စစ်ဘေးဒဏ်ပြီးနောက် ရေဘေးသင့်နေသော လွိုင်ကော်တွင် နောက်တစ်ကြိမ် စစ်မီး ထပ်မံတောက်မည်ကို ဒေသခံများ စိုးရိမ်နေ

 469

သန့်ဇင် (NP News) - စက်တင်ဘာ ၃ဝ

ရေဘေးသင့်နေသော လွိုင်ကော်တွင် မငြိမ်းသေးသော စစ်မီးထပ်မံတောက်လောင်လာမည်ကို စိုးရိမ်မှုများရှိ နေပြီး စစ်ဘေးကို စိတ်ကုန်နေကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။
မိုးသည်းထန်စွာရွာခြင်းနှင့် ဘီလူးချောင်းရေ မြင့်တက်ခြင်းကြောင့် စက်တင်ဘာလ(၁၇)ရက်မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့ပြီး လက်ရှိအချိန်ထိ ရပ်ကွက်(၁၀)ခုထက်မနည်းနှင့် အနိမ့်ပိုင်းကျေးရွာများ လည်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

‘‘မုံပြာ၊ ဒေါနိုးကူး၊ မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း၊ ရွှေတောင်၊ ရှမ်းပိုင်း၊ မင်းစု၊ နမ့်ပွပ် လောလောဆယ်တော့ အဲဒီဘက် တွေ နစ်နေတာပေါ့။ ရပ်ကွက်က (၉)ခု(၁၀)ခုလောက် နစ်နေတာပါ။ ဘီလူးချောင်းအနီး တစ်ဝိုက်နဲ့ ဘီလူးချောင်း နည်းနည်းကျော်သွားရင် ဟိုဘက်က နိမ့်တဲ့အပိုင်းတွေပါ ရေတွေဝင်ကုန်တာပေါ့။ မြို့နယ်ထဲ က ကျေးရွာတွေ ပါနစ်နေတာပါ။ ခန့်မှန်းခြေ လူဦးရေက ဘုန်းကြီးကျောင်းတွေမှာနဲ့နေလို့ အဆင်ပြေတဲ့ မြင့်တဲ့အပိုင်း တွေမှာ နေကြတာပေါ့။ လူဦးရေ(၁၅၀ဝ)လောက်ရှိတာပေါ့။ တချို့ကလည်း စစ်ဘေးရှောင်သွားကြတဲ့ လူတွေရှိတယ်။ ပြန်ရောက် လာတော့ ရေဘေးနဲ့ထပ်ကြုံရတာ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန် ရက်စာမျက်နှာထက်တွင်တွေ့ရှိရသော အချက်အလက်များအရ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် လွိုင်ကော်မြို့ကို ဝေဠုကျော်၊ ခိုင်နှင်းဝေ အပါအဝင် အလှူရှင်များ လာရောက်လှူဒါန်းမှုများရှိခဲ့ သည်ကို တွေ့ရသော်လည်း မြို့နှင့်အနည်း ငယ်ကွာဝေးသော ရေဘေးသင့်ဒေသများ၌ လက်ရှိအချိန်ထိ လိုအပ် ချက်များစွာရှိသေးကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ထို့ပြင် အစိုးရပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သော လွိုင်ကော်မြို့ကို KNDF ပူးပေါင်းဖွဲ့များက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ရှိလာခဲ့သည့် သတင်းအချက်အလက်များအရသိရသည်။ လက်ရှိတွင် လွိုင်ကော်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော်လည်း ရေကြီးရေလျှံမှု ကြုံ တွေ့နေရသည့်အပြင် အထက်ပါသတင်းများကြောင့်လည်း ဒေသခံများအနေဖြင့် စိုးရိမ်စိတ် ကြီးမားစွာရှိနေကြောင်း လွိုင်ကော်မြို့ခံက ဆိုသည်။

