ဖိလစ်ပိုင်မှာ အမေရိကန်ကဒုံးကျည်တွေဖြန့်ကျက်ချထားမှုဟာ ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ တရုတ်အစိုးရဝေဖန်

 736

Pika (NP News) - စက်တင်ဘာ ၃ဝ

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်က တာလတ်ပစ်ဒုံးကျည်တွေဖြန့်ကျက်ချထားမှုဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ(၂၉)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် စက်တင်ဘာလ(၂၈)ရက်က နယူးယောက်မြို့မှာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုတေးယူနဲ့ တွေ့ဆုံ စဉ်အချိန်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲ ဒါမှမဟုတ် မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်တာတွေကို ရှောင်ရှားဖို့ ဝမ်ယီက တောင်းဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးတော့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံကြား အပြန်အလှန်ဖလှယ်မှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာ ယခုနှစ် အတွင်းမှာ ပိုမိုကောင်းမွန်လာခဲ့တယ်လို့လည်း ဝမ်ယီက ပြောကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း အမေရိကန်ဟာ တရုတ်နိုင်ငံက ပစ်မှတ်တွေကို ထိမှန်အောင်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခရုဇ်ဒုံးကျည်တွေတပ်ဆင်နိုင်တဲ့ Typhon ဒုံးကျည်လောင်ချာစနစ်တွေကို ဖြန့်ကျက်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

ထို့နောက် ဖိလစ်ပိုင်မှာဖြန့်ကျက်ချထားတဲ့ဒုံးကျည်စနစ်တွေကို ဖယ်ရှားပေးဖို့ အမေရိကန်ကို တရုတ်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ လက်နက်ပြိုင်ဆိုင်မှုတွေကို ပိုမိုမြင့်တက်လာ အောင်လုပ်ဆောင်နေတယ်လို့ ရုရှားအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ဒုံးကျည် စနစ်တွေ ပထမဆုံးဖြန့်ကျက်ချထားမှုကို ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်က ဒုံးကျည်စနစ်တွေဖြန့်ကျက်ချထားမှုဟာ ဒေသတွင်းနိုင်ငံတွေရဲ့အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ ဝမ်ယီက ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့တင်းမာမှုတွေမြင့်တက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အာရှတိုက်မှာ အမေရိကန်ရဲ့မဟာဗျူဟာမြောက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမှုတွေကြောင့် အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေမြင့်တက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္မွာ အေမရိကန္ကဒုံးက်ည္ေတြျဖန႔္က်က္ခ်ထားမႈဟာ ေဒသတြင္းၿငိမ္းခ်မ္းေရးကို ထိခိုက္ေစတယ္လို႔ တ႐ုတ္အစိုးရေဝဖန္
Pika (NP News) - စက္တင္ဘာ ၃ဝ

ဖိလစ္ပိုင္ႏိုင္ငံမွာ အေမရိကန္က တာလတ္ပစ္ဒုံးက်ည္ေတြျဖန႔္က်က္ခ်ထားမႈဟာ ေဒသတြင္းတည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီက ေျပာၾကားခဲ့တယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စက္တင္ဘာလ(၂၉)ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့ျပင္ စက္တင္ဘာလ(၂၈)ရက္က နယူးေယာက္ၿမိဳ႕မွာ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးခ်ိဳေတးယူနဲ႔ ေတြ႕ဆုံ စဥ္အခ်ိန္အတြင္း ကိုရီးယားကြၽန္းဆြယ္မွာ စစ္ပြဲ ဒါမွမဟုတ္ မၿငိမ္မသက္ျဖစ္ေအာင္လုပ္ေဆာင္တာေတြကို ေရွာင္ရွားဖို႔ ဝမ္ယီက ေတာင္းဆိုခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
ၿပီးေတာ့ တ႐ုတ္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား အျပန္အလွန္ဖလွယ္မႈေတြနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ယခုႏွစ္ အတြင္းမွာ ပိုမိုေကာင္းမြန္လာခဲ့တယ္လို႔လည္း ဝမ္ယီက ေျပာၾကားခဲ့ပါတယ္။ ယခုႏွစ္အတြင္း အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံက ပစ္မွတ္ေတြကို ထိမွန္ေအာင္တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ ခ႐ုဇ္ဒုံးက်ည္ေတြတပ္ဆင္ႏိုင္တဲ့ Typhon ဒုံးက်ည္ေလာင္ခ်ာစနစ္ေတြကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔လည္း သိရပါတယ္။

ထို႔ေနာက္ ဖိလစ္ပိုင္မွာျဖန႔္က်က္ခ်ထားတဲ့ဒုံးက်ည္စနစ္ေတြကို ဖယ္ရွားေပးဖို႔ အေမရိကန္ကို တ႐ုတ္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ လက္နက္ၿပိဳင္ဆိုင္မႈေတြကို ပိုမိုျမင့္တက္လာ ေအာင္လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားအစိုးရက စြပ္စြဲေျပာဆိုခဲ့ၿပီး အင္ဒို-ပစိဖိတ္ေဒသမွာ အေမရိကန္ရဲ႕ဒုံးက်ည္ စနစ္ေတြ ပထမဆုံးျဖန႔္က်က္ခ်ထားမႈကို ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္က ဒုံးက်ည္စနစ္ေတြျဖန႔္က်က္ခ်ထားမႈဟာ ေဒသတြင္းႏိုင္ငံေတြရဲ႕အက်ိဳးစီးပြားအတြက္ မဟုတ္ဘူးလို႔ ဝမ္ယီက ေျပာၾကားခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔တင္းမာမႈေတြျမင့္တက္ေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံဟာ အာရွတိုက္မွာ အေမရိကန္ရဲ႕မဟာဗ်ဴဟာေျမာက္ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္က ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ေပးမႈေတြေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္ၾကား တင္းမာမႈေတြျမင့္တက္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.