ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်၏မူဝါဒများကို ပြိုင်ဘက်ဖြစ်သူ ကာမာလာဟာရစ် ဝေဖန်ပြစ်တင်

 880

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၈

အမေရိကန်ဒုတိယသမ္မတဖြစ်သလို အမေရိကန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့် ကာမာလာဟာရစ်က ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ပြိုင်ဘက်ဖြစ်သူဒေါ်နယ်ထရမ့်၏ ရပ်တည်ချက်များကို ဝေဖန်ပြစ်တင်လိုက် ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး သမ္မတလောင်းဒေါ်နယ်ထရမ့်၏ မူဝါဒများသည် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံ ထံတွင် အညံ့ခံစေရန် မူဝါဒမျိုးဖြစ်ကြောင်း ကာမာလာဟာရစ်က ပြောသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် အကူအညီထောက်ပံ့များ ရရှိစေရန် အမေရိကန်နိုင်ငံကို အဓိကထားမှိခိုနေရကြောင်း အမေရိကန်ဒုတိယသမ္မတ က ပြောသည်။

ယူကရိန်းသမ္မတသည် ကုလသမဂ္ဂအစည်းအဝေးကိုတက်ရောက်ရန်အတွက် အမေရိကန်သမ္မတအပြင် သမ္မတလောင်းများဖြစ်သော ကာမာလာဟာရစ်၊ ဒေါ်နယ်ထရမ့်တို့နှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ကာမာလာဟာရစ်က "နိုင်ငံအတွင်းရှိ အချို့လှုတွေဟာ ယူကရိန်းကို ပိုင်နက်နယ်မြေအချို့ စွန့်လွှတ်အောင် လုပ်ဆောင်နေတယ်။ အဲဒီလူတွေဟာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းတာမျိုးမဟုတ်ဘူး။ ရုရှားသမ္မတပူတင် လိုချင်တဲ့အတိုင်း လုပ်ဆောင်နေတာမျိုးဖြစ်တယ်" ဟု ယူကရိန်းသမ္မတဇီလန်စကီးနှင့်တွေ့ဆုံချိန်အတွင်း ပြောခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း စစ်ပွဲတွင် ရုရှားနိုင်ငံ နိုင်ပွဲ မရစေရန် ယူကရိန်းကို ကူညီထောက်ပံ့သွား မည်ဟု သမ္မတဇီလန်စကီးကို ကတိပြုခဲ့သည်။ အမေရိကန်သမ္မတက "စစ်ပွဲမှာ ယူကရိန်းနိုင်အောင် တစ်ဆင့်ချင်း ကူညီပေးသွားမယ်" ဟု ပြောသည်။

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ပြီး အမေရိကန်ပြည်သူများ၏ အခွန်ငွေကြေးများ ဆုံးရှုံးစေရန် အမေရိကန်သမ္မတ နှင့် ဒီမိုကရက်တစ်ပါတီဝင်များ လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။ ရုရှားသည် ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက်နယ်မြေလေးခုကို သိမ်းယူထားပြီး ယူကရိန်းက လည်း ရုရှားသိမ်းယူထားသည့်နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ယူကရိန်း သမ္မတသည် ရုရှားပိုင်နက်အတွင်းပိုင်းသို့ ထိုးဖောက်တိုက်ခိုက်ရန် လိုလားနေပြီး တာဝေးပစ်လက်နက်များ ကူညီပေးရန်တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္၏မူဝါဒမ်ားကို ၿပိဳင္ဘက္ျဖစ္သူ ကာမာလာဟာရစ္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၈

အေမရိကန္ဒုတိယသမၼတျဖစ္သလို အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မည့္ ကာမာလာဟာရစ္က ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ၿပိဳင္ဘက္ျဖစ္သူေဒၚနယ္ထရမ့္၏ ရပ္တည္ခ်က္မ်ားကို ေဝဖန္ျပစ္တင္လိုက္ ေၾကာင္း သိရသည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး သမၼတေလာင္းေဒၚနယ္ထရမ့္၏ မူဝါဒမ်ားသည္ ယူကရိန္းႏိုင္ငံအား ႐ုရွားႏိုင္ငံ ထံတြင္ အညံ့ခံေစရန္ မူဝါဒမ်ိဳးျဖစ္ေၾကာင္း ကာမာလာဟာရစ္က ေျပာသည္။ ယူကရိန္းသမၼတဇီလန္စကီးသည္ အကူအညီေထာက္ပံ့မ်ား ရရွိေစရန္ အေမရိကန္ႏိုင္ငံကို အဓိကထားမွိခိုေနရေၾကာင္း အေမရိကန္ဒုတိယသမၼတ က ေျပာသည္။

ယူကရိန္းသမၼတသည္ ကုလသမဂၢအစည္းအေဝးကိုတက္ေရာက္ရန္အတြက္ အေမရိကန္သမၼတအျပင္ သမၼတေလာင္းမ်ားျဖစ္ေသာ ကာမာလာဟာရစ္၊ ေဒၚနယ္ထရမ့္တို႔ႏွင့္ေတြ႕ဆုံ ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။
ကာမာလာဟာရစ္က "ႏိုင္ငံအတြင္းရွိ အခ်ိဳ႕လႈေတြဟာ ယူကရိန္းကို ပိုင္နက္နယ္ေျမအခ်ိဳ႕ စြန႔္လႊတ္ေအာင္ လုပ္ေဆာင္ေနတယ္။ အဲဒီလူေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ ကမ္းလွမ္းတာမ်ိဳးမဟုတ္ဘူး။ ႐ုရွားသမၼတပူတင္ လိုခ်င္တဲ့အတိုင္း လုပ္ေဆာင္ေနတာမ်ိဳးျဖစ္တယ္" ဟု ယူကရိန္းသမၼတဇီလန္စကီးႏွင့္ေတြ႕ဆုံခ်ိန္အတြင္း ေျပာခဲ့သည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကလည္း စစ္ပြဲတြင္ ႐ုရွားႏိုင္ငံ ႏိုင္ပြဲ မရေစရန္ ယူကရိန္းကို ကူညီေထာက္ပံ့သြား မည္ဟု သမၼတဇီလန္စကီးကို ကတိျပဳခဲ့သည္။ အေမရိကန္သမၼတက "စစ္ပြဲမွာ ယူကရိန္းႏိုင္ေအာင္ တစ္ဆင့္ခ်င္း ကူညီေပးသြားမယ္" ဟု ေျပာသည္။

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္သည္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ယူကရိန္းသမၼတ ဇီလန္စကီးကို မၾကာခဏေဝဖန္ျပစ္တင္ခဲ့ၿပီး အေမရိကန္ျပည္သူမ်ား၏ အခြန္ေငြေၾကးမ်ား ဆုံးရႈံးေစရန္ အေမရိကန္သမၼတ ႏွင့္ ဒီမိုကရက္တစ္ပါတီဝင္မ်ား လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။ ႐ုရွားသည္ ယူကရိန္းကို ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းပိုင္နက္နယ္ေျမေလးခုကို သိမ္းယူထားၿပီး ယူကရိန္းက လည္း ႐ုရွားသိမ္းယူထားသည့္နယ္ေျမမ်ား ျပန္လည္သိမ္းပိုက္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ ယူကရိန္း သမၼတသည္ ႐ုရွားပိုင္နက္အတြင္းပိုင္းသို႔ ထိုးေဖာက္တိုက္ခိုက္ရန္ လိုလားေနၿပီး တာေဝးပစ္လက္နက္မ်ား ကူညီေပးရန္ေတာင္းဆိုခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.