ရဝမ်ဒါမှာ Marburg ဗိုင်းရပ်စ်ကြောင့် လူခြောက်ဦး သေဆုံး

 528

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ

ရဝမ်ဒါမှာ Marbug ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀ ဦး ထက်မနည်း ရှိနေတယ်လို့ နိုင်ငံကျန်းမာရေးဝန်ကြီး ဆာဘင်နဆန်ဇီမာနာ က စနေနေ့(စက်တင်ဘာ ၂၈ ရက်) နှောင်းပိုင်းမှာ ပြောကြားခဲ့ပ့တယ်။

သေဆုံးသူအများစုဟာ အထူးကြပ်မတ်ကုသဆောင်ရှိ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူ ၂၀ ဦးနဲ့ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူ ၆ ဦး လက်ရှိ ရှိနေပြီး နောက်ထပ် ကိန်ဂဏန်းတွေ ဆက်လက်ရေတွက်နေဆဲဖြစ်ကာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးသူအများစုဟာ အထူးကြပ်မတ်စောင့်ရှောက်မှု ယူနစ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။

Marburg ဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ဗိုက်နာခြင်း စတဲ့ လက္ခဏာတွေ တွေ့ရလေ့ရှိပြီး သေဆုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ လက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ လူနာနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Marburg ဟာ အီဘိုလာရောဂါ မိသားစုဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပြီးလင်းနို့တွေမှ လူသားကို ကူးစက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ရဝမ္ဒါမွာ Marburg ဗိုင္းရပ္စ္ေၾကာင့္ လူေျခာက္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ

ရဝမ္ဒါမွာ Marbug ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လူ ၆ ဦး ေသဆုံးၿပီး ေရာဂါျဖစ္ပြားသူ အေရအတြက္ ၂၀ ဦး ထက္မနည္း ရွိေနတယ္လို႔ ႏိုင္ငံက်န္းမာေရးဝန္ႀကီး ဆာဘင္နဆန္ဇီမာနာ က စေနေန႔(စက္တင္ဘာ ၂၈ ရက္) ေႏွာင္းပိုင္းမွာ ေျပာၾကားခဲ့ပ့တယ္။

ေသဆုံးသူအမ်ားစုဟာ အထူးၾကပ္မတ္ကုသေဆာင္ရွိ က်န္းမာေရးဝန္ထမ္းေတြျဖစ္ၾကတယ္လို႔ သိရပါတယ္။ ကူးစက္ခံရသူ ၂၀ ဦးနဲ႔ ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသြားတဲ့ လူ ၆ ဦး လက္ရွိ ရွိေနၿပီး ေနာက္ထပ္ ကိန္ဂဏန္းေတြ ဆက္လက္ေရတြက္ေနဆဲျဖစ္ကာ ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆုံးသူအမ်ားစုဟာ အထူးၾကပ္မတ္ေစာင့္ေရွာက္မႈ ယူနစ္က က်န္းမာေရးေစာင့္ေရွာက္မႈလုပ္သားေတြျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးက ေျပာၾကားပါတယ္။

Marburg ဗိုင္းရပ္စ္ ကူးစက္ေရာဂါဟာ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ ႂကြက္သားကိုက္ခဲျခင္း၊ ဗိုက္နာျခင္း စတဲ့ လကၡဏာေတြ ေတြ႕ရေလ့ရွိၿပီး ေသဆုံးေစႏိုင္တဲ့အထိ ျပင္းထန္တယ္လို႔ ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ လက္ရွိ ဗိုင္းရပ္စ္ကူးစက္ခံရသူေတြနဲ႔ လူနာနဲ႔ ထိေတြ႕ခဲ့သူေတြကို ေျခရာခံဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Marburg ဟာ အီဘိုလာေရာဂါ မိသားစုဝင္ ဗိုင္းရပ္စ္တစ္မ်ိဳး ျဖစ္ၿပီးလင္းႏို႔ေတြမွ လူသားကို ကူးစက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.