တရုတ်ကာကွယ်ရေးစက်မှု လုပ်ငန်းအတွင်း အကျင့်ပျက်ခြစားကြောင်း စွပ်စွဲမှုပြဿနာများဖြစ်ပေါ်နေ

 861

Htay Oung (NP News) - စက်တင်ဘာ ၂၉

တရုတ်တို့ရဲ့ နောက်ဆုံးပေါ် နျူကလီယား ရေငုပ်သင်္ဘောကြီးဟာ ဆိုက်ကပ်နေစဉ် နစ်မြုပ်သွားတယ်လို့ သတင်း များ ထွက်ပေါ်လာကြောင်း၊ ဒီကိစ္စဟာ အမေရိကန်နဲ့ ပင်လယ်ရေကြောင်း စစ်အင်အားမှာ ပုခုံးချင်းယှဉ်နိုင်ဖို့ ပေကျင်းရဲ့ရည်မှန်းချက်အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုဖြစ်ကြောင်း ပင်တာဂွန် တာဝန်ရှိသူများက ပြောပြတယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်အင်ဒီးယား” (27 September 2024) က ရေးသားပါတယ်။

အဲဒီအဖြစ်အပျက်ဟာ Covid-19 ကူးစက်ကပ်ရောဂါစတင်ဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေတဲ့ ဝူဟန်မြို့အနီးရှိ ယန်စီမြစ် အတွင်း “ဝူချောင်း” သင်္ဘောကျင်းမှာ ပြီးခဲ့တဲ့ မေလ ဒါမှမဟုတ် ဇွန်လမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တရုတ်ကွန် မြူနစ်အာဏာပိုင်များကတော့ အဆိုပါဖြစ်ရပ်ကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ပေမယ့် ဂြိုလ်တုဓာတ်ပုံများက အဆိုပါ ဖြစ်ရပ်မှန်ကန်ကြောင်း သက်သေပြနေပါတယ်။

နစ်မြုပ်ချိန် ဆိပ်ခံနားမှာ ဆိုက်ကပ်ထားတယ်လို့ ယူဆရတဲ့ ရေငုပ်သင်္ဘောရဲ့ X ပုံသဏ္ဍာန် ပဲ့ပိုင်းအမှတ်အသား အရ အဲဒီသင်္ဘောဟာ တရုတ်ရေတပ် ရေငုပ်သင်္ဘောများမှာ ပထမဆုံးဖြစ်တဲ့ နျူကလီယာစွမ်းအင်သုံး “ချူ-အတန်း အစား” ရေငုပ်သင်္ဘောဖြစ်တယ်လို့ သိရှိရကြောင်း အမေရိကန်ရေတပ်အရာရှိတစ်ဦးက ရိုက်တာသတင်း အေဂျင်စီကို ပြောပြပါတယ်။
ရေငုပ်သင်္ဘောမှာ နျူကလီယားလောင်စာများကို သယ်ဆောင်ထားခြင်း ရှိ-မရှိနဲ့ အသေအပျောက် ရှိ-မရှိ လည်း တိကျသေချာ မသိရသေးကြောင်း၊ ဒါပေမယ့် ဝေါလ်စထရိဂျာနယ်ကတော့ ကျွမ်းကျင်သူများကို ကိုးကားပြီး နျူကလီးယားလောင်စာများ သယ်ဆောင်ထားကြောင်းနဲ့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေးပါတယ်။ နောက်ပိုင်းမှာ ရေငုပ်သင်္ဘောကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပေမယ့် မူလအတိုင်း ပြန်လည်အသုံးပြုနိုင်တဲ့အထိ လများစွာ ကြာမြင့်နိုင်ပါတယ်။

