အင်ဒိုနီးရှားနိုင်ငံမှာ ရွှေတွင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦး သေဆုံး

 415

Pika (NP News) - စက်တင်ဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေတွင်းတစ်ခုပြိုကျခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာလ(၂၇)ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ရွှေတွင်းပြိုကျမှုအတွင်း ပျောက်ဆုံးနေတဲ့အခြားလူ(၇)ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ဝေးလံခေါင်သီတဲ့ဒေသတွေမှာ တရားမဝင်လုပ်ကိုင်နေတဲ့ တူးဖော်ရေးလုပ်ငန်းတွေမှာ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ(၂၆)ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် Solok ခရိုင်မှာရှိတဲ့ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေတွင်းက ပြိုကျခဲ့တာဖြစ်တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်အေဂျင်စီအကြီးအကဲ Irwan Efendi က ပြောကြားခဲ့ပါတယ်။ ကားနဲ့သွားလို့မရတဲ့အတွက် ကယ်ဆယ်ရေးသမားတွေဟာ အဲဒီရွှေတွင်းနေရာကို ရောက်ရှိဖို့အတွက် အချိန်(၈)နာရီလောက် လမ်းလျှောက်ခဲ့ရတယ်လို့လည်း Irwan Efendi က ပြောကြားခဲ့ပါတယ်။

၎င်းက "ရွှေတွင်းပြိုကျမှုအတွင်း သေဆုံးခဲ့တွေအားလုံးဟာ ရွှေတူးဖော်တဲ့ဒေသခံတွေပဲဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ ပြိုကျမှုတွေဖြစ်ပွားတဲ့အချိန်မှာ ရွှေတွင်းအတွင်း လူ(၂၅)ဦးလောက် အလုပ်လုပ်နေကြတာဖြစ်ပြီး (၁၅)ဦး သေဆုံးခဲ့ကာ သုံးဦးကထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အခြားလူ(၇)ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ ေ႐ႊတြင္းၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၂၈

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဆူမၾတားျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ တရားမဝင္လုပ္ကိုင္ေနတဲ့ ေ႐ႊတြင္းတစ္ခုၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက စက္တင္ဘာလ(၂၇)ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ေ႐ႊတြင္းၿပိဳက်မႈအတြင္း ေပ်ာက္ဆုံးေနတဲ့အျခားလူ(၇)ဦးကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ဆက္လက္ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ေဝးလံေခါင္သီတဲ့ေဒသေတြမွာ တရားမဝင္လုပ္ကိုင္ေနတဲ့ တူးေဖာ္ေရးလုပ္ငန္းေတြမွာ မေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔လည္း သိရပါတယ္။

စက္တင္ဘာလ(၂၆)ရက္ ညေနပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ Solok ခ႐ိုင္မွာရွိတဲ့ တရားမဝင္လုပ္ကိုင္ေနတဲ့ ေ႐ႊတြင္းက ၿပိဳက်ခဲ့တာျဖစ္တယ္လို႔ ျပည္နယ္သဘာဝေဘးအႏၲရာယ္ေအဂ်င္စီအႀကီးအကဲ Irwan Efendi က ေျပာၾကားခဲ့ပါတယ္။ ကားနဲ႔သြားလို႔မရတဲ့အတြက္ ကယ္ဆယ္ေရးသမားေတြဟာ အဲဒီေ႐ႊတြင္းေနရာကို ေရာက္ရွိဖို႔အတြက္ အခ်ိန္(၈)နာရီေလာက္ လမ္းေလွ်ာက္ခဲ့ရတယ္လို႔လည္း Irwan Efendi က ေျပာၾကားခဲ့ပါတယ္။

၎က "ေ႐ႊတြင္းၿပိဳက်မႈအတြင္း ေသဆုံးခဲ့ေတြအားလုံးဟာ ေ႐ႊတူးေဖာ္တဲ့ေဒသခံေတြပဲျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။ ၿပိဳက်မႈေတြျဖစ္ပြားတဲ့အခ်ိန္မွာ ေ႐ႊတြင္းအတြင္း လူ(၂၅)ဦးေလာက္ အလုပ္လုပ္ေနၾကတာျဖစ္ၿပီး (၁၅)ဦး ေသဆုံးခဲ့ကာ သုံးဦးကထိခိုက္ဒဏ္ရာေတြရရွိခဲ့ၿပီး အျခားလူ(၇)ဦးက ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.