တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို နစကမှ ဖိတ်ခေါ်ခြင်းအပေါ် နိုင်ငံရေးပါတီ(၂၆) ပါတီ ထောက်ခံ
3527
NP News - စက်တင်ဘာ ၃ဝ
နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကိုထောက်ရှု၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို နစကမှ ဖိတ်ခေါ်ခြင်းအပေါ် အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ(၂၆)ပါတီမှ ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေးစီပါသစ် (ကချင်) အပါအဝင် ပါတီပေါင်း (၂၆)ပါတီက ယနေ့(စက်တင်ဘာ ၃ဝ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သည့်စက်တင်ဘာလ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် လူသားအရင်းအမြစ်များ၊ အခြေခံ အဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံမှုကို နှစ်ပေါင်း (၅၀၊ ၁၀၀) အတွင်း အဆိုးရွားဆုံး ဖြစ်စဉ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် ပြန်လည်ဆောင်ရွက်နိုင်ရန် တည်ငြိမ်၊ အေးချမ်း၊ လုံခြုံမှုမှာ အထူးလိုအပ်ချက် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းအဆင်ပြေအေးချမ်းစွာ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း ပါရှိသည်။
ထို့ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍၊ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ် များအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေး စသည့် အကြောင်း အရာများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့များက လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ ရွေးကောက်ပွဲ လမ်းကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နစကမှ ဖိတ်ခေါ်ခြင်းအပေါ် နိုင်ငံရေးပါတီ(၂၆)ပါတီမှ အပြည့်အဝထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
Zawgyi Version;
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားကို နစကမွ ဖိတ္ေခၚျခင္းအေပၚ ႏိုင္ငံေရးပါတီ(၂၆) ပါတီ ေထာက္ခံ
NP News - စက္တင္ဘာ ၃ဝ
ႏိုင္ငံအတြင္းျဖစ္ေပၚခဲ့ရသည့္ ဆုံးရႈံးနစ္နာမႈမ်ားကိုေထာက္ရႈ၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားကို နစကမွ ဖိတ္ေခၚျခင္းအေပၚ အျပည့္အဝေထာက္ခံေၾကာင္း ႏိုင္ငံေရးပါတီ(၂၆)ပါတီမွ ထုတ္ျပန္ေၾကညာထားသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျမန္မာျပည္သူ႔ဒီမိုကရက္တစ္ပါတီႏွင့္ ဒီမိုကေရးစီပါသစ္ (ကခ်င္) အပါအဝင္ ပါတီေပါင္း (၂၆)ပါတီက ယေန႔(စက္တင္ဘာ ၃ဝ ရက္) ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၿပီးခဲ့သည့္စက္တင္ဘာလ ၂၆ ရက္တြင္ ႏိုင္ငံေရးျပႆနာအား ႏိုင္ငံေရး နည္းလမ္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚျခင္း ျပဳလုပ္ခဲ့သည္။
ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းျခင္းမျပဳဘဲ လက္နက္ကိုင္အၾကမ္းဖက္ တိုက္ခိုက္သည့္ နည္းလမ္းကို ေ႐ြးခ်ယ္ခဲ့သည့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားေၾကာင့္ လူသားအရင္းအျမစ္မ်ား၊ အေျခခံ အေဆာက္အဦမ်ား၊ အျပစ္မဲ့ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ၿပီး တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို မ်ားစြာအဟန႔္အတားျဖစ္ေစခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံတစ္ဝန္းလုံးတြင္ ေရႀကီးေရလွ်ံမႈကို ႏွစ္ေပါင္း (၅၀၊ ၁၀၀) အတြင္း အဆိုး႐ြားဆုံး ျဖစ္စဥ္အေနျဖင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရၿပီး ေရေဘးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ားကို အလ်င္အျမန္ ျပန္လည္ေဆာင္႐ြက္ႏိုင္ရန္ တည္ၿငိမ္၊ ေအးခ်မ္း၊ လုံၿခဳံမႈမွာ အထူးလိုအပ္ခ်က္ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းေကာက္ယူမည့္ လုပ္ငန္းအဆင္ေျပေအးခ်မ္းစြာ ေဆာင္႐ြက္ႏိုင္ရန္လည္း လိုအပ္ေၾကာင္း ပါရွိသည္။
ထို႔ေၾကာင့္ ျဖစ္ေပၚခဲ့ရသည့္ ဆုံးရႈံးနစ္နာမႈမ်ားကို ေထာက္ရႈ၍၊ ေရေဘးသင့္ျပည္သူမ်ားအတြက္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းစဥ္ မ်ားအား ထိေရာက္စြာ အေကာင္အထည္ေဖာ္ေဆာင္ေပးႏိုင္ေရး စသည့္ အေၾကာင္း အရာမ်ားေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားက လက္နက္ကိုင္ အၾကမ္းဖက္တိုက္ခိုက္သည့္ လမ္းစဥ္ကိုစြန႔္လႊတ္ကာ ပါတီႏိုင္ငံေရးလမ္းေၾကာင္းျဖင့္ျဖစ္ေစ၊ ေ႐ြးေကာက္ပြဲ လမ္းေၾကာင္းျဖင့္ျဖစ္ေစ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းရန္ နစကမွ ဖိတ္ေခၚျခင္းအေပၚ ႏိုင္ငံေရးပါတီ(၂၆)ပါတီမွ အျပည့္အဝေထာက္ခံေၾကာင္း ထုတ္ျပန္ထားသည္။