ကျယ်ပြန့်လာနိုင်ခြေရှိတဲ့ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကို ရှောင်ရှားရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြော
635
Pika (NP News) - စက်တင်ဘာ ၃ဝ
အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ဒေသတွင်းပဋိပက္ခဖြစ်ပွားလာမှာကို ရှောင်ရှားရမယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာလ(၂၉)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အစ္စရေးက လက်ဘနွန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ(၅၀)နီးပါး သေဆုံးခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် အစ္စရေးရဲ့ဒုံးကျည်တွေဟာ ဂါဇာကမ်းမြောင်ဒေသနဲ့ အဝေးမှာရှိတဲ့ ယီမင်နိုင်ငံက ပစ်မှတ်တွေကို ထိမှန်ခဲ့ တယ်လို့လည်း သိရပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဒေသတွင်းပဋိပက္ခဖြစ်ပွားလာမှာကို ရှောင်ရှားဖို့လိုအပ် လားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဂျိုးဘိုင်ဒန်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒန်က "အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ဒေသတွင်းပဋိပက္ခဖြစ်ပွားလာမှာကို ရှောင်ရှားဖို့ လိုအပ်ပါ တယ်။ ဒါက တကယ်ကို ရှောင်ရှားရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာရှိတဲ့ မြေအောက်ဘန်ကာတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Hassan Nasrallah သေဆုံးမှုကို ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုကြောင့် အစ္စရေးနဲ့ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါ့ပြင် Hassan Nasrallah သေဆုံးမှုဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ဟားမက်လက်နက်ကိုင်အဖွဲ့အတွက် နောက်ထပ်သတင်းစကား တစ်ခုဖြစ်တယ်လို့လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုက "ဖြစ်ပျက်နေတဲ့အခြေအနေတွေအားလုံးကို ဟားမက်လက်နက်ကိုင်အဖွဲ့နိုင်ငံရေးခေါင်းဆောင် ယာယာဆင်ဝါက နားလည်လေလေ ကျွန်တော်တို့ရဲ့ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေ ပြန်လွတ်လာနိုင်ဖို့ အခွင့်အလမ်းတွေ ပိုများလာလေပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
က်ယ္ျပန႔္လာႏိုင္ေျခရွိတဲ့ အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲကို ေရွာင္ရွားရမယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ေျပာ
Pika (NP News) - စက္တင္ဘာ ၃ဝ
အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့ေဒသတြင္းပဋိပကၡျဖစ္ပြားလာမွာကို ေရွာင္ရွားရမယ္လို႔ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က စက္တင္ဘာလ(၂၉)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အစၥေရးက လက္ဘႏြန္ႏိုင္ငံကို ဗုံးႀကဲတိုက္ခိုက္မႈအတြင္း လူ(၅၀)နီးပါး ေသဆုံးခဲ့ၿပီးေနာက္ ဂ်ိဳးဘိုင္ဒန္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။
ဒါ့ျပင္ အစၥေရးရဲ႕ဒုံးက်ည္ေတြဟာ ဂါဇာကမ္းေျမာင္ေဒသနဲ႔ အေဝးမွာရွိတဲ့ ယီမင္ႏိုင္ငံက ပစ္မွတ္ေတြကို ထိမွန္ခဲ့ တယ္လို႔လည္း သိရပါတယ္။ အေရွ႕အလယ္ပိုင္းေဒသမွာ ေဒသတြင္းပဋိပကၡျဖစ္ပြားလာမွာကို ေရွာင္ရွားဖို႔လိုအပ္ လားဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဂ်ိဳးဘိုင္ဒန္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာလည္း ျဖစ္ပါတယ္။
ဂ်ိဳးဘိုင္ဒန္က "အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့ေဒသတြင္းပဋိပကၡျဖစ္ပြားလာမွာကို ေရွာင္ရွားဖို႔ လိုအပ္ပါ တယ္။ ဒါက တကယ္ကို ေရွာင္ရွားရမယ့္ကိစၥတစ္ခုပဲျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕မွာရွိတဲ့ ေျမေအာက္ဘန္ကာတစ္ခုကို ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံ သတ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
Hassan Nasrallah ေသဆုံးမႈကို ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ေသဆုံးမႈေၾကာင့္ အစၥေရးနဲ႔ ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕ၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့ပါတယ္။ ဒါ့ျပင္ Hassan Nasrallah ေသဆုံးမႈဟာ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ဟားမက္လက္နက္ကိုင္အဖြဲ႕အတြက္ ေနာက္ထပ္သတင္းစကား တစ္ခုျဖစ္တယ္လို႔လည္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
ေနတန္ရာဟုက "ျဖစ္ပ်က္ေနတဲ့အေျခအေနေတြအားလုံးကို ဟားမက္လက္နက္ကိုင္အဖြဲ႕ႏိုင္ငံေရးေခါင္းေဆာင္ ယာယာဆင္ဝါက နားလည္ေလေလ ကြၽန္ေတာ္တို႔ရဲ႕ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြ ျပန္လြတ္လာႏိုင္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားလာေလပါပဲ" လို႔ ေျပာဆိုခဲ့ပါတယ္။