ဟစ္စဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးရယူရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ ကမ်းလှမ်းချက်ကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်

 113

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

အစ္စရေးနိုင်ငံသည် လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာအဖွဲ့နှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို ယာယီ ရပ်တန့်ရန် အမေရိကန်ဦးဆောင်သော မဟာမိတ် နိုင်ငံများ၏ တောင်းဆိုမှုများကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရသည်။

အမေရိကန်ဦးဆောင်သော မဟာမိတ် နိုင်ငံများသည် အစ္စရေးနှင့် ဟစ္စဘိုလာအဖွဲ့ကြား ဖြစ်ပွား နေသည့် အပြန်အလှန်ပစ်ခတ်မှုများကိုအရှိန် လျှော့ချရန်အတွက်(၂၁)ရက်ကြာ အပစ်ခတ်ရပ်စဲရန် စက်တင်ဘာ(၂၆)ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဟစ္စဘိုလာ နှင့်ဖြစ်ပွားနေသည့်စစ်ပွဲကို (၂၁)ရက်ကြာ ရပ်တန့်ထားရန် တောင်းဆိုချက်ကို ငြင်းဆန်ပယ် ချ သကဲ့သို့ ဟစ္စဘိုလာအဖွဲ့ကို အလုံးစုံ အနိုင်ရချိန် အထိ ဆက်တိုက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ အစ္စရေးသည် ဂါဇာစစ်ပွဲနှင့် ဆက်နွှယ်ပြီး ဟားမတ်စ်အဖွဲ့နှင့် စစ်ပွဲဖြစ်လာခဲ့ရာ ဟစ္စဘိုလာ အဖွဲ့ကလည်း အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဟစ္စဘိုလာအဖွဲ့၏ပစ်ခတ်မှုများကြောင့် အစ္စရေးနှင့်ဟစ္စဘိုလာအဖွဲ့ကြား တင်းမာမှုများဖြစ် လာခဲ့ပြီး အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြင့် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်း ခြေကုပ်ယူထားသည့် ဟစ္စဘိုလာအဖွဲ့၏စစ်ရေးပစ်မှတ်များကို ယခုသီတင်း ပတ် အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ရာချီသေဆုံး ခဲ့ပြီး ဟစ္စဘိုလာအဖွဲ့ကလည်း ရော့ကဒ်ဒုံး ကျည် အစင်းပေါင်းရာချီဖြင့် အစ္စရေးနိုင်ငံဘက်ခြမ်းကို ပြန် လည်တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အစ္စရေးဝန်ကြီးချုပ်သည် ဟစ္စဘိုလာအဖွဲ့ နှင့်ယာယီအပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းချက်များကို ငြင်းဆန်ပြီးနောက် ဟစ္စဘိုလာအဖွဲ့ကိုအင်အားသုံးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြား ခဲ့ကြောင်းသိရသည်။ အမေရိကန် အစိုးရက အစ္စရေး ဝန်ကြီးချုပ်၏ ငြင်းဆန်မှုများအပေါ် စိတ်ဆိုးဒေါသ ဖြစ်နေပြီး အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းမှုများကို ဂရုစိုက်စေလိုကြောင်း တောင်းဆိုထားသည်။ ပြင် သစ် သမ္မတမက်ခရွန်ကလည်း အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်များကို ငြင်းဆန်လိုက်သော အစ္စရေး ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်မှားယွင်းပြီး ဒေသအတွင်းတင်းမာမှုအရှိန်မြင့်တက်လာမည်ဆိုလျှင် တာဝန်ယူရ မည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာ (၂၆)ရက် နေ့ အတွင်း လက်ဘနွန်နိုင်ငံအတွင်း လူပေါင်း (၉၂) ဦး သေဆုံးခဲ့ပြီး (၁၅၃)ဦး ဒဏ်ရာရခဲ့ကြောင်း ပြောသည်။

အစ္စရေးနှင့်ဟစ္စဘိုလာအဖွဲ့ကြား ရန်လိုမှု များစတင်ခဲ့သည့် ပြီးခဲ့သောနှစ်အောက်တိုဘာလ နောက်ပိုင်းတည်းက လူပေါင်း (၁၅၀ဝ)ကျော် သေဆုံးခဲ့ရကြောင်းသိရသည်။

zawgyi version
ဟစၥဘိုလာအဖြဲ႕ႏွင့္ အပစ္အခတ္ရပ္စဲေရးရယူရန္ အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္အဖြဲ႕မ်ား၏ ကမ္းလွမ္းခ်က္ကို အစၥေရးဝန္ႀကီးခ်ဳပ္ ျငင္းဆန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

အစၥေရးႏိုင္ငံသည္ လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာအဖြဲ႕ႏွင့္ျဖစ္ပြားေနသည့္ စစ္ပြဲကို ယာယီ ရပ္တန႔္ရန္ အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ ႏိုင္ငံမ်ား၏ ေတာင္းဆိုမႈမ်ားကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရသည္။

အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ ႏိုင္ငံမ်ားသည္ အစၥေရးႏွင့္ ဟစၥဘိုလာအဖြဲ႕ၾကား ျဖစ္ပြား ေနသည့္ အျပန္အလွန္ပစ္ခတ္မႈမ်ားကိုအရွိန္ ေလွ်ာ့ခ်ရန္အတြက္(၂၁)ရက္ၾကာ အပစ္ခတ္ရပ္စဲရန္ စက္တင္ဘာ(၂၆)ရက္ေန႔တြင္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုသည္ ဟစၥဘိုလာ ႏွင့္ျဖစ္ပြားေနသည့္စစ္ပြဲကို (၂၁)ရက္ၾကာ ရပ္တန႔္ထားရန္ ေတာင္းဆိုခ်က္ကို ျငင္းဆန္ပယ္ ခ် သကဲ့သို႔ ဟစၥဘိုလာအဖြဲ႕ကို အလုံးစုံ အႏိုင္ရခ်ိန္ အထိ ဆက္တိုက္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ အစၥေရးသည္ ဂါဇာစစ္ပြဲႏွင့္ ဆက္ႏႊယ္ၿပီး ဟားမတ္စ္အဖြဲ႕ႏွင့္ စစ္ပြဲျဖစ္လာခဲ့ရာ ဟစၥဘိုလာ အဖြဲ႕ကလည္း အစၥေရးႏိုင္ငံဘက္ျခမ္းကို တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ဟစၥဘိုလာအဖြဲ႕၏ပစ္ခတ္မႈမ်ားေၾကာင့္ အစၥေရးႏွင့္ဟစၥဘိုလာအဖြဲ႕ၾကား တင္းမာမႈမ်ားျဖစ္ လာခဲ့ၿပီး အစၥေရးက ဗုံးႀကဲတိုက္ခိုက္မႈမ်ား အရွိန္ျမင့္ လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အစၥေရးသည္ လက္ဘႏြန္ႏိုင္ငံအတြင္း ေျခကုပ္ယူထားသည့္ ဟစၥဘိုလာအဖြဲ႕၏စစ္ေရးပစ္မွတ္မ်ားကို ယခုသီတင္း ပတ္ အတြင္း ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ လူေပါင္း ရာခ်ီေသဆုံး ခဲ့ၿပီး ဟစၥဘိုလာအဖြဲ႕ကလည္း ေရာ့ကဒ္ဒုံး က်ည္ အစင္းေပါင္းရာခ်ီျဖင့္ အစၥေရးႏိုင္ငံဘက္ျခမ္းကို ျပန္ လည္တုံ႔ျပန္ပစ္ခတ္ခဲ့ေၾကာင္းသိရသည္။

အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဟစၥဘိုလာအဖြဲ႕ ႏွင့္ယာယီအပစ္ခတ္ရပ္စဲေရး ကမ္းလွမ္းခ်က္မ်ားကို ျငင္းဆန္ၿပီးေနာက္ ဟစၥဘိုလာအဖြဲ႕ကိုအင္အားသုံးတိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ရန္ ၫႊန္ၾကား ခဲ့ေၾကာင္းသိရသည္။ အေမရိကန္ အစိုးရက အစၥေရး ဝန္ႀကီးခ်ဳပ္၏ ျငင္းဆန္မႈမ်ားအေပၚ စိတ္ဆိုးေဒါသ ျဖစ္ေနၿပီး အပစ္အခတ္ရပ္စဲေရးကမ္းလွမ္းမႈမ်ားကို ဂ႐ုစိုက္ေစလိုေၾကာင္း ေတာင္းဆိုထားသည္။ ျပင္ သစ္ သမၼတမက္ခ႐ြန္ကလည္း အပစ္အခတ္ရပ္စဲေရး ကမ္းလွမ္းခ်က္မ်ားကို ျငင္းဆန္လိုက္ေသာ အစၥေရး ဝန္ႀကီးခ်ဳပ္၏ ဆုံးျဖတ္ခ်က္မွားယြင္းၿပီး ေဒသအတြင္းတင္းမာမႈအရွိန္ျမင့္တက္လာမည္ဆိုလွ်င္ တာဝန္ယူရ မည္ျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။ လက္ဘႏြန္ က်န္းမာေရးဝန္ႀကီးဌာနက အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ စက္တင္ဘာ (၂၆)ရက္ ေန႔ အတြင္း လက္ဘႏြန္ႏိုင္ငံအတြင္း လူေပါင္း (၉၂) ဦး ေသဆုံးခဲ့ၿပီး (၁၅၃)ဦး ဒဏ္ရာရခဲ့ေၾကာင္း ေျပာသည္။

အစၥေရးႏွင့္ဟစၥဘိုလာအဖြဲ႕ၾကား ရန္လိုမႈ မ်ားစတင္ခဲ့သည့္ ၿပီးခဲ့ေသာႏွစ္ေအာက္တိုဘာလ ေနာက္ပိုင္းတည္းက လူေပါင္း (၁၅၀ဝ)ေက်ာ္ ေသဆုံးခဲ့ရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.