လားရှိုးရောက် MNDAA များ လေယာဉ်ကြောက်ရောဂါရနေပြီး အရပ်ဝတ်ဖြင့် ပြည်သူများကြား ပုန်းခိုအိပ်စက်မှု လုပ်လာ
1639
သုတကျော် (NP News) - စက်တင်ဘာ ၃ဝ
လားရှိုးမြို့ကို တပ်မတော်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် MNDAA များ သေဆုံးမှုရှိနေ သော်လည်း မထုတ်ပြန်သည့်အပြင် အရပ်ဝတ်များဝတ်၍ ပြည်သူများအကြား ပုန်းကွယ်အိပ်စက်မှု ပြုလာကြောင်း လားရှိုးမြို့ခံ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
လားရှိုးမြို့တွင် MNDAA များရှိနေခြင်းကြောင့် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို အရှိန် မြှင့်တင်ဆောင်ရွက်နေပြီး ပြည်ပရောက် မီဒီယာများတွင်မူ လူနေအိမ်များကို ဗုံးကြဲသည်ဟုသာ ပြောနေသော် လည်း MNDAA များ သေဆုံးကြောင်း တစ်လုံးတစ်ပါဒမျှ ထည့်သွင်းရေး သားခြင်းမရှိသည်ကို တွေ့မြင်ရသည်။
‘MNDAA တွေ သေတာပေါ့။ ဒါပေမဲ့သူတို့က သူတို့သေဆုံးတာကို မထုတ်ပြန်ဘူးဗျ။ ဗုံးကြဲပြီး ရင်လည်း ပြည်သူ တွေ သတင်းအမှန်သိမှာ ကြောက်တာလားမသိဘူး။ ဗုံးကြဲတဲ့ နေရာကို အလာမခံဘူး။ ဓာတ်ပုံတွေက မနက်မိုးလင်းမှ နီးစပ်တဲ့အိမ်တွေကဓာတ်ပုံ ရိုက်တာရှိတာ။ သူတို့ ဝင်အိပ်နေတဲ့ နေရာတွေတော့ ပြည်သူတွေက သိတယ်ဗျ’ဟု ၎င်းက ဆိုသည်။
လားရှိုးမြို့တွင် MNDAA က ပျံ့နှံ့နေထိုင်နေမှုကို သိရှိထားသည့်အတွက် တာဝန်သိ ပြည်သူများကလည်း MNDAA ကို လက်မခံသောကြောင့် သတင်းပေးခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။
‘သူတို့နားကို လိုင်းသွားသုံးရင် သူတို့က ပြောတယ်။ ခင်ဗျားတို့ အောက်ကို ကြောက်ရမှာ မဟုတ်ဘူး။ အပေါ်ကို ကြောက်ရမှာလို့ ပြောတယ်။ သူတို့ ကိုယ်တိုင်လည်း ကြောက်တယ်။ သူတို့က လူခွဲပြီးတော့ အိပ်တတ်တယ်။ အခု နောက်ပိုင်းတပ်က သတင်းရတော့ ပျံ့နှံ့လူခွဲပြီး အိပ်ပေမယ့် တပ်ကလည်း သတင်းရတော့ ကြဲတာဖြစ်မယ်။ ဘယ်နှ ယောက်သေတယ် ဆိုတာကတော့ တိတိကျကျ ဘယ်သူမှတော့ မသိနိုင်ဘူး။ သူတို့ ကိုယ်တိုင်ပဲ သိမှာ။ ကြဲပြီ ဆိုတာနဲ့ သူတို့က အနားကို အလာမခံတာ။ နေ့ခင်းဘက် ကြဲလို့ ထိရင်တော့ ကောင်းကောင်းမြင်ရတာပေါ့။ ဒါဆိုရင်တော့ ဒီကောင်တွေ မငြင်းနိုင်ဘူး’ ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သိရသော သတင်းအချက် အလက်များအရ MNDAA များ သည် အရပ်ဝတ်ဖြင့် ပြည်သူများအကြား