင်းဆုံး ဟာရီကိန်းမုန်တိုင်းဟယ်လင်နာ ဝင်ရောက် တိုက်ခတ်နေ

 399

Pika (NP News) - စက်တင်ဘာ ၂၇

အလွန်အင်အားပြင်းသော အဆင့်(၄)အဆင့်ရှိ ဟာရီကိန်းမုန်တိုင်းဟယ်လင်နာသည် စက်တင်ဘာလ(၂၆)ရက်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုများနှင့် လျှပ်စစ်မီးပြတ်တောက် မှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

ဟာရီကိန်းမုန်တိုင်းဟယ်လင်နာသည် အသက်ရှင်လွတ်မြောက်နိုင်ခြင်းမျိုးမရှိသော အခြေအနေနှင့် နှစ်ထပ်အိမ် တစ်လုံးကိုပင် နှစ်မြုပ်ပစ်နိုင်သည်အထိ အန္တရာယ်မြင့်မားသောဟာရီကိန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောဆိုထားသည်။

ဟာရီကိန်းမုန်တိုင်းဟယ်လင်နာဝင်ရောက်တိုက်ခတ်မှုကြောင့် ကားလမ်းများနှင့် ရထားလမ်းများ ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း(၁)သန်းကျော်သည် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မက္ကဆီကိုပင်လယ်ကွေ့သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အကြီးဆုံးမုန်တိုင်းများထဲမှတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက သတိပေးပြောဆိုခဲ့ သည်။ လျင်မြန်စွာရွေ့လျားနေသော ဟာရီကိန်းမုန်တိုင်းဟယ်လင်နာသည် ပိုမိုအားကောင်းလာခဲ့ပြီး အလွန် အင်အားပြင်းသော အဆင့်(၄)အဆင့်ရှိ ဟာရီကိန်းမုန်တိုင်းဖြစ်လာခဲ့ကာ မုန်တိုင်းဗဟိုချက်သည် ပယ်ရီမြို့ကို နေ့လည်(၁၁)နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ(NHC) က ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်းဟယ်လင်နာသည် မက္ကဆီကိုပင်လယ်ကွေ့၏ ပူနွေးသောရေပြင်ကို ဖြတ်ကျော်လာခဲ့ပြီး တစ်နာရီလျှင်(၁၄၀)မိုင်နှုန်းဖြင့် တိုက်ခတ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ NHC က "ဖလော်ရီဒါပြည်နယ် Big Bend ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်နေတဲ့သူတွေဟာ မုန်တိုင်းတိုက်ခတ်မှုနဲ့ အတူ မြင့်မားတဲ့ဒီရေလှိုင်းတွေကိုကြုံတွေ့ရနိုင်တဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်" ဟု သတိပေးပြောဆိုခဲ့သည်။

PowerOutage.us ခြေရာခံဝက်ဘ်ဆိုက်အရ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းပေါင်း(၁၀၃၆၅၅၃) ခန့်သည် လျှပ်စစ် မီးပြတ်တောက်မှုများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။ NHC ဒါရိုက်တာ မိုက်ခ်ဘရန်နန် က "ဟယ်လင်နာဝင်ရောက်တိုက်ခတ်မှုနဲ့အတူ ဒီရေလှိုင်းတွေဟာ မြေပြင်ကနေ (၁၅)ပေမှ (၂၀)ပေလောက်အထိ မြင့်တက်လာနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဒီအတိုင်းအတာဟာ နှစ်ထပ်အိမ်တစ်လုံးရဲ့ ခေါင်မိုး အမြင့်လောက်ရှိပါတယ်။ ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်မှာ အသက်ရှင်လွတ်မြောက်နိုင်တာမျိုး မရှိတဲ့အခြေအနေတွေကို ကျွန်တော်တို့ မြင်တွေ့ရနိုင်ပါတယ်" ဟု ပြောခဲ့သည်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုနှင့်အတူ ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းရန် တရားဝင်သတိပေးချက်များကို လိုက်နာရန် ပြည်သူများကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းထားကြောင်းလည်း သိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံကို ဆယ္စုႏွစ္မ်ားအတြင္း အင္အားအျပင္းဆုံး ဟာရီကိန္းမုန္တိုင္းဟယ္လင္နာ ဝင္ေရာက္ တိုက္ခတ္ေန
Pika (NP News) - စက္တင္ဘာ ၂၇

အလြန္အင္အားျပင္းေသာ အဆင့္(၄)အဆင့္ရွိ ဟာရီကိန္းမုန္တိုင္းဟယ္လင္နာသည္ စက္တင္ဘာလ(၂၆)ရက္တြင္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ားႏွင့္ လွ်ပ္စစ္မီးျပတ္ေတာက္ မႈမ်ား ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

