လက်ဘနွန်က ဂါဇာကမ်းမြောင်ဒေသအသစ်ကဲ့သို့ဖြစ်လာနေခြင်းကို ဆန့်ကျင်ကြောင်း ပြင်သစ်အစိုးရပြော

 423

Pika (NP News) - စက်တင်ဘာ ၃ဝ

လက်ဘနွန်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသ အသစ်ကဲ့သို့ဖြစ်လာနေခြင်းကို ပြင်သစ်နိုင်ငံအနေဖြင့် ဆန့်ကျင် ကြောင်း သမ္မတမက်ခရွန်က စက်တင်ဘာလ(၂၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မက်ခရွန်သည် ကနေဒါနိုင်ငံကို အလည်အပတ်ခရီးသွားရောက်နေစဉ်အချိန်အတွင်း လက်ဘနွန်တွင် အရပ်သား အသေအပျောက်များလာခြင်းကို ကိုးကား၍ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ် သည်။
မက်ခရွန်က 'အစ္စရေးက လက်ဘနွန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်နေတာတွေ ရပ်တန့်ရပါမယ်။ ပြီးတော့ လက်ဘ နွန်အခြေစိုက် ဟစ္စဘိုလာလက်နက် ကိုင်အဖွဲ့ကလည်း သူတို့ရဲ့လက်တုံ့ပြန်တိုက် ခိုက်မှုတွေကို ရပ်တန့်ရပါမယ်' ဟု ပြောဆိုခဲ့သည်။
မက်ခရွန်သည် ကနေဒါဝန်ကြီးချုပ် ထရုဒိုးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ယခုကဲ့သို ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် လက်ဘနွန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို ငြင်းဆိုခြင်းသည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာ ဟုအတွက် အမှားတစ် ခုဖြစ်လာလိမ့်မည်ဟု မက်ခရွန်ကပြောဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအနေဖြင့် ဒေသတွင်း၌ တင်းမာမှုများမြင့်တက်လာခြင်းအတွက် တာဝန်ယူရ လိမ့်မည်ဟုလည်း မက်ခရွန်က ထပ်မံပြောဆိုခဲ့သည်။
မက်ခရွန်က 'လက်ဘနွန်နိုင်ငံက ဂါဇာ ကမ်းမြောင်ဒေသ အသစ်လိုမျိုးဖြစ်လာနေတာကို ပြင်သစ်နိုင်ငံက ပြင်း ပြင်းထန်ထန်ကို ဆန့်ကျင်ပါတယ်’ဟုပြောဆိုခဲ့သည်။ ထို့ပြင် လက်ဘနွန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း လက်ဘနွန်နိုင်ငံတစ်ဝန်းတွင် အီလက်ထရွန်းနစ်ပစ္စည်းများ နှစ်ရက်ဆက်တိုက် ပေါက်ကွဲကာ လူ(၃၀)ကျော် သေဆုံးခဲ့ပြီး အခြားလူထောင်ချီထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီးနောက် နာဂျစ်မီကာတီက ယခု ကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ ဟစ္စဘိုလာနှင့် လက်ဘနွန် အစိုးရတို့က အဆိုပါဖြစ်ရပ်များအတွက် အစ္စရေး နိုင်ငံကို အပြစ်တင်ခဲ့ကြကြောင်းလည်း သိရသည်။

သို့သော်လည်း ယင်းဖြစ်ရပ်နှင့်ပတ် သက်ပြီး ၎င်းတို့တွင် တာဝန်ရှိ/မရှိ ဆိုသည့်အချက်ကို အစ္စရေးအစိုးရ ဘက်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနှင့် ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲတို့သည် ဒရုန်းများ၊ ဒုံးကျည်များဖြင့် နယ်စပ်ဖြတ်ကျော်တိုက် ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လက္ဘႏြန္က ဂါဇာကမ္းေျမာင္ေဒသအသစ္ကဲ့သို႔ျဖစ္လာေနျခင္းကို ဆန႔္က်င္ေၾကာင္း ျပင္သစ္အစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၃ဝ