‘အဲဒီသတင်းတွေကြားပြီး ဘယ်လိုနေထိုင်ရလဲတောင်မသိတော့ပါဘူးဗျာ။ ဖြစ်ရင်လည်း ဖြစ်ပါစေတော့ပေါ့။ ကျွန်တော်တို့ကတော့ နေစရာရှိတာ ဒီမှာပဲဆိုတော့ ဒီမှာပဲနေတော့မယ်။ ဖြစ်ရင်လည်း သေချင် လည်းသေပါစေ တော့ပေါ့ဗျာ။ လူတွေကလည်း စစ်ရှောင်ရတယ်ဆိုတာ မလွယ်ကူဘူးလေ။ စားဝတ် နေရေးကတစ်မျိုး။ နိုင်ငံရေးကတစ်မျိုးနဲ့ ရေဘေးက တစ်မျိုးဆိုတော့ အဆင်မပြေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က စိတ်လျှော့ရတော့မယ့် အနေအထားမျိုးဖြစ်နေပြီ’ ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိရေဘေးကြုံတွေ့နေရသည့် လွိုင် ကော်မြို့ကို ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်ကစတင်ကာ KNDF ပူပေါင်းအဖွဲ့က တိုက်ပွဲများဖော် ဆောင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့၏ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အပါအဝင် ဒေသခံများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

Zawgyi Version;
စစ္ေဘးဒဏ္ၿပီးေနာက္ ေရေဘးသင့္ေနေသာ လြိဳင္ေကာ္တြင္ ေနာက္တစ္ႀကိမ္ စစ္မီး ထပ္မံေတာက္မည္ကို ေဒသခံမ်ား စိုးရိမ္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃ဝ

ေရေဘးသင့္ေနေသာ လြိဳင္ေကာ္တြင္ မၿငိမ္းေသးေသာ စစ္မီးထပ္မံေတာက္ေလာင္လာမည္ကို စိုးရိမ္မႈမ်ားရွိ ေနၿပီး စစ္ေဘးကို စိတ္ကုန္ေနေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
မိုးသည္းထန္စြာ႐ြာျခင္းႏွင့္ ဘီလူးေခ်ာင္းေရ ျမင့္တက္ျခင္းေၾကာင့္ စက္တင္ဘာလ(၁၇)ရက္မွစတင္ကာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလာခဲ့ၿပီး လက္ရွိအခ်ိန္ထိ ရပ္ကြက္(၁၀)ခုထက္မနည္းႏွင့္ အနိမ့္ပိုင္းေက်း႐ြာမ်ား လည္း ေရနစ္ျမဳပ္လ်က္ရွိေၾကာင္း သိရသည္။

‘‘မုံျပာ၊ ေဒါႏိုးကူး၊ မဂၤလာ၊ ဓမၼာ႐ုံ၊ ေဈးပိုင္း၊ ေ႐ႊေတာင္၊ ရွမ္းပိုင္း၊ မင္းစု၊ နမ့္ပြပ္ ေလာေလာဆယ္ေတာ့ အဲဒီဘက္ ေတြ နစ္ေနတာေပါ့။ ရပ္ကြက္က (၉)ခု(၁၀)ခုေလာက္ နစ္ေနတာပါ။ ဘီလူးေခ်ာင္းအနီး တစ္ဝိုက္နဲ႔ ဘီလူးေခ်ာင္း နည္းနည္းေက်ာ္သြားရင္ ဟိုဘက္က နိမ့္တဲ့အပိုင္းေတြပါ ေရေတြဝင္ကုန္တာေပါ့။ ၿမိဳ႕နယ္ထဲ က ေက်း႐ြာေတြ ပါနစ္ေနတာပါ။ ခန႔္မွန္းေျခ လူဦးေရက ဘုန္းႀကီးေက်ာင္းေတြမွာနဲ႔ေနလို႔ အဆင္ေျပတဲ့ ျမင့္တဲ့အပိုင္း ေတြမွာ ေနၾကတာေပါ့။ လူဦးေရ(၁၅၀ဝ)ေလာက္ရွိတာေပါ့။ တခ်ိဳ႕ကလည္း စစ္ေဘးေရွာင္သြားၾကတဲ့ လူေတြရွိတယ္။ ျပန္ေရာက္ လာေတာ့ ေရေဘးနဲ႔ထပ္ႀကဳံရတာ”ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက လူမႈကြန္ ရက္စာမ်က္ႏွာထက္တြင္ေတြ႕ရွိရေသာ အခ်က္အလက္မ်ားအရ ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚေနသည့္ လြိဳင္ေကာ္ၿမိဳ႕ကို ေဝဠဳေက်ာ္၊ ခိုင္ႏွင္းေဝ အပါအဝင္ အလႉရွင္မ်ား လာေရာက္လႉဒါန္းမႈမ်ားရွိခဲ့ သည္ကို ေတြ႕ရေသာ္လည္း ၿမိဳ႕ႏွင့္အနည္း ငယ္ကြာေဝးေသာ ေရေဘးသင့္ေဒသမ်ား၌ လက္ရွိအခ်ိန္ထိ လိုအပ္ ခ်က္မ်ားစြာရွိေသးေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။