ဟာရီကိန္းမုန္တိုင္းဟယ္လင္နာသည္ အသက္ရွင္လြတ္ေျမာက္ႏိုင္ျခင္းမ်ိဳးမရွိေသာ အေျခအေနႏွင့္ ႏွစ္ထပ္အိမ္ တစ္လုံးကိုပင္ ႏွစ္ျမဳပ္ပစ္ႏိုင္သည္အထိ အႏၲရာယ္ျမင့္မားေသာဟာရီကိန္းမုန္တိုင္း ျဖစ္လာႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားက သတိေပးေျပာဆိုထားသည္။

ဟာရီကိန္းမုန္တိုင္းဟယ္လင္နာဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ကားလမ္းမ်ားႏွင့္ ရထားလမ္းမ်ား ေရနစ္ျမဳပ္ခဲ့ၿပီး လူေပါင္း(၁)သန္းေက်ာ္သည္ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

အဆိုပါမုန္တိုင္းသည္ ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း မကၠဆီကိုပင္လယ္ေကြ႕သို႔ ဝင္ေရာက္တိုက္ခတ္ခဲ့သည့္ အႀကီးဆုံးမုန္တိုင္းမ်ားထဲမွတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက သတိေပးေျပာဆိုခဲ့ သည္။ လ်င္ျမန္စြာေ႐ြ႕လ်ားေနေသာ ဟာရီကိန္းမုန္တိုင္းဟယ္လင္နာသည္ ပိုမိုအားေကာင္းလာခဲ့ၿပီး အလြန္ အင္အားျပင္းေသာ အဆင့္(၄)အဆင့္ရွိ ဟာရီကိန္းမုန္တိုင္းျဖစ္လာခဲ့ကာ မုန္တိုင္းဗဟိုခ်က္သည္ ပယ္ရီၿမိဳ႕ကို ေန႔လည္(၁၁)နာရီအခ်ိန္တြင္ ေရာက္ရွိခဲ့ေၾကာင္း အေမရိကန္အမ်ိဳးသား ဟာရီကိန္းစင္တာ(NHC) က ေျပာၾကားခဲ့သည္။

ဟာရီကိန္းမုန္တိုင္းဟယ္လင္နာသည္ မကၠဆီကိုပင္လယ္ေကြ႕၏ ပူေႏြးေသာေရျပင္ကို ျဖတ္ေက်ာ္လာခဲ့ၿပီး တစ္နာရီလွ်င္(၁၄၀)မိုင္ႏႈန္းျဖင့္ တိုက္ခတ္ေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ NHC က "ဖေလာ္ရီဒါျပည္နယ္ Big Bend ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ေနထိုင္ေနတဲ့သူေတြဟာ မုန္တိုင္းတိုက္ခတ္မႈနဲ႔ အတူ ျမင့္မားတဲ့ဒီေရလႈိင္းေတြကိုႀကဳံေတြ႕ရႏိုင္တဲ့ အႏၲရာယ္နဲ႔ရင္ဆိုင္ရႏိုင္ပါတယ္" ဟု သတိေပးေျပာဆိုခဲ့သည္။

PowerOutage.us ေျခရာခံဝက္ဘ္ဆိုက္အရ ေနအိမ္ႏွင့္ စီးပြားေရးလုပ္ငန္းေပါင္း(၁၀၃၆၅၅၃) ခန႔္သည္ လွ်ပ္စစ္ မီးျပတ္ေတာက္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ NHC ဒါ႐ိုက္တာ မိုက္ခ္ဘရန္နန္ က "ဟယ္လင္နာဝင္ေရာက္တိုက္ခတ္မႈနဲ႔အတူ ဒီေရလႈိင္းေတြဟာ ေျမျပင္ကေန (၁၅)ေပမွ (၂၀)ေပေလာက္အထိ ျမင့္တက္လာႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ ခန႔္မွန္းထားပါတယ္။ ဒီအတိုင္းအတာဟာ ႏွစ္ထပ္အိမ္တစ္လုံးရဲ႕ ေခါင္မိုး အျမင့္ေလာက္ရွိပါတယ္။ ဖေလာ္ရီဒါျပည္နယ္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ အသက္ရွင္လြတ္ေျမာက္ႏိုင္တာမ်ိဳး မရွိတဲ့အေျခအေနေတြကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။

မုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈႏွင့္အတူ ေဘးလြတ္ကင္းရာသို႔ေ႐ႊ႕ေျပာင္းရန္ တရားဝင္သတိေပးခ်က္မ်ားကို လိုက္နာရန္ ျပည္သူမ်ားကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က တိုက္တြန္းထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.