နျူကလီယာရေငုပ်သင်္ဘောကြီးတစ်စင်လုံး နစ်မြုပ်သွားတာမှန်ပေမယ့် တရုတ်အာဏာပိုင်တွေအနေနဲ့ ဆိပ်ကမ်း ရေပြင် ဒါမှမဟုတ် အနီးပတ်ဝန်းကျင်မှာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို စမ်းသပ်ခဲ့တဲ့အထောက်အထား မတွေ့ရှိရ ဘူးလို့ အမေရိကန်တာဝန်ရှိသူများက မှတ်ချက်ပေးပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဝန်ခံ ပြောဆိုခြင်း မရှိသေးပါဘူး။ နွေရာသီ ဝူချောင်းဆိပ်ကမ်းမှာ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုရဲ့အရိပ်အယောင်ကို ပထမဆုံး သတိပြုမိကြောင်း အမေရိကန်ရေတပ်ရေငုပ်သင်္ဘောအရာရှိဟောင်း၊ “နယူးအမေရိ ကန်လုံခြုံရေး စင်တာ” မှ အကြီးတန်းသုတေသနမှူးတစ်ဦးဖြစ်သူ “သောမတ် ရှူးဂရက်” ကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

အလုပ်ရှုတ်နေတဲ့ ဝန်ချီစက်များ အပါအဝင် ဥဒဟို ဗျာများနေတဲ့ သင်္ဘောများပုံတွေပါရှိတဲ့ ကောင်းကင်ဂြိုလ်တု ဓါတ်ပုံကို ရှူးဂရက်က လူမှုကွန်ရက်မှာ မျှဝေလွှင့်တင်ခဲ့ပါတယ်။ ရေငုပ်သင်္ဘောတစ်စီး မတော်တဆဖြစ်တာနေ လိမ့်မယ်လို့ ရှူးဂရက်က ပုံစာ ထိုးခဲ့ပေမယ့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကြီးဖြစ်လိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။
အဲဒီဖြစ်ရပ် အပါအဝင် သဘာဝပတ်ဝန်းပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ရဲ့အရည်အချင်းနဲ့ တာဝန်ယူတာဝန်ခံမှုအပေါ် စိုးရိမ်ပူပန်မှုဖြစ်ခဲ့ရတယ်လို့ နောက်ပိုင်းမှာ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦး က ရိုက်တာကို သတင်းပေးပို့ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ လေ့ကျင့်ရေးစံနှုန်းများနဲ့ စက်ကိရိယာများရဲ့အရည် အသွေးအပေါ် သံသယဖြစ်စေယုံသာမက အကျင့်ပျက်ခြစားကြောင်း စွပ်စွဲမှုပြဿနာများနဲ့ ရင်ဆိုင်နေရတဲ့ ပေကျင်းရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထိပ်ပိုင်းပုဂ္ဂိုလ်များရဲ့ တာဝန်ခံမှုနဲ့ ကြီးကြပ်မှုအတွက် စိုးရိမ်စိတ်ပျက်စရာများပဲဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ် ရေတပ်မတော်အနေနဲ့ အဲဒီလောက်အဖြစ်မျိုးကို ဖုံးကွယ်ထားစရာမရှိဘူးလို့ မှတ်ယူရပါတယ်။
ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးမှ ကိုယ်စားလှယ်တစ်ဦးကတော့ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိကြောင်း၊ လှမ်းမေးရအောင်လည်း (အနောက်အုပ်စု) ဖော်ပြနေတဲ့သတင်းများမှာ အသေးစိတ် အချက်အလက်များ မပါရှိဘူးလို့ ပြောပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ရဲ့အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ နျူကလီယာစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည် ၆-စင်း၊ နျုကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၆ စီးနဲ့ ၂၀၂၂ ခုနှစ်အထိ ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၄၈ စင်းကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ်။ ၂၀၂၅ ခုနှစ်အရောက် အဲဒီနျူကလီးယားရေယာဉ်စု မှာ ရေငုပ်သင်္ဘော ၆၅ စီးအထိ၊ ၂၀၃၅ ခုနှစ်မှာ အစီး ၈ဝ အထိ တိုးချဲ့သွားဖို့ ရည်မှန်းထားတယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ခန့်မှန်းထားပါတယ်။
အဲဒီ ရေငုပ်သင်္ဘောအသစ်တွေဟာ PLA ရေတပ် ရေပြင်သွား ရေယာဉ်များ-လေယာဉ်တင်သင်္ဘောများနဲ့အတူ ယှဉ်တွဲတာဝန်ထမ်းဆောင်ပြီး ထိုင်ဝမ်ကိုထောက်ပံ့ဖို့ အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုများကို တန်ပြန်ရန် ရည်ရွယ်ထားကြောင်း၊ တောင်တရုတ်ပင်လယ်မှ ဂျပန်ကျွန်းစုအထိ ကျွန်းဆက်များတစ်လျှောက် ပင်လယ်ရေ ကြောင်းဆိုင်ရာ “စစ်အင်အားသာလွန်ကောင်းမွန်မှု” ကို ထူထောင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။

