အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဩစတြေးလျ နဲ့ ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်းမှာ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်

 205

Pika (NP News) - စက်တင်ဘာ ၂၉

အာရှတိုက်ရဲ့ အရေးကြီးဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့သီးသန့်စီးပွားရေးဇုန်အတွင်းမှာ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်တို့နဲ့အတူ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမယ်လို့ ဩစတြေးလျနဲ့ဖိလစ်ပိုင်အစိုးရတို့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဩစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက "ပူးတွဲရေကြောင်းလှုပ်ရှားမှုဟာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ပံ့ပိုးကူညီဖို့အတွက် ဒေသတွင်းနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာအောင်လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့စုပေါင်းကတိဝတ်တွေကို သက် သေပြနေတာပဲဖြစ်ပါတယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် HMAS Sydney ရေတပ်သင်္ဘောနဲ့ P-8A Poseidon ရေကြောင်းကင်းလှည့်လေယာဉ်တို့ဟာ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီးနောက် ယခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့က နယူးဇီလန်နဲ့ဩစတြေးလျတို့ရဲ့ ရေတပ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ပြီးနောက် တရုတ်ဘက်ကစိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ်ရေ လက်ကြားကို ဖြတ်သန်းသွားလာမှုဟာ တည်ငြိမ်အေးချမ်းပြီး သာယာဝ ပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ၎င်းတို့ရဲ့ကတိဝတ်တွေကို ပြသခဲ့တာမျိုးဖြစ်တယ်လို့ ဩစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်ရင်အင်အားသုံးဖြေရှင်းသွားမယ်လို့လည်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

zawgyi version
အေမရိကန္၊ ဖိလစ္ပိုင္၊ နယူးဇီလန္၊ ဩစေၾတးလ် နဲ႔ ဂ်ပန္တို႔က ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ပူးတြဲေရေၾကာင္းလႈပ္ရွားမႈေတြကို လုပ္ေဆာင္မယ္
Pika (NP News) - စက္တင္ဘာ ၂၉

အာရွတိုက္ရဲ႕ အေရးႀကီးဆုံးေနရာေတြထဲကတစ္ခုျဖစ္တဲ့ ဖိလစ္ပိုင္ရဲ႕သီးသန႔္စီးပြားေရးဇုန္အတြင္းမွာ ဂ်ပန္၊ နယူးဇီလန္၊ အေမရိကန္တို႔နဲ႔အတူ ပူးတြဲေရေၾကာင္းလႈပ္ရွားမႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ဩစေၾတးလ်နဲ႔ဖိလစ္ပိုင္အစိုးရတို႔က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီးဌာနက "ပူးတြဲေရေၾကာင္းလႈပ္ရွားမႈဟာ တည္ၿငိမ္ေအးခ်မ္းၿပီး သာယာဝေျပာတဲ့ အင္ဒို-ပစိဖိတ္ေဒသကို ပံ့ပိုးကူညီဖို႔အတြက္ ေဒသတြင္းနဲ႔ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈေတြ အားေကာင္းလာေအာင္လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕စုေပါင္းကတိဝတ္ေတြကို သက္ ေသျပေနတာပဲျဖစ္ပါတယ္"လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့ျပင္ HMAS Sydney ေရတပ္သေဘၤာနဲ႔ P-8A Poseidon ေရေၾကာင္းကင္းလွည့္ေလယာဥ္တို႔ဟာ ဂ်ပန္၊ နယူးဇီလန္၊ အေမရိကန္၊ ဖိလစ္ပိုင္တို႔ရဲ႕ တပ္ဖြဲ႕ဝင္ေတြနဲ႔အတူ ပူးေပါင္းပါဝင္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေရးသားေဖာ္ျပထားပါတယ္။

တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီးေနာက္ ယခုလိုပူးတြဲစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၅)ရက္ေန႔က နယူးဇီလန္နဲ႔ဩစေၾတးလ်တို႔ရဲ႕ ေရတပ္သေဘၤာေတြဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းသြားလာခဲ့ၿပီးေနာက္ တ႐ုတ္ဘက္ကစိုးရိမ္ပူပန္မႈေတြ ထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။ ထိုင္ဝမ္ေရ လက္ၾကားကို ျဖတ္သန္းသြားလာမႈဟာ တည္ၿငိမ္ေအးခ်မ္းၿပီး သာယာဝ ေျပာတဲ့ အင္ဒို-ပစိဖိတ္ေဒသအတြက္ ၎တို႔ရဲ႕ကတိဝတ္ေတြကို ျပသခဲ့တာမ်ိဳးျဖစ္တယ္လို႔ ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ရင္အင္အားသုံးေျဖရွင္းသြားမယ္လို႔လည္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က ေျပာဆိုထားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.