တောင်တရုတ်ပင်လယ်အငြင်းပွားဧရိယာတွေမှာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ကင်းလှည့်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်စစ်တပ်ကြေညာ

 252

Pika (NP News) - စက်တင်ဘာ ၂၈

တောင်တရုတ်ပင်လယ်ရဲ့ အငြင်းပွားဧရိယာတွေမှာရှိတဲ့ ပင်လယ်ပြင်နဲ့ဝေဟင်တို့မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့နဲ့ ကင်းလှည့်မှုတွေလုပ်ဆောင်ဖို့အတွက် လေကြောင်းနဲ့ ရေကြောင်းတပ်ဖွဲ့တွေကို ဖွဲ့စည်းထားတယ်လို့ တရုတ်စစ်တပ်တောင်ပိုင်းစစ်ဌာနချုပ်က စက်တင်ဘာလ(၂၈)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် Scarborough Shoal ကျွန်းအနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုတွေမှာ ထောက်လှမ်းရေးနဲ့ကြိုတင် သတိပေး တဲ့လှုပ်ရှားမှုတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့လည်း တရုတ်စစ်တပ်တောင်ပိုင်းစစ်ဌာနချုပ်က ပြော ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်း ကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း တောင်တရုတ်ပင်လယ် အပါအဝင် ၎င်းရဲ့အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်းကို ပြည်ပအင်အားစုတွေရဲ့ကျူးကျော်ဝင်ရောက်မှု မှန်သမျှကို တရုတ်အစိုးရက ချေမှုန်းသွားမယ်လို့ တရုတ်စစ်တပ်အကြီးတန်းအရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန် ပြောခဲ့ပါတယ်။
Sabina Shoal ကျွန်းအနီးမှာဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မိမှုတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ အပြန် အလှန်ပြစ်တင်ဝေဖန်မှုတွေကို မကြာခဏလုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေတွေကို ပြတ်ပြတ်သားသားကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း တရုတ်အစိုးရက ပြောကြားထားပါတယ်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားဧရိယာေတြမွာ စစ္ေရးေလ့က်င့္မႈေတြနဲ႔ကင္းလွည့္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္စစ္တပ္ေၾကညာ
Pika (NP News) - စက္တင္ဘာ ၂၈

ေတာင္တ႐ုတ္ပင္လယ္ရဲ႕ အျငင္းပြားဧရိယာေတြမွာရွိတဲ့ ပင္လယ္ျပင္နဲ႔ေဝဟင္တို႔မွာ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ဖို႔နဲ႔ ကင္းလွည့္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေလေၾကာင္းနဲ႔ ေရေၾကာင္းတပ္ဖြဲ႕ေတြကို ဖြဲ႕စည္းထားတယ္လို႔ တ႐ုတ္စစ္တပ္ေတာင္ပိုင္းစစ္ဌာနခ်ဳပ္က စက္တင္ဘာလ(၂၈)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ Scarborough Shoal ကြၽန္းအနီးတစ္ဝိုက္ စစ္ေရးေလ့က်င့္မႈေတြမွာ ေထာက္လွမ္းေရးနဲ႔ႀကိဳတင္ သတိေပး တဲ့လႈပ္ရွားမႈေတြကို အဓိကထားလုပ္ေဆာင္သြားမယ္လို႔လည္း တ႐ုတ္စစ္တပ္ေတာင္ပိုင္းစစ္ဌာနခ်ဳပ္က ေျပာ ၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ဟာ အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္း ကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ေတာင္တ႐ုတ္ပင္လယ္ အပါအဝင္ ၎ရဲ႕အခ်ဳပ္အျခာအာဏာပိုင္ နယ္ေျမအတြင္းကို ျပည္ပအင္အားစုေတြရဲ႕က်ဴးေက်ာ္ဝင္ေရာက္မႈ မွန္သမွ်ကို တ႐ုတ္အစိုးရက ေခ်မႈန္းသြားမယ္လို႔ တ႐ုတ္စစ္တပ္အႀကီးတန္းအရာရွိတစ္ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ ေျပာခဲ့ပါတယ္။
Sabina Shoal ကြၽန္းအနီးမွာျဖစ္ပြားခဲ့တဲ့ သေဘၤာတိုက္မိမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ဟာ အျပန္ အလွန္ျပစ္တင္ေဝဖန္မႈေတြကို မၾကာခဏလုပ္ေဆာင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံရဲ႕အက်ိဳးစီးပြားနဲ႔ အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမေတြကို ျပတ္ျပတ္သားသားကာကြယ္ဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း တ႐ုတ္အစိုးရက ေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.