ယူကရိန်းသမ္မတက စစ်ဘက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေ

 317

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

ယူကရိန်းသမ္မတဇီလန်စကီးသည် ယူကရိန်းစစ်ဘက်စပိုင်အဖွဲ့အကြီးအကဲကို မကြာမီရာထူးမှထုတ်ပယ်ပြီး အစားထိုးဖွယ်ရှိနေပြီး ယူကရိန်းပြည်ပထောက်လှမ်းရေးအဖွဲ့အကြီးအကဲ Oleg Ivashchenko ကို စစ်ဘက်စပိုင် အဖွဲ့အကြီးအကဲအဖြစ် အစားထိုးခန့်အပ်ဖွယ်ရှိနေကြောင်း သိရသည်။

ယူကရိန်းသမ္မတဇီလန်စကီးသည် ယူကရိန်းအစိုးရ၏ အဓိကထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဘူဒါနောဗ့် နှင့် အငြင်းပွားမှုများ၊ တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရမည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ ထွက်ပေါ်နေသည့်သတင်းများအရမှု ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဘူဒါနောဗ့်သည် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်နိုင်ငံခြား သံတမန်အဖြစ် ပြောင်းလဲခန့်အပ်ခံရဖွယ်ရှိနေသည်။

ဘူဒါနော့ဗ်သည် ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ၂၀၂ဝ ပြည့်နှစ်တွင် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ ယူကရိန်းသမ္မတသည် ရုရှားနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းအစိုးရအဖွဲ့အတွင်းရှိ ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများကို ထုတ်ပယ်လျက်ရှိနေကြောင်း သိရသည်။

ယူကရိန်းသည် အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများထံမှ အကူအညီများရရှိခဲ့သော်လည်း ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ယူကရိန်း သမ္မတ နှင့် စစ်ရေးတာဝန်ရှိသူများကြား စစ်ရေးဗျူဟာနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ မကြာခဏဖြစ်ပွားနေကာ ရာထူးထုတ်ပယ်ခြင်းများရှိခဲ့ကြောင်း ယူကရိန်းအခြေစိုက်မီဒိယာများက ဖော်ပြထားသည်။

Zawgyi Version;
ယူကရိန္းသမၼတက စစ္ဘက္ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲကို ရာထူးမွ ထုတ္ပယ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

ယူကရိန္းသမၼတဇီလန္စကီးသည္ ယူကရိန္းစစ္ဘက္စပိုင္အဖြဲ႕အႀကီးအကဲကို မၾကာမီရာထူးမွထုတ္ပယ္ၿပီး အစားထိုးဖြယ္ရွိေနၿပီး ယူကရိန္းျပည္ပေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ Oleg Ivashchenko ကို စစ္ဘက္စပိုင္ အဖြဲ႕အႀကီးအကဲအျဖစ္ အစားထိုးခန႔္အပ္ဖြယ္ရွိေနေၾကာင္း သိရသည္။

ယူကရိန္းသမၼတဇီလန္စကီးသည္ ယူကရိန္းအစိုးရ၏ အဓိကေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ ဘူဒါေနာဗ့္ ႏွင့္ အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ရာထူးမွ ထုတ္ပယ္ခံရမည္ဆိုေသာသတင္းမ်ား ထြက္ေပၚလာခဲ့ ျခင္းျဖစ္သည္။ ထြက္ေပၚေနသည့္သတင္းမ်ားအရမႈ ယူကရိန္းစစ္ဘက္ ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ ဘူဒါေနာဗ့္သည္ ရာထူးမွ ထုတ္ပယ္ခံရၿပီးေနာက္ႏိုင္ငံျခား သံတမန္အျဖစ္ ေျပာင္းလဲခန႔္အပ္ခံရဖြယ္ရွိေနသည္။

ဘူဒါေနာ့ဗ္သည္ ယူကရိန္းစစ္ေထာက္လွမ္းေရးအႀကီးအကဲအျဖစ္ ၂၀၂ဝ ျပည့္ႏွစ္တြင္ ခန႔္အပ္ခံခဲ့ရေၾကာင္း သိရသည္။ ယူကရိန္းသမၼတသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းအစိုးရအဖြဲ႕အတြင္းရွိ ဝန္ႀကီးမ်ား၊ စစ္ဘက္ဆိုင္ရာတာဝန္ရွိသူမ်ားကို ထုတ္ပယ္လ်က္ရွိေနေၾကာင္း သိရသည္။

ယူကရိန္းသည္ အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားထံမွ အကူအညီမ်ားရရွိခဲ့ေသာ္လည္း ႐ုရွားတပ္ဖြဲ႕မ်ား သိမ္းပိုက္ထားသည့္နယ္ေျမမ်ားကို ျပန္လည္သိမ္းယူႏိုင္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။ ယူကရိန္း သမၼတ ႏွင့္ စစ္ေရးတာဝန္ရွိသူမ်ားၾကား စစ္ေရးဗ်ဴဟာႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ား မၾကာခဏျဖစ္ပြားေနကာ ရာထူးထုတ္ပယ္ျခင္းမ်ားရွိခဲ့ေၾကာင္း ယူကရိန္းအေျခစိုက္မီဒိယာမ်ားက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.