ရောနှောနေထိုင်ခြင်းများလည်း ရှိနေကြောင်း လားရှိုးမြို့မှ တိမ်းရှောင် လာသူ တစ်ဦးကဆိုသည်။ ‘မြို့နဲ့ကတော့ အဆက်အသွယ်က ရတယ်လေ။ ဒီနောက်ပိုင်း ဗုံးတွေဆက်တိုက်ပေါ့နော်။ လေ ကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့နောက်ပိုင်းမှာ သူတို့က အရပ်ဝတ်နဲ့ ပြည်သူတွေအကြား ရောဝင်တယ်လို့ ပြော တယ်။ ပြည်သူတွေကို အကာအကွယ်ယူတာပေါ့။ မဟုတ်လည်းပဲ မြို့ထဲမှာ သူတို့က နေနေတာပဲလေ။ ဘေးမှာက လူနေအိမ် တွေပဲဟာ။ ဒီ ကောင်တွေ အနားရောက်ရင် ရောမနေဘဲ ခွဲနေသင့်တယ်။ ဒါက ပိုပြီးလုံခြုံမှာပေါ့။ တပ်က လည်း သတင်းရတော့ ဗုံးကြဲတဲ့အခါ မဆိုင်တဲ့သူ မထိတော့ဘူး’ ဟု ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ် တွင်လည်း တပ်မ တော်က AA အဖွဲ့များ လတ်တလောလှုပ်ရှားနေသော တောင်ကုတ်မြို့၊ မြေပုံမြို့နှင့် သံတွဲမြို့နယ်တို့တွင် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် NP News က သိရသော သတင်းအချက်အလက်များအရ AA က ရခိုင်ပြည်နယ်တွင် အရပ်သားများကို စစ်ပွဲအတွက် အသုံးချ ခြင်းများ ရှိနေပြီး MNDAA နှင့် TNLA ထိန်းချုပ် နယ်ရာ ဒေသအချို့တွင်လည်း အလားတူ ရှိနေကြောင်း သိရသည်။
Zawgyi Version;
လားရႈိးေရာက္ MNDAA မ်ား ေလယာဥ္ေၾကာက္ေရာဂါရေနၿပီး အရပ္ဝတ္ျဖင့္ ျပည္သူမ်ားၾကား ပုန္းခိုအိပ္စက္မႈ လုပ္လာ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၃ဝ
လားရႈိးၿမိဳ႕ကို တပ္မေတာ္က ေလေၾကာင္း ဗုံးႀကဲ တိုက္ခိုက္မႈေၾကာင့္ MNDAA မ်ား ေသဆုံးမႈရွိေန ေသာ္လည္း မထုတ္ျပန္သည့္အျပင္ အရပ္ဝတ္မ်ားဝတ္၍ ျပည္သူမ်ားအၾကား ပုန္းကြယ္အိပ္စက္မႈ ျပဳလာေၾကာင္း လားရႈိးၿမိဳ႕ခံ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
လားရႈိးၿမိဳ႕တြင္ MNDAA မ်ားရွိေနျခင္းေၾကာင့္ တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ျခင္းကို အရွိန္ ျမႇင့္တင္ေဆာင္႐ြက္ေနၿပီး ျပည္ပေရာက္ မီဒီယာမ်ားတြင္မူ လူေနအိမ္မ်ားကို ဗုံးႀကဲသည္ဟုသာ ေျပာေနေသာ္ လည္း MNDAA မ်ား ေသဆုံးေၾကာင္း တစ္လုံးတစ္ပါဒမွ် ထည့္သြင္းေရး သားျခင္းမရွိသည္ကို ေတြ႕ျမင္ရသည္။
‘MNDAA ေတြ ေသတာေပါ့။ ဒါေပမဲ့သူတို႔က သူတို႔ေသဆုံးတာကို မထုတ္ျပန္ဘူးဗ်။ ဗုံးႀကဲၿပီး ရင္လည္း ျပည္သူ ေတြ သတင္းအမွန္သိမွာ ေၾကာက္တာလားမသိဘူး။ ဗုံးႀကဲတဲ့ ေနရာကို အလာမခံဘူး။ ဓာတ္ပုံေတြက မနက္မိုးလင္းမွ နီးစပ္တဲ့အိမ္ေတြကဓာတ္ပုံ ႐ိုက္တာရွိတာ။ သူတို႔ ဝင္အိပ္ေနတဲ့ ေနရာေတြေတာ့ ျပည္သူေတြက သိတယ္ဗ်’ဟု ၎က ဆိုသည္။
