ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ဆရာ/ဆရာမ (၉၉)ရာခိုင်နှုန်းဖြင့် ကောက်ယူမည်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေ
251
မြူနစ် (NP News) - စက်တင်ဘာ ၃ဝ
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ဆရာ/ဆရာမ (၉၉)ရာခိုင်နှုန်းဖြင့် အသုံးပြုကောက်ယူ သွားမည်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယခု အောက်တိုဘာလ(၁) ရက်နေ့မှ စတင်ကာ (၁၅)ရက်နေ့အထိ နိုင်ငံအနှံ့ ကောက်ယူသွားမည်ဖြစ်သည်။ အဆိုပါစာရင်းများကို ကောက်ယူရာတွင် ပညာရေး ဝန်ထမ်းများဖြစ်သည့် ဆရာ/ဆရာ မများကို အဓိကအသုံးပြုထားပြီး အခြားသော ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
‘အများဆုံးကတော့ ပညာရေးဝန်ထမ်းက (၉၉ ဒသမ ၉၉)ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့က အများစုပဲပေါ့။ အခုသင်တန်းတွေက စက်တင်ဘာ (၂၇)၊ (၂၈)ဆိုရင်ပြီးပြီ။ ဒါပြီးတာနဲ့ မြို့နယ်တိုင်း၊ မြို့ နယ်တိုင်းမှာ သူတို့ စာရင်း ကောက်မယ့် ရပ်ကွက်ကျေးရွာအုပ်စုတွေကို သွားရမယ်။ သွားတာနဲ့ လုံခြုံရေးလိုပြီ။ လုံခြုံရေးကတော့ အများကြီး စိတ်ပူတာ ပေါ့’ဟု အထက်ပါ အရာရှိက ပြောသည်။
လာမည့် အောက်တိုဘာလတွင် ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့် ပတ်သက်၍ အဆင်ပြေမှု များ ရှိစေရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ပြီးခဲ့သော (၂၀၂၃)ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှစ၍ (၁၅)ရက်နေ့ အထိ မြို့နယ်ပေါင်း (၂၀)တွင် ကောက်ယူခဲ့ဖူးသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စာရင်းကောက်ကွက်ပေါင်း (၁၁၀ဝဝဝ)ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၄၀ဝဝဝ)ကျော်ဖြင့် အသုံးပြုကောက်ယူ သွားမည်ဖြစ်ကြောင်း နစကဘက်က ထုတ်ဖော် အသိပေးထားသည်။ ‘၂၀၁၄ ခုနှစ်မှာ မေးခွန်းက (၄၁) ခုမေးပြီး ကောက်တာ။ စာရွက်ပေါ်မှာ ခဲတံလေးတွေနဲ့ ဖြည့်သွင်းရတာပေါ့။ အခုကတော့ Mobile Tablet နဲ့ software သွင်းထားတာ။ မေးခွန်းပေါင်း (၆၈)ခုရှိတယ်။ သူက ခဲတံနဲ့မဖြေရပေမယ့် အဲဒီမှာပါတဲ့ မေးခွန်းတွေကို Next နဲ့သွားရမှာပေါ့။ အဲဒီအတွက် အေးအေးချမ်းချမ်းနဲ့ လုံခြုံချော မွေ့စွာနဲ့ မေးဖို့တော့လိုတာပေါ့။ ကောက်ဖို့တော့ လိုတာပေါ့။ အဲဒီမှာ ဝန်းရံမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံ ရေးတွေ၊ နောက်ပြီးတော့ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်း ဆောင်တွေ၊ ဌာနဆိုင်ရာတွေ ဒါကပူးပေါင်းဆောင် ရွက်မှသာ အခုကပြောတဲ့ မေးခွန်းပေါင်း (၆၈)ခုကို ဆရာ၊ ဆရာမတွေက မေးမြန်းနိုင်မယ်’ ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိက ဆက်လက်ပြောသည်။
နစကအစိုးရအနေဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူရာတွင် လုံလောက်သည့် လုံခြုံရေး အစီအမံများဖြင့် ကောက်ယူသွားရန် လိုအပ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
‘လုံခြုံရေးကို လုံလောက်သော လုံခြုံရေးပေါ့။ အစီအမံအတားအဆီးတွေ၊ စီမံချက်တွေ ချထားမှသာ စာရင်း စစ်စာရင်းကောက်တွေက မေးမြန်းနိုင်မယ်။ အဲဒီတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းတွေကနေပြီးတော့ အစီအမံ တွေချပေးနိုင်ဖို့ လိုတယ်’ ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။
နစကအစိုးရအနေဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်နေမှုနှင့်အတူ အခြား တစ်ဖက် တွင်လည်း နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်မှုများ တစ်ပြိုင်နက်တည်း ထွက်ပေါ်နေလျက်ရှိသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် CDM မလုပ်ဘဲ အစိုးရ၏ယန္တရားများ လည်ပတ်နိုင်ရေး အတွက် ကူညီပေးနေသည့် Non-CDM နိုင်ငံ့ဝန် ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်သွားမည်ဟု Chinland Defense Force-Hakha(CDF) လက်နက်ကိုင်အဖွဲ့က စက်တင်ဘာ (၂၃) ရက်တွင် ခြိမ်းခြောက်ထုတ်ပြန်ထားသည်ကိုလည်း တွေ့မြင်ရသည်။ နစကအစိုးရအနေဖြင့် ပြီးခဲ့ သော (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီ (၉)ရက်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူသည့် လုပ်ငန်းစဉ်ကို ဆောင် ရွက်ခဲ့ဖူးပြီး ယင်းကဲ့သို့ဆောင်ရွက်သည့် ပထမဆုံးနေ့တွင် တနင်္သာရီတိုင်းအတွင်း၌ လုံခြုံရေးရဲတပ်ဖွဲ့ ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးသကဲ့သို့ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ် ရှိခဲ့သည်။ နစကအစိုးရလက်ထက်တွင် NUG-PDF အဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့ များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းများဖြစ် သည့် ဆရာ/ဆရာမများအပါအဝင် အရပ်သားပြည် သူ (၇၀ဝဝ)ကျော် သေဆုံးခဲ့ရသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့များ နှင့် ရခိုင်ပြည်နယ်ရှိ မြို့များတွင် နစကအစိုးရ၏ အုပ်ချုပ်အာဏာ အပြည့်အဝမလွှမ်း မိုးနိုင်သည့်အခြေအနေမျိုး ဖြစ်ပေါ်နေလျက်ရှိသည်။ ထို့ကြောင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း၌ အပြည့်အဝ ဆောင်ရွက်နိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ ‘ရှမ်းမြောက်ကတော့ သန်းခေါင် စာရင်းကောက်နိုင်ဖွယ်မရှိဘူး။ သိသလောက်ကတော့။ ဒါတွေကတော့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ကောက်ယူနိုင်၊ မနိုင်ဆိုတာ ခွဲထားတာရှိတယ်လေ။ ရန်ကုန်တို့၊ နေပြည်တော်တို့ကတော့ အပြည့်အဝ ကောက်နိုင်မယ့်အနေ အထားတွေ ရှိတာပေါ့။ ကောက်ကွက်တွေကတော့ အားလုံးက အပြည့်တော့ လျာထားတာပဲလေ။ အဲဒီတော့ နယ်မြေ အခြေအနေပေါ် ကြည့်ပြီးတော့ ကောက်သွားရမှာပေါ့’ ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ထိပ်ပိုင်းအရာရှိက ဆိုသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်းပေါင်း (၆၈)ခု မေးမြန်းကာ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ကောက်ယူရရှိသည့် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းကို (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ဆရာ/ဆရာမ (၉၉)ရာခိုင္ႏႈန္းျဖင့္ ေကာက္ယူမည္ျဖစ္ကာ လုံၿခဳံေရးအတြက္ စိုးရိမ္မႈမ်ားရွိေန
ျမဴနစ္ (NP News) - စက္တင္ဘာ ၃ဝ
ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ဆရာ/ဆရာမ (၉၉)ရာခိုင္ႏႈန္းျဖင့္ အသုံးျပဳေကာက္ယူ သြားမည္ျဖစ္ကာ လုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္မႈမ်ား ရွိေနေၾကာင္း သိရသည္။
လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို ယခု ေအာက္တိုဘာလ(၁) ရက္ေန႔မွ စတင္ကာ (၁၅)ရက္ေန႔အထိ ႏိုင္ငံအႏွံ႔ ေကာက္ယူသြားမည္ျဖစ္သည္။ အဆိုပါစာရင္းမ်ားကို ေကာက္ယူရာတြင္ ပညာေရး ဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ/ဆရာ မမ်ားကို အဓိကအသုံးျပဳထားၿပီး အျခားေသာ ဌာနဆိုင္ရာဝန္ထမ္းမ်ားသည္လည္း ပူးေပါင္းပါဝင္ မည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဝန္ႀကီးဌာနမွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
‘အမ်ားဆုံးကေတာ့ ပညာေရးဝန္ထမ္းက (၉၉ ဒသမ ၉၉)ရာခိုင္ႏႈန္းေလာက္ရွိတယ္။ သူတို႔က အမ်ားစုပဲေပါ့။ အခုသင္တန္းေတြက စက္တင္ဘာ (၂၇)၊ (၂၈)ဆိုရင္ၿပီးၿပီ။ ဒါၿပီးတာနဲ႔ ၿမိဳ႕နယ္တိုင္း၊ ၿမိဳ႕ နယ္တိုင္းမွာ သူတို႔ စာရင္း ေကာက္မယ့္ ရပ္ကြက္ေက်း႐ြာအုပ္စုေတြကို သြားရမယ္။ သြားတာနဲ႔ လုံၿခဳံေရးလိုၿပီ။ လုံၿခဳံေရးကေတာ့ အမ်ားႀကီး စိတ္ပူတာ ေပါ့’ဟု အထက္ပါ အရာရွိက ေျပာသည္။
လာမည့္ ေအာက္တိုဘာလတြင္ ေကာက္ယူမည့္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းႏွင့္ ပတ္သက္၍ အဆင္ေျပမႈ မ်ား ရွိေစေရးအတြက္ စမ္းသပ္သန္းေခါင္စာရင္းကို ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္၊ ေအာက္တိုဘာ (၁) ရက္မွစ၍ (၁၅)ရက္ေန႔ အထိ ၿမိဳ႕နယ္ေပါင္း (၂၀)တြင္ ေကာက္ယူခဲ့ဖူးသည္။
ျပည္လုံးကြၽတ္သန္းေခါင္စာရင္း ေကာက္ယူရန္အတြက္ စာရင္းေကာက္ကြက္ေပါင္း (၁၁၀ဝဝဝ)ခန႔္ရွိၿပီး စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း(၄၀ဝဝဝ)ေက်ာ္ျဖင့္ အသုံးျပဳေကာက္ယူ သြားမည္ျဖစ္ေၾကာင္း နစကဘက္က ထုတ္ေဖာ္ အသိေပးထားသည္။ ‘၂၀၁၄ ခုႏွစ္မွာ ေမးခြန္းက (၄၁) ခုေမးၿပီး ေကာက္တာ။ စာ႐ြက္ေပၚမွာ ခဲတံေလးေတြနဲ႔ ျဖည့္သြင္းရတာေပါ့။ အခုကေတာ့ Mobile Tablet နဲ႔ software သြင္းထားတာ။ ေမးခြန္းေပါင္း (၆၈)ခုရွိတယ္။ သူက ခဲတံနဲ႔မေျဖရေပမယ့္ အဲဒီမွာပါတဲ့ ေမးခြန္းေတြကို Next နဲ႔သြားရမွာေပါ့။ အဲဒီအတြက္ ေအးေအးခ်မ္းခ်မ္းနဲ႔ လုံၿခဳံေခ်ာ ေမြ႕စြာနဲ႔ ေမးဖို႔ေတာ့လိုတာေပါ့။ ေကာက္ဖို႔ေတာ့ လိုတာေပါ့။ အဲဒီမွာ ဝန္းရံမယ့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ၊ လုံၿခဳံ ေရးေတြ၊ ေနာက္ၿပီးေတာ့ ရပ္မိရပ္ဖေတြ၊ ဘာသာေရးေခါင္း ေဆာင္ေတြ၊ ဌာနဆိုင္ရာေတြ ဒါကပူးေပါင္းေဆာင္ ႐ြက္မွသာ အခုကေျပာတဲ့ ေမးခြန္းေပါင္း (၆၈)ခုကို ဆရာ၊ ဆရာမေတြက ေမးျမန္းႏိုင္မယ္’ ဟု လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ထိပ္ပိုင္းအရာရွိက ဆက္လက္ေျပာသည္။
နစကအစိုးရအေနျဖင့္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းကို ေကာက္ယူရာတြင္ လုံေလာက္သည့္ လုံၿခဳံေရး အစီအမံမ်ားျဖင့္ ေကာက္ယူသြားရန္ လိုအပ္ေၾကာင္းလည္း သုံးသပ္မႈမ်ားရွိေနသည္။
‘လုံၿခဳံေရးကို လုံေလာက္ေသာ လုံၿခဳံေရးေပါ့။ အစီအမံအတားအဆီးေတြ၊ စီမံခ်က္ေတြ ခ်ထားမွသာ စာရင္း စစ္စာရင္းေကာက္ေတြက ေမးျမန္းႏိုင္မယ္။ အဲဒီေတာ့ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ အစည္းေတြကေနၿပီးေတာ့ အစီအမံ ေတြခ်ေပးႏိုင္ဖို႔ လိုတယ္’ ဟု အထက္ပါအရာရွိက ဆက္လက္ေျပာသည္။