လက္ဘႏြန္ႏိုင္ငံက ဂါဇာကမ္းေျမာင္ေဒသ အသစ္ကဲ့သို႔ျဖစ္လာေနျခင္းကို ျပင္သစ္ႏိုင္ငံအေနျဖင့္ ဆန႔္က်င္ ေၾကာင္း သမၼတမက္ခ႐ြန္က စက္တင္ဘာလ(၂၆)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
မက္ခ႐ြန္သည္ ကေနဒါႏိုင္ငံကို အလည္အပတ္ခရီးသြားေရာက္ေနစဥ္အခ်ိန္အတြင္း လက္ဘႏြန္တြင္ အရပ္သား အေသအေပ်ာက္မ်ားလာျခင္းကို ကိုးကား၍ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ သည္။
မက္ခ႐ြန္က 'အစၥေရးက လက္ဘႏြန္ႏိုင္ငံကို ဗုံးႀကဲတိုက္ခိုက္ေနတာေတြ ရပ္တန႔္ရပါမယ္။ ၿပီးေတာ့ လက္ဘ ႏြန္အေျခစိုက္ ဟစၥဘိုလာလက္နက္ ကိုင္အဖြဲ႕ကလည္း သူတို႔ရဲ႕လက္တုံ႔ျပန္တိုက္ ခိုက္မႈေတြကို ရပ္တန႔္ရပါမယ္' ဟု ေျပာဆိုခဲ့သည္။
မက္ခ႐ြန္သည္ ကေနဒါဝန္ႀကီးခ်ဳပ္ ထ႐ုဒိုးႏွင့္ ပူးတြဲသတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ယခုကဲ့သို ေျပာဆိုခဲ့ ျခင္းျဖစ္သည္။ ထို႔ျပင္ လက္ဘႏြန္ႏိုင္ငံတြင္ အပစ္အခတ္ရပ္စဲေရးကို ျငင္းဆိုျခင္းသည္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာ ဟုအတြက္ အမွားတစ္ ခုျဖစ္လာလိမ့္မည္ဟု မက္ခ႐ြန္ကေျပာဆိုခဲ့သည္။
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုအေနျဖင့္ ေဒသတြင္း၌ တင္းမာမႈမ်ားျမင့္တက္လာျခင္းအတြက္ တာဝန္ယူရ လိမ့္မည္ဟုလည္း မက္ခ႐ြန္က ထပ္မံေျပာဆိုခဲ့သည္။
မက္ခ႐ြန္က 'လက္ဘႏြန္ႏိုင္ငံက ဂါဇာ ကမ္းေျမာင္ေဒသ အသစ္လိုမ်ိဳးျဖစ္လာေနတာကို ျပင္သစ္ႏိုင္ငံက ျပင္း ျပင္းထန္ထန္ကို ဆန႔္က်င္ပါတယ္’ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ လက္ဘႏြန္ႏိုင္ငံတြင္ စစ္ပြဲျဖစ္ပြားေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္တြင္ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ နာဂ်စ္မီကာတီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္အတြင္း လက္ဘႏြန္ႏိုင္ငံတစ္ဝန္းတြင္ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ား ႏွစ္ရက္ဆက္တိုက္ ေပါက္ကြဲကာ လူ(၃၀)ေက်ာ္ ေသဆုံးခဲ့ၿပီး အျခားလူေထာင္ခ်ီထိခိုက္ဒဏ္ရာရ ရွိခဲ့ၿပီးေနာက္ နာဂ်စ္မီကာတီက ယခု ကဲ့သို႔ ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္သည္။ ဟစၥဘိုလာႏွင့္ လက္ဘႏြန္ အစိုးရတို႔က အဆိုပါျဖစ္ရပ္မ်ားအတြက္ အစၥေရး ႏိုင္ငံကို အျပစ္တင္ခဲ့ၾကေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း ယင္းျဖစ္ရပ္ႏွင့္ပတ္ သက္ၿပီး ၎တို႔တြင္ တာဝန္ရွိ/မရွိ ဆိုသည့္အခ်က္ကို အစၥေရးအစိုးရ ဘက္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္တြင္ အစၥေရး-ဟားမတ္စ္ စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက အစၥေရးႏွင့္ ဟစၥဘိုလာ လက္နက္ကိုင္အဖြဲတို႔သည္ ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ နယ္စပ္ျဖတ္ေက်ာ္တိုက္ ခိုက္မႈမ်ားကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.