ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း

 812

NP News - စက်တင်ဘာ ၂၉

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား (၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ နစကမှ ယနေ့(စက်တင်ဘာ ၂၉)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်နှင့် မန္တလေးတို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား (၂ဝ) ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသော ချန်တာဝေ့ အပါအဝင် တရုတ်နိုင်ငံသား (၂ဝ) ဦးတို့ကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ(၁၉)ရက်တွင် တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်‌ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ရန္ကုန္ႏွင့္ မႏၲေလးတြင္ က်ားျဖန႔္လုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံမွ အလိုရွိတရားခံေျပး အပါအဝင္ တ႐ုတ္ႏိုင္ငံသား(၂၀)ဦးကို တ႐ုတ္သို႔ ျပည္ႏွင္လႊဲေျပာင္း

NP News - စက္တင္ဘာ ၂၉

ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အြန္လိုင္းလိမ္လည္မႈ(က်ားျဖန႔္)လုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံမွ အလိုရွိတရားခံေျပး အပါအဝင္ တ႐ုတ္ႏိုင္ငံသား (၂၀)ဦးကို တ႐ုတ္သို႔ ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ နစကမွ ယေန႔(စက္တင္ဘာ ၂၉)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံရွိ ႏွစ္ႏိုင္ငံတရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ားၾကား သတင္းဖလွယ္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိရာ ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ တ႐ုတ္ႏိုင္ငံမွ အလိုရွိတရားခံေျပး ခ်န္တာေဝ့ ဦးေဆာင္ေသာ ဒုစ႐ိုက္သမားမ်ားေရာက္ရွိေနၿပီး အြန္လိုင္းလိမ္လည္မႈ(က်ားျဖန႔္)လုပ္ငန္းမ်ား လုပ္ကိုင္ေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ သတင္းအရ ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း ဝင္ေရာက္ရွာေဖြခဲ့ရာ တ႐ုတ္ႏိုင္ငံသား ခ်န္တာေဝ့ႏွင့္ ရန္လ်န႔္ အပါအဝင္ တ႐ုတ္ႏိုင္ငံသား (၂ဝ) ဦးကို ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိေသာ ခ်န္တာေဝ့ အပါအဝင္ တ႐ုတ္ႏိုင္ငံသား (၂ဝ) ဦးတို႔ကို တ႐ုတ္ႏိုင္ငံ၌ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္အေရးယူႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ စက္တင္ဘာ(၁၉)ရက္တြင္ တ႐ုတ္ႏိုင္ငံသို႔ ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ားကို စုံစမ္းစစ္ေဆး၍ ထိေရာက္စြာ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ား၊ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား တားဆီးကာကြယ္‌ရန္အတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ျပည္တြင္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.