ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ်(၁ဝ)ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း

 372

ယွန်း(NP News) - စက်တင်ဘာ ၂၉

ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ)ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်းခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအခမ်းအနားကို စက်တင်ဘာ(၂၈)ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပထမအကြိမ်လှူဒါန်းမှုကို ပြီးခဲ့သည့် စက်တင်ဘာ(၂၁)ရက်တွင် ကျင်းပခဲ့ရာ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ) ကျော်ကို လက်ခံရရှိခဲ့သည်။

ယခုအကြိမ်သည် ဒုတိအကြိမ်လှူဒါန်းခြင်းဖြစ်ပြီး စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသည့် စုစုပေါင်း အလှူငွေ (ငွေကျပ် ၁ဝ ဒသမ ၅ ဘီလျံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ ၃ဝ သုံးစွဲရန်လျာထားကြောင်းသိရပြီး ရေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ၂ဝ၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် အပြီးဆောင်ရွက်ရန် နစကမှ လမ်းညွှန်ထားသည်။

တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ ၂၇ ရက် စာရင်းဇယားများအရ မြို့နယ် (၁၁ဝ)မြို့နယ်မှ သေဆုံးသူ (၄၃၃)ဦး၊ မျောပါပျောက်ဆုံးသူ (၇၉)ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် (၁၇၆၂၄၆)ကောင်ရှိကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

zawgyi version
ေရေဘးသင့္ေဒသမ်ား ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ အလႉရွင္မ်ားက ေငြက်ပ္ (၁ဝ) ဘီလ်ံေက်ာ္ကို ဒုတိယအႀကိမ္ထပ္မံလႉဒါန္း

ယြန္း(NP News) - စက္တင္ဘာ ၂၉

ေရေဘးသင့္ေဒသမ်ား ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ အလႉရွင္မ်ားက ေငြက်ပ္ (၁ဝ)ဘီလ်ံေက်ာ္ကို ဒုတိယအႀကိမ္ထပ္မံလႉဒါန္းခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါအခမ္းအနားကို စက္တင္ဘာ(၂၈)ရက္တြင္ ေနျပည္ေတာ္ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

ပထမအႀကိမ္လႉဒါန္းမႈကို ၿပီးခဲ့သည့္ စက္တင္ဘာ(၂၁)ရက္တြင္ က်င္းပခဲ့ရာ (ေငြက်ပ္ ၃၂ ဒသမ ၂ ဘီလ်ံ) ေက်ာ္ကို လက္ခံရရွိခဲ့သည္။

ယခုအႀကိမ္သည္ ဒုတိအႀကိမ္လႉဒါန္းျခင္းျဖစ္ၿပီး ေစတနာရွင္၊ အလႉရွင္မ်ားမွ လႉဒါန္းသည့္ စုစုေပါင္း အလႉေငြ (ေငြက်ပ္ ၁ဝ ဒသမ ၅ ဘီလ်ံ) ေက်ာ္ကို လက္ခံရရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကူညီကယ္ဆယ္ေရးႏွင့္ ျပန္ လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလ်ံ ၃ဝ သုံးစြဲရန္လ်ာထားေၾကာင္းသိရၿပီး ေရေဘးသင့္ေဒသမ်ား ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ ၂ဝ၂၅ ခုႏွစ္၊ မတ္လ(၁၅)ရက္တြင္ အၿပီးေဆာင္႐ြက္ရန္ နစကမွ လမ္းၫႊန္ထားသည္။

တိုင္ဖြန္းမုန္တိုင္းရာဂိအရွိန္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါ အဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံျခင္း၊ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚခဲ့ရာ စက္တင္ဘာ ၂၇ ရက္ စာရင္းဇယားမ်ားအရ ၿမိဳ႕နယ္ (၁၁ဝ)ၿမိဳ႕နယ္မွ ေသဆုံးသူ (၄၃၃)ဦး၊ ေမ်ာပါေပ်ာက္ဆုံးသူ (၇၉)ဦးရွိၿပီး တိရစာၦန္ေသဆုံးမႈအေနျဖင့္ (၁၇၆၂၄၆)ေကာင္ရွိေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.