လားရႈိးၿမိဳ႕တြင္ MNDAA က ပ်ံ႕ႏွံ႔ေနထိုင္ေနမႈကို သိရွိထားသည့္အတြက္ တာဝန္သိ ျပည္သူမ်ားကလည္း MNDAA ကို လက္မခံေသာေၾကာင့္ သတင္းေပးျခင္းမ်ား ရွိေနေၾကာင္း ၎က ဆိုသည္။
‘သူတို႔နားကို လိုင္းသြားသုံးရင္ သူတို႔က ေျပာတယ္။ ခင္ဗ်ားတို႔ ေအာက္ကို ေၾကာက္ရမွာ မဟုတ္ဘူး။ အေပၚကို ေၾကာက္ရမွာလို႔ ေျပာတယ္။ သူတို႔ ကိုယ္တိုင္လည္း ေၾကာက္တယ္။ သူတို႔က လူခြဲၿပီးေတာ့ အိပ္တတ္တယ္။ အခု ေနာက္ပိုင္းတပ္က သတင္းရေတာ့ ပ်ံ႕ႏွံ႔လူခြဲၿပီး အိပ္ေပမယ့္ တပ္ကလည္း သတင္းရေတာ့ ႀကဲတာျဖစ္မယ္။ ဘယ္ႏွ ေယာက္ေသတယ္ ဆိုတာကေတာ့ တိတိက်က် ဘယ္သူမွေတာ့ မသိႏိုင္ဘူး။ သူတို႔ ကိုယ္တိုင္ပဲ သိမွာ။ ႀကဲၿပီ ဆိုတာနဲ႔ သူတို႔က အနားကို အလာမခံတာ။ ေန႔ခင္းဘက္ ႀကဲလို႔ ထိရင္ေတာ့ ေကာင္းေကာင္းျမင္ရတာေပါ့။ ဒါဆိုရင္ေတာ့ ဒီေကာင္ေတြ မျငင္းႏိုင္ဘူး’ ဟု ၎က ဆိုသည္။
လက္ရွိတြင္ သိရေသာ သတင္းအခ်က္ အလက္မ်ားအရ MNDAA မ်ား သည္ အရပ္ဝတ္ျဖင့္ ျပည္သူမ်ားအၾကား ေရာေႏွာေနထိုင္ျခင္းမ်ားလည္း ရွိေနေၾကာင္း လားရႈိးၿမိဳ႕မွ တိမ္းေရွာင္ လာသူ တစ္ဦးကဆိုသည္။ ‘ၿမိဳ႕နဲ႔ကေတာ့ အဆက္အသြယ္က ရတယ္ေလ။ ဒီေနာက္ပိုင္း ဗုံးေတြဆက္တိုက္ေပါ့ေနာ္။ ေလ ေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေနတဲ့ေနာက္ပိုင္းမွာ သူတို႔က အရပ္ဝတ္နဲ႔ ျပည္သူေတြအၾကား ေရာဝင္တယ္လို႔ ေျပာ တယ္။ ျပည္သူေတြကို အကာအကြယ္ယူတာေပါ့။ မဟုတ္လည္းပဲ ၿမိဳ႕ထဲမွာ သူတို႔က ေနေနတာပဲေလ။ ေဘးမွာက လူေနအိမ္ ေတြပဲဟာ။ ဒီ ေကာင္ေတြ အနားေရာက္ရင္ ေရာမေနဘဲ ခြဲေနသင့္တယ္။ ဒါက ပိုၿပီးလုံၿခဳံမွာေပါ့။ တပ္က လည္း သတင္းရေတာ့ ဗုံးႀကဲတဲ့အခါ မဆိုင္တဲ့သူ မထိေတာ့ဘူး’ ဟု ၎က ဆိုသည္။ ရခိုင္ျပည္နယ္ တြင္လည္း တပ္မ ေတာ္က AA အဖြဲ႕မ်ား လတ္တေလာလႈပ္ရွားေနေသာ ေတာင္ကုတ္ၿမိဳ႕၊ ေျမပုံၿမိဳ႕ႏွင့္ သံတြဲၿမိဳ႕နယ္တို႔တြင္ ဗုံးႀကဲ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ NP News က သိရေသာ သတင္းအခ်က္အလက္မ်ားအရ AA က ရခိုင္ျပည္နယ္တြင္ အရပ္သားမ်ားကို စစ္ပြဲအတြက္ အသုံးခ်ျခင္းမ်ား ရွိေနၿပီး MNDAA ႏွင့္ TNLA ထိန္းခ်ဳပ္ နယ္ရာ ေဒသအခ်ိဳ႕တြင္လည္း အလားတူ ရွိေနေၾကာင္း သိရသည္။