ယခုဖြစ်ရပ်ဟာ တရုတ်ရဲ့ PLA ရေတပ်စွမ်းရည်နဲ့ ကျယ်ပြန့်တဲ့ စစ်ရေးရည်မှန်းချက်များအပေါ် သိသိသာသာ သက်ရောက်မှုရှိတယ်လို့ အိန္ဒိယသတင်းစာက ရေးသားခဲ့ပါတယ်။
နောက်ဆုန်ပြန်သလိုဖြစ်သွားတဲ့ကိစ္စဟာ အမေရိကန်နဲ့ ပင်လယ်ရေကြောင်းစစ်အင်အားမှာ ပုခုံးချင်းယှဉ်ဖို့ တရုတ် ရဲ့အဆင့်လိုက်အားထုတ်မှုကို နှောင့်နှေးစေယုံသာမက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ရေတပ်မတော် အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စများမှာ မေးခွန်းထုတ် စရာများ ဖြစ်လာခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားတို့လို မဟာဗျူဟာမြောက်နယ်မြေများမှာ တရုတ် နိုင်ငံရဲ့ “ရေတပ်အဆင်သင့်ရှိမှု”နဲ့ ပတ်သက်ပြီး ယုံကြည်မှုအပေါ် ထိခိုက်စေနိုင်ပါတယ်။ တရုတ်တို့ရဲ့ နျူကလီး ယားပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းမှု၊ ဘေးကင်းရေးစံချိန်စံညွှန်းများကို လိုက်နာခြင်းများနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထိထိရောက်ရောက် တိုးမြှင့်စိစစ်ဖို့ ဆောင်ရွက်ဖွယ်ဖြစ်လာပါတယ်။ ဒီအတွက် ဒေသတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ ရပ်တည်မှုအပေါ် ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
(ယခုသတင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမီဒီယာအချို့ဖော်ပြရာမှာ အဲဒီနစ်မြုပ်သွားတယ်ဆိုတဲ့ နျူကလီးယား ရေငုပ်သင်္ဘောဟာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အသုံးပြုလက်စ ရေယာဉ်မဟုတ်၊ တည်ဆောက်နေဆဲ ရေငုပ်သင်္ဘောဖြစ်တယ်လို့ ဆိုပါတယ်။
တည်ဆောက် (သို့မဟုတ်) လွန်းတင်ပြင်ဆင်ဆဲ ရေယာဉ်တစ်စီးဟာ ရေလုံရာခိုင်နှုန်းတစ်ခုရောက်ရင် သင်္ဘော ကျင်းနေရာကို ချွေတာတဲ့အနေနဲ့ ဆိပ်ခံတစ်ခုခုကို ပြောင်းရွှေ့ ကြိုးချည်ထားတတ်ကြပါတယ်။ ဒီအတွက် ဓါတ်ရောင်ခြည်ဖြာထွက်မှု ရှိ-မရှိ ကိုတော့ ခန့်မှန်းရေးသားနေကြပါတယ်။ ။သတင်းဘာသာပြန်သူ)

