အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ (၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်

 3203

ယွန်း(NP News) - စက်တင်ဘာ ၂၉

အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏အရှိန်ကြောင့် လာမည့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

မိုးဇလ၏ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်း လာမည့် အောက်တိုဘာ(၁)ရက်မှ အောက်တိုဘာ(၅)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင် နှင့် မွန်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် ရေကြီးခြင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိပြု၍ နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးဇလမှထုတ်ပြန်ထားသည့် အောက်တိုဘာ လအတွက် မိုးလေဝသခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။

အနောက်တောင်မုတ်သုံလေသည် လာမည့်အောက်တိုဘာလ ၂ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက် တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရှိကြောင်း သိရသည်။

zawgyi version
အေနာက္ဘက္မွေ႐ြ႕လ်ားလာသည့္ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ ေအာက္တိုဘာ(၁)ရက္မွစ၍ ေဒသအခ်ိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ မိုးႀကီးႏိုင္

ယြန္း(NP News) - စက္တင္ဘာ ၂၉

အေနာက္ဘက္မွေ႐ြ႕လ်ားလာသည့္ ေလေပြလႈိင္းမ်ား၏အရွိန္ေၾကာင့္ လာမည့္ ေအာက္တိုဘာ(၁)ရက္မွစ၍ ေဒသအခ်ိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထားသည္။

မိုးဇလ၏ တိုင္းထြာခ်က္မ်ားအရ အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာေလေပြလႈိင္းမ်ား၏အရွိန္ေၾကာင့္လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းမႈ အားေကာင္းျခင္းေၾကာင့္လည္းေကာင္း ျမန္မာႏိုင္ငံအတြင္းရွိ ေဒသအခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေလေႏြးမ်ားႏွင့္ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္းေဒသမွေ႐ြ႕လ်ားလာေသာ ေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္လည္း လာမည့္ ေအာက္တိုဘာ(၁)ရက္မွ ေအာက္တိုဘာ(၅)ရက္အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ဧရာဝတီ၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္ ႏွင့္ မြန္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး အခ်ိဳ႕ေဒသမ်ားတြင္ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္ ေရႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ သတိျပဳ၍ ေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းက မိုးဇလမွထုတ္ျပန္ထားသည့္ ေအာက္တိုဘာ လအတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔၌ ေလဖိအားနည္းရပ္ဝန္း(၂)ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး (၁)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

အေနာက္ေတာင္မုတ္သုံေလသည္ လာမည့္ေအာက္တိုဘာလ ၂ ရက္မွ ၈ ရက္အတြင္း ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသမ်ားမွလည္းေကာင္း၊ ေအာက္ တိုဘာလ ၉ ရက္မွ ၁၅ ရက္အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားမွလည္းေကာင္း ဆုတ္ခြာသြားဖြယ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.