နစကအစိုးရအေနျဖင့္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းေကာက္ယူရန္ ျပင္ဆင္ေနမႈႏွင့္အတူ အျခား တစ္ဖက္ တြင္လည္း ႏိုင္ငံ့ဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္မႈမ်ား တစ္ၿပိဳင္နက္တည္း ထြက္ေပၚေနလ်က္ရွိသည္။ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ CDM မလုပ္ဘဲ အစိုးရ၏ယႏၲရားမ်ား လည္ပတ္ႏိုင္ေရး အတြက္ ကူညီေပးေနသည့္ Non-CDM ႏိုင္ငံ့ဝန္ ထမ္းမ်ားကို ေတြ႕သည့္ေနရာတြင္ ပစ္ခတ္သြားမည္ဟု Chinland Defense Force-Hakha(CDF) လက္နက္ကိုင္အဖြဲ႕က စက္တင္ဘာ (၂၃) ရက္တြင္ ၿခိမ္းေျခာက္ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ျမင္ရသည္။ နစကအစိုးရအေနျဖင့္ ၿပီးခဲ့ ေသာ (၂၀၂၃) ခုႏွစ္၊ ဇန္နဝါရီ (၉)ရက္တြင္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူသည့္ လုပ္ငန္းစဥ္ကို ေဆာင္ ႐ြက္ခဲ့ဖူးၿပီး ယင္းကဲ့သို႔ေဆာင္႐ြက္သည့္ ပထမဆုံးေန႔တြင္ တနသၤာရီတိုင္းအတြင္း၌ လုံၿခဳံေရးရဲတပ္ဖြဲ႕ ဝင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရဖူးသကဲ့သို႔ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္လည္း ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက စႏိုက္ပါျဖင့္ ပစ္ခတ္ခံခဲ့ရသည့္ျဖစ္စဥ္ ရွိခဲ့သည္။ နစကအစိုးရလက္ထက္တြင္ NUG-PDF အဖြဲ႕ဝင္မ်ားအပါအဝင္ လက္နက္ကိုင္အဖြဲ႕ မ်ား၏ ပစ္ခတ္သတ္ျဖတ္မႈမ်ားေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ သည့္ ဆရာ/ဆရာမမ်ားအပါအဝင္ အရပ္သားျပည္ သူ (၇၀ဝဝ)ေက်ာ္ ေသဆုံးခဲ့ရသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ၿမိဳ႕မ်ား ႏွင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕မ်ားတြင္ နစကအစိုးရ၏ အုပ္ခ်ဳပ္အာဏာ အျပည့္အဝမလႊမ္း မိုးႏိုင္သည့္အေျခအေနမ်ိဳး ျဖစ္ေပၚေနလ်က္ရွိသည္။ ထို႔ေၾကာင့္ ျပည္လုံးကြၽတ္သန္းေခါင္ စာရင္းေကာက္ ယူရာတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း အတြင္း၌ အျပည့္အဝ ေဆာင္႐ြက္ႏိုင္ဖြယ္မရွိေၾကာင္းလည္း သုံးသပ္မႈမ်ားရွိေနသည္။ ‘ရွမ္းေျမာက္ကေတာ့ သန္းေခါင္ စာရင္းေကာက္ႏိုင္ဖြယ္မရွိဘူး။ သိသေလာက္ကေတာ့။ ဒါေတြကေတာ့ ၿမိဳ႕နယ္တိုင္း၊ ၿမိဳ႕နယ္တိုင္းမွာ ေကာက္ယူႏိုင္၊ မႏိုင္ဆိုတာ ခြဲထားတာရွိတယ္ေလ။ ရန္ကုန္တို႔၊ ေနျပည္ေတာ္တို႔ကေတာ့ အျပည့္အဝ ေကာက္ႏိုင္မယ့္အေန အထားေတြ ရွိတာေပါ့။ ေကာက္ကြက္ေတြကေတာ့ အားလုံးက အျပည့္ေတာ့ လ်ာထားတာပဲေလ။ အဲဒီေတာ့ နယ္ေျမ အေျခအေနေပၚ ၾကည့္ၿပီးေတာ့ ေကာက္သြားရမွာေပါ့’ ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနမွ ထိပ္ပိုင္းအရာရွိက ဆိုသည္။
ျပည္လုံးကြၽတ္ သန္းေခါင္စာရင္း ေကာက္ယူရာတြင္ အိမ္ေထာင္စုေမးခြန္းပုံစံအတြက္ ေမးခြန္းေပါင္း (၆၈)ခု ေမးျမန္းကာ ေကာက္ယူသြားမည္ျဖစ္ၿပီး ယင္းကဲ့သို႔ ေကာက္ယူရရွိသည့္ သန္းေခါင္စာရင္း၏ ေရွ႕ေျပးလူဦးေရ စာရင္းကို (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလ ကုန္ပိုင္းတြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။