#တရုတ်နျူကလီယာရေငုပ်သင်္ဘောနစ်မြုပ် #ယန်စီမြစ် #ဝူဟန်မြို့ #ဝူချောင်းသင်္ဘောကျင်း
#ချူ_အတန်းအစားနျူကလီယာရေငုပ်သင်္ဘော #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်
(Times of India., 27 Spepember, ” Another Wuhan disaster: US says China’s latest state-of-the-art submarine sank while in dock” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တ႐ုတ္ကာကြယ္ေရးစက္မႈ လုပ္ငန္းအတြင္း အက်င့္ပ်က္ျခစားေၾကာင္း စြပ္စြဲမႈျပႆနာမ်ားျဖစ္ေပၚေန
Htay Oung (NP News) - စက္တင္ဘာ ၂၉

တ႐ုတ္တို႔ရဲ႕ ေနာက္ဆုံးေပၚ န်ဴကလီယား ေရငုပ္သေဘၤာႀကီးဟာ ဆိုက္ကပ္ေနစဥ္ နစ္ျမဳပ္သြားတယ္လို႔ သတင္း မ်ား ထြက္ေပၚလာေၾကာင္း၊ ဒီကိစၥဟာ အေမရိကန္နဲ႔ ပင္လယ္ေရေၾကာင္း စစ္အင္အားမွာ ပုခုံးခ်င္းယွဥ္ႏိုင္ဖို႔ ေပက်င္းရဲ႕ရည္မွန္းခ်က္အတြက္ ႀကီးမားတဲ့ အတားအဆီးတစ္ခုျဖစ္ေၾကာင္း ပင္တာဂြန္ တာဝန္ရွိသူမ်ားက ေျပာျပတယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေအာ့ဖ္အင္ဒီးယား” (27 September 2024) က ေရးသားပါတယ္။

အဲဒီအျဖစ္အပ်က္ဟာ Covid-19 ကူးစက္ကပ္ေရာဂါစတင္ျဖစ္ပြားျခင္းနဲ႔ ဆက္စပ္ေနတဲ့ ဝူဟန္ၿမိဳ႕အနီးရွိ ယန္စီျမစ္ အတြင္း “ဝူေခ်ာင္း” သေဘၤာက်င္းမွာ ၿပီးခဲ့တဲ့ ေမလ ဒါမွမဟုတ္ ဇြန္လမွာ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။ တ႐ုတ္ကြန္ ျမဴနစ္အာဏာပိုင္မ်ားကေတာ့ အဆိုပါျဖစ္ရပ္ကို ဖုံးကြယ္ရန္ ႀကိဳးပမ္းခဲ့ေပမယ့္ ၿဂိဳလ္တုဓာတ္ပုံမ်ားက အဆိုပါ ျဖစ္ရပ္မွန္ကန္ေၾကာင္း သက္ေသျပေနပါတယ္။

နစ္ျမဳပ္ခ်ိန္ ဆိပ္ခံနားမွာ ဆိုက္ကပ္ထားတယ္လို႔ ယူဆရတဲ့ ေရငုပ္သေဘၤာရဲ႕ X ပုံသ႑ာန္ ပဲ့ပိုင္းအမွတ္အသား အရ အဲဒီသေဘၤာဟာ တ႐ုတ္ေရတပ္ ေရငုပ္သေဘၤာမ်ားမွာ ပထမဆုံးျဖစ္တဲ့ န်ဴကလီယာစြမ္းအင္သုံး “ခ်ဴ-အတန္း အစား” ေရငုပ္သေဘၤာျဖစ္တယ္လို႔ သိရွိရေၾကာင္း အေမရိကန္ေရတပ္အရာရွိတစ္ဦးက ႐ိုက္တာသတင္း ေအဂ်င္စီကို ေျပာျပပါတယ္။
ေရငုပ္သေဘၤာမွာ န်ဴကလီယားေလာင္စာမ်ားကို သယ္ေဆာင္ထားျခင္း ရွိ-မရွိနဲ႔ အေသအေပ်ာက္ ရွိ-မရွိ လည္း တိက်ေသခ်ာ မသိရေသးေၾကာင္း၊ ဒါေပမယ့္ ေဝါလ္စထရိဂ်ာနယ္ကေတာ့ ကြၽမ္းက်င္သူမ်ားကို ကိုးကားၿပီး န်ဴကလီးယားေလာင္စာမ်ား သယ္ေဆာင္ထားေၾကာင္းနဲ႔ ထိခိုက္ေသဆုံးသူ ရွိႏိုင္တယ္လို႔ ေရးပါတယ္။ ေနာက္ပိုင္းမွာ ေရငုပ္သေဘၤာကို ျပန္လည္ဆယ္ယူႏိုင္ခဲ့ေပမယ့္ မူလအတိုင္း ျပန္လည္အသုံးျပဳႏိုင္တဲ့အထိ လမ်ားစြာ ၾကာျမင့္ႏိုင္ပါတယ္။

