ကလောမြို့နယ်တွင် ခရီးသွားကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံး
897
နာမူ (NP News) - ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ခရီးသွားကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကလောမြို့ ကရုဏာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ( ဒီဇင်ဘာလ ၆ ရက်)၊ ည ၉ နာရီ အချိန်ခန့်က ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ဝက်ဖြူရေကျေးရွာအနီးရှိ မိုင်တိုင်အမှတ်(၆၁/၃) နှင့် (၆၁/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားဘရိတ်ပေါက်သွားတာ။ လူသုံးယောက်လုံး ထိခိုက်ဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ပွဲချင်းပြီးသေဆုံး သွားတယ်။ စပယ်ယာ ဒဏ်ရာရတယ်။ နောက်ပြီးတော့ သူတို့ အသိတစ်ယောက် ကားကြုံလိုက်စီးတာမှာလည်း ဒဏ်ရာရတယ်” ဟု ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့် အမျိုးသား (၃) ဦးအနက် ယာဉ်မောင်းမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၂) ဦးတွင် ခြေထောက်နှင့် နံရိုးကျိုးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“တကယ်ဆို ကားတွေကတော့ ခရီးမထွက်ခင် စက်ပစ္စည်းတွေကို စစ်သင့်တယ်လို့တော့ ထင်တာပဲ။ စစ်ကလည်း မစစ်ဘူး။ အမြဲတမ်းသွားနေကြတော့ ဖြစ်တာများတာပေါ့။ ပြီးတော့ တောင်ပေါ်လမ်းဆိုတော့ အကွေ့ အကောက်တွေ များတယ်လေ” ဟု ၎င်းက အကြံပြုပြောကြားသည်။
ထို့ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ကလောမြို့နယ် ကရုဏာလူမှုကူညီရေးအသင်းမှ ကလောမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
ကေလာၿမိဳ႕နယ္တြင္ ခရီးသြားကားတစ္စီး ဘရိတ္ေပါက္တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းပြဲခ်င္းၿပီး ေသဆုံး
နာမူ (NP News) - ဒီဇင္ဘာ ၇
ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕နယ္တြင္ ခရီးသြားကားတစ္စီး ဘရိတ္ေပါက္တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ကေလာၿမိဳ႕ က႐ုဏာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ( ဒီဇင္ဘာလ ၆ ရက္)၊ ည ၉ နာရီ အခ်ိန္ခန႔္က ကေလာၿမိဳ႕နယ္၊ ဝက္ျဖဴေရေက်း႐ြာအုပ္စု၊ ဝက္ျဖဴေရေက်း႐ြာအနီးရွိ မိုင္တိုင္အမွတ္(၆၁/၃) ႏွင့္ (၆၁/၄) အၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားဘရိတ္ေပါက္သြားတာ။ လူသုံးေယာက္လုံး ထိခိုက္ဒဏ္ရာရတယ္။ ယာဥ္ေမာင္းကေတာ့ ပြဲခ်င္းၿပီးေသဆုံး သြားတယ္။ စပယ္ယာ ဒဏ္ရာရတယ္။ ေနာက္ၿပီးေတာ့ သူတို႔ အသိတစ္ေယာက္ ကားႀကဳံလိုက္စီးတာမွာလည္း ဒဏ္ရာရတယ္” ဟု က႐ုဏာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ ပါလာသည့္ အမ်ိဳးသား (၃) ဦးအနက္ ယာဥ္ေမာင္းမွာ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား(၂) ဦးတြင္ ေျခေထာက္ႏွင့္ နံ႐ိုးက်ိဳးဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“တကယ္ဆို ကားေတြကေတာ့ ခရီးမထြက္ခင္ စက္ပစၥည္းေတြကို စစ္သင့္တယ္လို႔ေတာ့ ထင္တာပဲ။ စစ္ကလည္း မစစ္ဘူး။ အၿမဲတမ္းသြားေနၾကေတာ့ ျဖစ္တာမ်ားတာေပါ့။ ၿပီးေတာ့ ေတာင္ေပၚလမ္းဆိုေတာ့ အေကြ႕ အေကာက္ေတြ မ်ားတယ္ေလ” ဟု ၎က အႀကံျပဳေျပာၾကားသည္။
ထို႔ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို ကေလာၿမိဳ႕နယ္ က႐ုဏာလူမႈကူညီေရးအသင္းမွ ကေလာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။