ပါကစ္စတန်နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး

 411

Pika (NP News) - စက်တင်ဘာ ၂၉

စက်တင်ဘာလ(၂၈)ရက်က ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ အနည်းဆုံးလူ(၆)ဦး သေဆုံးခဲ့ပြီး အခြားလူ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကို Khyber Pakhtunkhwa ပြည်နယ်မှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ငှားရမ်းခဲ့တာဖြစ်တယ် လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်နားက မငြိမ်မသက်ဖြစ်နေတဲ့ North Waziristan ဒေသကနေ ပျံတက်ပြီးနောက် မကြာခင်မှာပဲ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ရုရှားလေယာဉ်မှူး တွေ အပါအဝင် ခရီးသည်(၁၄)ဦး လိုက်ပါသွားတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပျက်ကျမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူတွေကို ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် အနီးမှာရှိတဲ့ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပါကစ္စတန်လေတပ်နဲ့ အရပ်ဘက်လေကြောင်းကဏ္ဍတို့ဟာ လေကြောင်းမတော်တဆမှုများစွာကို ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါ တယ်။

၂ဝ၂၂ ခုနှစ်တုန်းက Khyber Pakhtunkhwa ပြည်နယ်မှာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ရဟတ်ယာဉ် တစ်စီးပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်တုန်းကလည်း ခရီးသည် (၉၉)ဦး လိုက်ပါလာတဲ့ Pakistan International Airlines Airbus ဂျက်လေယာဉ်တစ်စီးဟာ ကရာချီမြို့ ရဲ့လူထူထပ်တဲ့ရပ်ကွက်တစ်ခုထဲကို ပျက်ကျခဲ့ပြီး ခရီးသည်အများစုသေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi version:
ပါကစၥတန္ႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စီးပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၆)ဦးေသဆုံး
Pika (NP News) - စက္တင္ဘာ ၂၉

စက္တင္ဘာလ(၂၈)ရက္က ပါကစၥတန္ႏိုင္ငံေျမာက္ပိုင္းမွာ ရဟတ္ယာဥ္တစ္စီးပ်က္က်ခဲ့ရာ အနည္းဆုံးလူ(၆)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လုံၿခဳံေရးသတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီရဟတ္ယာဥ္ကို Khyber Pakhtunkhwa ျပည္နယ္မွာရွိတဲ့ ပုဂၢလိက ကုမၸဏီတစ္ခုက ငွားရမ္းခဲ့တာျဖစ္တယ္ လို႔ အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။

အဲဒီရဟတ္ယာဥ္ဟာ အာဖဂန္နစၥတန္ႏိုင္ငံနယ္စပ္နားက မၿငိမ္မသက္ျဖစ္ေနတဲ့ North Waziristan ေဒသကေန ပ်ံတက္ၿပီးေနာက္ မၾကာခင္မွာပဲ ပ်က္က်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ရဟတ္ယာဥ္ေပၚမွာ ႐ုရွားေလယာဥ္မႉး ေတြ အပါအဝင္ ခရီးသည္(၁၄)ဦး လိုက္ပါသြားတာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပ်က္က်မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူေတြကို ေဆးကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ အနီးမွာရွိတဲ့ ေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပါကစၥတန္ေလတပ္နဲ႔ အရပ္ဘက္ေလေၾကာင္းက႑တို႔ဟာ ေလေၾကာင္းမေတာ္တဆမႈမ်ားစြာကို ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါ တယ္။

၂ဝ၂၂ ခုႏွစ္တုန္းက Khyber Pakhtunkhwa ျပည္နယ္မွာ ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတဲ့ စစ္ရဟတ္ယာဥ္ တစ္စီးပ်က္က်ခဲ့ၿပီး ေလယာဥ္မႉးႏွစ္ဦးစလုံး ေသဆုံးခဲ့ဖူးတယ္လို႔ သိရပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္တုန္းကလည္း ခရီးသည္ (၉၉)ဦး လိုက္ပါလာတဲ့ Pakistan International Airlines Airbus ဂ်က္ေလယာဥ္တစ္စီးဟာ ကရာခ်ီၿမိဳ႕ ရဲ႕လူထူထပ္တဲ့ရပ္ကြက္တစ္ခုထဲကို ပ်က္က်ခဲ့ၿပီး ခရီးသည္အမ်ားစုေသဆုံးသြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.