ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

 7370

ပုံစာ- လူမှုကွန်ယက်တွင် ပျံ့နှံ့နေသောအခင်းဖြစ်မြင်ကွင်း

ချယ်ရီ (NP News) - စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၇ ရက်)၊ နေ့လည်ပိုင်း ၁နာရီ အချိန်ခန့်က တောင်ဥက္ကလာပမြို့နယ်၊ ၁၄ရပ်ကွက်၊ သဇင်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“နေ့ခင်း တစ်နာရီလောက်က ဖြစ်တာပါ။ Wifi လုပ်ဖို့အတွက် ကြိုးကို ကိုင်ရင်း ဓာတ်လိုက်သွားတာဖြစ်ပါတယ်။ မိုးကလည်း ရွာနေတော့ ကြိုးပေါက်ပြီး လိုက်သွားတာဖြစ်မယ်။ ညနေက ဆုံးသွားပါတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။ မျက်မြင် ဒေသခံများက လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေးသားထားချက်များအရ သေဆုံးသူမှာ မဟာနက်ဝိုင်ဖိုင်လုပ်ငန်းမှဖြစ်ကြောင်း သိရသော်လည်း အဆိုပါ အချက်ကို NP News အနေဖြင့် သီးခြားအတည်ပြု နေဆဲဖြစ်သည်။

zawgyi version
ဝိုင္ဖိုင္ႀကိဳးတက္ျပင္သည့္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးမႈ ေတာင္ဥကၠလာပတြင္ ျဖစ္ပြား

ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဝိုင္ဖိုင္ႀကိဳးတက္ျပင္သည့္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးသည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၂၇ ရက္)၊ ေန႔လည္ပိုင္း ၁နာရီ အခ်ိန္ခန႔္က ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၁၄ရပ္ကြက္၊ သဇင္လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေန႔ခင္း တစ္နာရီေလာက္က ျဖစ္တာပါ။ Wifi လုပ္ဖို႔အတြက္ ႀကိဳးကို ကိုင္ရင္း ဓာတ္လိုက္သြားတာျဖစ္ပါတယ္။ မိုးကလည္း ႐ြာေနေတာ့ ႀကိဳးေပါက္ၿပီး လိုက္သြားတာျဖစ္မယ္။ ညေနက ဆုံးသြားပါတယ္”ဟု ၎က ဆိုသည္။

ေသဆုံးသူမွာ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေဆး႐ုံအေရာက္တြင္ ေသဆုံးျခင္းျဖစ္ေၾကာင္း ကနဦးသတင္းရရွိသည္။ မ်က္ျမင္ ေဒသခံမ်ားက လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားတြင္ ေရးသားထားခ်က္မ်ားအရ ေသဆုံးသူမွာ မဟာနက္ဝိုင္ဖိုင္လုပ္ငန္းမွျဖစ္ေၾကာင္း သိရေသာ္လည္း အဆိုပါ အခ်က္ကို NP News အေနျဖင့္ သီးျခားအတည္ျပဳ ေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.