န်ဴကလီယာေရငုပ္သေဘၤာႀကီးတစ္စင္လုံး နစ္ျမဳပ္သြားတာမွန္ေပမယ့္ တ႐ုတ္အာဏာပိုင္ေတြအေနနဲ႔ ဆိပ္ကမ္း ေရျပင္ ဒါမွမဟုတ္ အနီးပတ္ဝန္းက်င္မွာ ဓာတ္ေရာင္ျခည္ျဖာထြက္မႈကို စမ္းသပ္ခဲ့တဲ့အေထာက္အထား မေတြ႕ရွိရ ဘူးလို႔ အေမရိကန္တာဝန္ရွိသူမ်ားက မွတ္ခ်က္ေပးပါတယ္။
တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ကေတာ့ အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာဝန္ခံ ေျပာဆိုျခင္း မရွိေသးပါဘူး။ ေႏြရာသီ ဝူေခ်ာင္းဆိပ္ကမ္းမွာ ပုံမွန္မဟုတ္တဲ့ ျဖစ္ရပ္တစ္ခုရဲ႕အရိပ္အေယာင္ကို ပထမဆုံး သတိျပဳမိေၾကာင္း အေမရိကန္ေရတပ္ေရငုပ္သေဘၤာအရာရွိေဟာင္း၊ “နယူးအေမရိ ကန္လုံၿခဳံေရး စင္တာ” မွ အႀကီးတန္းသုေတသနမႉးတစ္ဦးျဖစ္သူ “ေသာမတ္ ရႉးဂရက္” ကို ကိုးကားၿပီး ေဝါလ္စထရိဂ်ာနယ္က ေရးသားခဲ့ျခင္းျဖစ္ပါတယ္။

အလုပ္ရႈတ္ေနတဲ့ ဝန္ခ်ီစက္မ်ား အပါအဝင္ ဥဒဟို ဗ်ာမ်ားေနတဲ့ သေဘၤာမ်ားပုံေတြပါရွိတဲ့ ေကာင္းကင္ၿဂိဳလ္တု ဓါတ္ပုံကို ရႉးဂရက္က လူမႈကြန္ရက္မွာ မွ်ေဝလႊင့္တင္ခဲ့ပါတယ္။ ေရငုပ္သေဘၤာတစ္စီး မေတာ္တဆျဖစ္တာေန လိမ့္မယ္လို႔ ရႉးဂရက္က ပုံစာ ထိုးခဲ့ေပမယ့္ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာႀကီးျဖစ္လိမ့္မယ္လို႔ မထင္မွတ္ခဲ့ပါဘူး။
အဲဒီျဖစ္ရပ္ အပါအဝင္ သဘာဝပတ္ဝန္းပတ္ဝန္းက်င္ ညစ္ညမ္းမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္စစ္တပ္ရဲ႕အရည္အခ်င္းနဲ႔ တာဝန္ယူတာဝန္ခံမႈအေပၚ စိုးရိမ္ပူပန္မႈျဖစ္ခဲ့ရတယ္လို႔ ေနာက္ပိုင္းမွာ အေမရိကန္ကာကြယ္ေရး အရာရွိတစ္ဦး က ႐ိုက္တာကို သတင္းေပးပို႔ခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္ဟာ ေလ့က်င့္ေရးစံႏႈန္းမ်ားနဲ႔ စက္ကိရိယာမ်ားရဲ႕အရည္ အေသြးအေပၚ သံသယျဖစ္ေစယုံသာမက အက်င့္ပ်က္ျခစားေၾကာင္း စြပ္စြဲမႈျပႆနာမ်ားနဲ႔ ရင္ဆိုင္ေနရတဲ့ ေပက်င္းရဲ႕ ကာကြယ္ေရးစက္မႈလုပ္ငန္းအတြင္း တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ထိပ္ပိုင္းပုဂၢိဳလ္မ်ားရဲ႕ တာဝန္ခံမႈနဲ႔ ႀကီးၾကပ္မႈအတြက္ စိုးရိမ္စိတ္ပ်က္စရာမ်ားပဲျဖစ္တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ ေရးတပ္ ေရတပ္မေတာ္အေနနဲ႔ အဲဒီေလာက္အျဖစ္မ်ိဳးကို ဖုံးကြယ္ထားစရာမရွိဘူးလို႔ မွတ္ယူရပါတယ္။
ဝါရွင္တန္အေျခစိုက္ တ႐ုတ္သံ႐ုံးမွ ကိုယ္စားလွယ္တစ္ဦးကေတာ့ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး သူ႔အေနနဲ႔ ရင္းႏွီးကြၽမ္းဝင္မႈမရွိေၾကာင္း၊ လွမ္းေမးရေအာင္လည္း (အေနာက္အုပ္စု) ေဖာ္ျပေနတဲ့သတင္းမ်ားမွာ အေသးစိတ္ အခ်က္အလက္မ်ား မပါရွိဘူးလို႔ ေျပာပါတယ္။

ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕အစီရင္ခံစာအရ တ႐ုတ္ႏိုင္ငံဟာ န်ဴကလီယာစြမ္းအင္သုံး ပဲ့ထိန္းဒုံးက်ည္ ၆-စင္း၊ န်ဳကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာ ၆ စီးနဲ႔ ၂၀၂၂ ခုႏွစ္အထိ ဒီဇယ္စြမ္းအင္သုံး တိုက္ခိုက္ေရး ေရငုပ္သေဘၤာ ၄၈ စင္းကို ပိုင္ဆိုင္ထားေၾကာင္း သိရွိရပါတယ္။ ၂၀၂၅ ခုႏွစ္အေရာက္ အဲဒီန်ဴကလီးယားေရယာဥ္စု မွာ ေရငုပ္သေဘၤာ ၆၅ စီးအထိ၊ ၂၀၃၅ ခုႏွစ္မွာ အစီး ၈ဝ အထိ တိုးခ်ဲ႕သြားဖို႔ ရည္မွန္းထားတယ္လို႔ အေမရိကန္ ကာကြယ္ေရးဌာနက ခန႔္မွန္းထားပါတယ္။
အဲဒီ ေရငုပ္သေဘၤာအသစ္ေတြဟာ PLA ေရတပ္ ေရျပင္သြား ေရယာဥ္မ်ား-ေလယာဥ္တင္သေဘၤာမ်ားနဲ႔အတူ ယွဥ္တြဲတာဝန္ထမ္းေဆာင္ၿပီး ထိုင္ဝမ္ကိုေထာက္ပံ့ဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းအားထုတ္မႈမ်ားကို တန္ျပန္ရန္ ရည္႐ြယ္ထားေၾကာင္း၊ ေတာင္တ႐ုတ္ပင္လယ္မွ ဂ်ပန္ကြၽန္းစုအထိ ကြၽန္းဆက္မ်ားတစ္ေလွ်ာက္ ပင္လယ္ေရ ေၾကာင္းဆိုင္ရာ “စစ္အင္အားသာလြန္ေကာင္းမြန္မႈ” ကို ထူေထာင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရွိရပါတယ္။