ထို႔ျပင္ အစိုးရျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေသာ လြိဳင္ေကာ္ၿမိဳ႕ကို KNDF ပူးေပါင္းဖြဲ႕မ်ားက ျပန္လည္ ထိုးစစ္ဆင္တိုက္ခိုက္မည္ဟု ၿပီးခဲ့သည့္ ရက္ပိုင္းက ထြက္ရွိလာခဲ့သည့္ သတင္းအခ်က္အလက္မ်ားအရသိရသည္။ လက္ရွိတြင္ လြိဳင္ေကာ္ၿမိဳ႕တြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိေသာ္လည္း ေရႀကီးေရလွ်ံမႈ ႀကဳံ ေတြ႕ေနရသည့္အျပင္ အထက္ပါသတင္းမ်ားေၾကာင့္လည္း ေဒသခံမ်ားအေနျဖင့္ စိုးရိမ္စိတ္ ႀကီးမားစြာရွိေနေၾကာင္း လြိဳင္ေကာ္ၿမိဳ႕ခံက ဆိုသည္။

‘အဲဒီသတင္းေတြၾကားၿပီး ဘယ္လိုေနထိုင္ရလဲေတာင္မသိေတာ့ပါဘူးဗ်ာ။ ျဖစ္ရင္လည္း ျဖစ္ပါေစေတာ့ေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ ေနစရာရွိတာ ဒီမွာပဲဆိုေတာ့ ဒီမွာပဲေနေတာ့မယ္။ ျဖစ္ရင္လည္း ေသခ်င္ လည္းေသပါေစ ေတာ့ေပါ့ဗ်ာ။ လူေတြကလည္း စစ္ေရွာင္ရတယ္ဆိုတာ မလြယ္ကူဘူးေလ။ စားဝတ္ ေနေရးကတစ္မ်ိဳး။ ႏိုင္ငံေရးကတစ္မ်ိဳးနဲ႔ ေရေဘးက တစ္မ်ိဳးဆိုေတာ့ အဆင္မေျပေတာ့ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က စိတ္ေလွ်ာ့ရေတာ့မယ့္ အေနအထားမ်ိဳးျဖစ္ေနၿပီ’ ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိေရေဘးႀကဳံေတြ႕ေနရသည့္ လြိဳင္ ေကာ္ၿမိဳ႕ကို ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ကစတင္ကာ KNDF ပူေပါင္းအဖြဲ႕က တိုက္ပြဲမ်ားေဖာ္ ေဆာင္ခဲ့ရာ ႏွစ္ဖက္တိုက္ပြဲမ်ား ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး ျပည္နယ္ အစိုးရအဖြဲ႕၏ ဌာနဆိုင္ရာ႐ုံးမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ဝန္ထမ္းမ်ား အပါအဝင္ ေဒသခံမ်ားစြာ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ရမႈမ်ား ရွိခဲ့သည္။

Related news

© 2021. All rights reserved.