တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု

 1706

Pika (NP News) - စက်တင်ဘာ ၂၉

လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံသတ်ဖြတ်နိုင်မှုက အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးရဲ့ တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ မရောက်ရှိနိုင်တဲ့နေရာမရှိဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဒေသတွင်းပြိုင်ဖက်တွေကို စက်တင်ဘာလ(၂၈)ရက်နေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဘေရွတ်မြို့မှာရှိတဲ့ မြေအောက်ဘန်ကာတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။Hassan Nasrallah သေဆုံးမှုကို ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့လည်း နေတန်ရာဟုက အီရန်ကို သတိပေးပြောဆိုခဲ့ပါတယ်။

နေတန်ရာဟုက "ကျွန်တော်တို့ကို တိုက်ခိုက်တဲ့နိုင်ငံတွေကို ပြန်ပြီးလက် တုံ့ပြန်တိုက်ခိုက်သွားမှာပါ။ အီရန် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးရဲ့တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ မရောက်ရှိနိုင်တဲ့နေရာမရှိဘူးဆိုတာ ဒီနေ့လုပ်ရပ်က သက်သေပါပဲ"လို့ ပြောဆိုခဲ့ပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah ကို အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်မှုဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အတွက် နောက်ထပ်သတင်းစကားတစ်ခုဖြစ်တယ်လို့လည်း နေတန်ရာဟုကပြောကြားခဲ့ပါတယ်။ နေတန်ရာဟုက "ဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးကို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နိုင်ငံရေးခေါင်းဆောင် ယာယာဆင်ဝါက နားလည်လေလေ ကျွန်တော်တို့ရဲ့ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်လာနိုင်ဖို့ အခွင့်အလမ်းတွေ ပိုများလာလေပါပဲ"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အစ္စရေးဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ABC သတင်းဌာနရဲ့သတင်းရင်းမြစ်တွေက ရေးသားဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ဘနွန်နိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့အီလက်ထရွန်းနစ်ပစ္စည်းတွေ နှစ်ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

zawgyi version
တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ နဲ႔ အီရန္ကို ၿခိမ္းေျခာက္လိုက္တဲ့ အစၥ ေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု
Pika (NP News) - စက္တင္ဘာ ၂၉

လက္ဘႏြန္ႏိုင္ငံက ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံသတ္ျဖတ္ႏိုင္မႈက အေရွ႕အလယ္ပိုင္းေဒသမွာ အစၥေရးရဲ႕ တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ မေရာက္ရွိႏိုင္တဲ့ေနရာမရွိဘူးဆိုတာကို ျပသေနတာျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေဒသတြင္းၿပိဳင္ဖက္ေတြကို စက္တင္ဘာလ(၂၈)ရက္ေန႔မွာ သတိေပးေျပာဆိုလိုက္ပါတယ္။

အစၥေရးတပ္ဖြဲ႕ေတြဟာ ေဘ႐ြတ္ၿမိဳ႕မွာရွိတဲ့ ေျမေအာက္ဘန္ကာတစ္ခုကို ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံသတ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။Hassan Nasrallah ေသဆုံးမႈကို ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဘယ္လိုၿခိမ္းေျခာက္မႈမ်ိဳးကိုမဆို အစၥေရးက လက္တုံ႔ျပန္တိုက္ခိုက္သြားမယ္လို႔လည္း ေနတန္ရာဟုက အီရန္ကို သတိေပးေျပာဆိုခဲ့ပါတယ္။

ေနတန္ရာဟုက "ကြၽန္ေတာ္တို႔ကို တိုက္ခိုက္တဲ့ႏိုင္ငံေတြကို ျပန္ၿပီးလက္ တုံ႔ျပန္တိုက္ခိုက္သြားမွာပါ။ အီရန္ ဒါမွမဟုတ္ အေရွ႕အလယ္ပိုင္းေဒသမွာ အစၥေရးရဲ႕တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ မေရာက္ရွိႏိုင္တဲ့ေနရာမရွိဘူးဆိုတာ ဒီေန႔လုပ္ရပ္က သက္ေသပါပဲ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို အစၥေရးရဲ႕ လုပ္ႀကံသတ္ျဖတ္မႈဟာ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အတြက္ ေနာက္ထပ္သတင္းစကားတစ္ခုျဖစ္တယ္လို႔လည္း ေနတန္ရာဟုကေျပာၾကားခဲ့ပါတယ္။ ေနတန္ရာဟုက "ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြအားလုံးကို ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ႏိုင္ငံေရးေခါင္းေဆာင္ ယာယာဆင္ဝါက နားလည္ေလေလ ကြၽန္ေတာ္တို႔ရဲ႕ဖမ္းဆီးခံထားရတဲ့ ဓားစာခံေတြ ျပန္လြတ္လာႏိုင္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားလာေလပါပဲ"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ ABC သတင္းဌာနရဲ႕သတင္းရင္းျမစ္ေတြက ေရးသားေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလမွာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက အစၥေရးနဲ႔ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက လက္ဘႏြန္ႏိုင္ငံတြင္းမွာ ေထာင္နဲ႔ခ်ီတဲ့အီလက္ထ႐ြန္းနစ္ပစၥည္းေတြ ႏွစ္ရက္ဆက္တိုက္ေပါက္ကြဲခဲ့ၿပီးေနာက္ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.