ယခုျဖစ္ရပ္ဟာ တ႐ုတ္ရဲ႕ PLA ေရတပ္စြမ္းရည္နဲ႔ က်ယ္ျပန႔္တဲ့ စစ္ေရးရည္မွန္းခ်က္မ်ားအေပၚ သိသိသာသာ သက္ေရာက္မႈရွိတယ္လို႔ အိႏၵိယသတင္းစာက ေရးသားခဲ့ပါတယ္။
ေနာက္ဆုန္ျပန္သလိုျဖစ္သြားတဲ့ကိစၥဟာ အေမရိကန္နဲ႔ ပင္လယ္ေရေၾကာင္းစစ္အင္အားမွာ ပုခုံးခ်င္းယွဥ္ဖို႔ တ႐ုတ္ ရဲ႕အဆင့္လိုက္အားထုတ္မႈကို ေႏွာင့္ေႏွးေစယုံသာမက တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ ေရတပ္မေတာ္ အတြင္း ေဘးကင္းလုံၿခဳံေရးဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားနဲ႔ ပြင့္လင္းျမင္သာမႈဆိုင္ရာကိစၥမ်ားမွာ ေမးခြန္းထုတ္ စရာမ်ား ျဖစ္လာခဲ့ရတယ္လို႔ ေဖာ္ျပပါတယ္။

အထူးသျဖင့္ ေတာင္တ႐ုတ္ပင္လယ္နဲ႔ ထိုင္ဝမ္ေရလက္ၾကားတို႔လို မဟာဗ်ဴဟာေျမာက္နယ္ေျမမ်ားမွာ တ႐ုတ္ ႏိုင္ငံရဲ႕ “ေရတပ္အဆင္သင့္ရွိမႈ”နဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈအေပၚ ထိခိုက္ေစႏိုင္ပါတယ္။ တ႐ုတ္တို႔ရဲ႕ န်ဴကလီး ယားပစၥည္းမ်ားကို ကိုင္တြယ္ေျဖရွင္းမႈ၊ ေဘးကင္းေရးစံခ်ိန္စံၫႊန္းမ်ားကို လိုက္နာျခင္းမ်ားနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းက ထိထိေရာက္ေရာက္ တိုးျမႇင့္စိစစ္ဖို႔ ေဆာင္႐ြက္ဖြယ္ျဖစ္လာပါတယ္။ ဒီအတြက္ ေဒသတြင္း ေရေၾကာင္းလုံၿခဳံေရးဆိုင္ရာ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈနဲ႔ ရပ္တည္မႈအေပၚ ထိခိုက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။
(ယခုသတင္းႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာမီဒီယာအခ်ိဳ႕ေဖာ္ျပရာမွာ အဲဒီနစ္ျမဳပ္သြားတယ္ဆိုတဲ့ န်ဴကလီးယား ေရငုပ္သေဘၤာဟာ ဆိပ္ကမ္းမွာ ဆိုက္ကပ္ထားတဲ့ အသုံးျပဳလက္စ ေရယာဥ္မဟုတ္၊ တည္ေဆာက္ေနဆဲ ေရငုပ္သေဘၤာျဖစ္တယ္လို႔ ဆိုပါတယ္။
တည္ေဆာက္ (သို႔မဟုတ္) လြန္းတင္ျပင္ဆင္ဆဲ ေရယာဥ္တစ္စီးဟာ ေရလုံရာခိုင္ႏႈန္းတစ္ခုေရာက္ရင္ သေဘၤာ က်င္းေနရာကို ေခြၽတာတဲ့အေနနဲ႔ ဆိပ္ခံတစ္ခုခုကို ေျပာင္းေ႐ႊ႕ ႀကိဳးခ်ည္ထားတတ္ၾကပါတယ္။ ဒီအတြက္ ဓါတ္ေရာင္ျခည္ျဖာထြက္မႈ ရွိ-မရွိ ကိုေတာ့ ခန႔္မွန္းေရးသားေနၾကပါတယ္။ ။သတင္းဘာသာျပန္သူ)

#တ႐ုတ္န်ဴကလီယာေရငုပ္သေဘၤာနစ္ျမဳပ္ #ယန္စီျမစ္ #ဝူဟန္ၿမိဳ႕ #ဝူေခ်ာင္းသေဘၤာက်င္း
#ခ်ဴ_အတန္းအစားန်ဴကလီယာေရငုပ္သေဘၤာ #တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္
(Times of India., 27 Spepember, ” Another Wuhan disaster: US says China’s latest state-of-the-art submarine sank while in dock” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.