အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်

 391

Pika (NP News) - အောက်တိုဘာ ၂

အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့စစ်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲ အောက်တိုဘာလ(၁)ရက်နေ့ညမှာ အီရန်ဟာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အီရန်က ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သင့်လျော်တဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အစ္စရေးအစိုးရက တိုက်ခိုက်မှုတွေအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အီရန်အစိုးရဟာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းက အောက်တိုဘာလ(၂)ရက်နေ့မှာ အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။ အောက်တိုဘာလ(၁)ရက်နေ့ညမှာ အစ္စရေးဟာ ဒုံးကျည်အစင်းရေ(၁၈၀)ကျော်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ဒုံးကျည်အများစုကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းက ရပ်ကွက်တစ်ခုကို ပြင်းထန်တဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အစ္စရေးနဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် တင်းမာမှုတွေပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာရှိတဲ့ မြေအောက်ဘန်ကာတစ်ခုကို ဗုံးကြဲတိုက် ခိုက်မှုအတွင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုကြောင့် အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အောက်တို ဘာလ(၁)ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ခဲ့တဲ့ အောက်တိုဘာလ(၁)ရက်နေ့ညမှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးကို အီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာကိစ္စတစ်ခုမဟုတ်ဘူးလို့ ဂျပန်အစိုးရက အောက်တိုဘာလ(၂)ရက်နေ့မှာ ပြစ်တင်ရှုတ်ချပြောဆိုခဲ့ပါတယ်။ ပြီးတော့ အီရန်ရဲ့ဒုံးကျည်အစင်းရေ (၂၀၀) ကျော်ကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ ကြားဖြတ်ဟန့် တားမှုတွေမှာ အမေရိကန်ရေတပ်ဖျက်သင်္ဘောက တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီပေးခဲ့တယ်လို့ အမေရိကန်အစိုးရက အတည်ပြုခဲ့ပါတယ်။

zawgyi version
အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြျမင့္တက္လာမႈနဲ႔အတူ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂ဝဝ)ေက်ာ္နဲ႔ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ေအာက္တိုဘာ ၂

အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့စစ္ပြဲျဖစ္ပြားလာမွာကို စိုးရိမ္မႈေတြျမင့္တက္ေနတဲ့အခ်ိန္မွာပဲ ေအာက္တိုဘာလ(၁)ရက္ေန႔ညမွာ အီရန္ဟာ အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔သိရပါတယ္။

အီရန္က ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သင့္ေလ်ာ္တဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အစၥေရးအစိုးရက တိုက္ခိုက္မႈေတြအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အီရန္အစိုးရဟာ အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာကို အီရန္ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းက ေအာက္တိုဘာလ(၂)ရက္ေန႔မွာ အတည္ျပဳေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ေအာက္တိုဘာလ(၁)ရက္ေန႔ညမွာ အစၥေရးဟာ ဒုံးက်ည္အစင္းေရ(၁၈၀)ေက်ာ္နဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရၿပီး ဒုံးက်ည္အမ်ားစုကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ေအာင္ျမင္စြာၾကားျဖတ္ဟန႔္တားႏိုင္ခဲ့တယ္လို႔ အစၥေရးဘက္က ထုတ္ျပန္ေျပာဆိုထားပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ေတာင္ပိုင္းက ရပ္ကြက္တစ္ခုကို ျပင္းထန္တဲ့ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္းသိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အစၥေရးနဲ႔ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ၿပီးေနာက္ တင္းမာမႈေတြပိုမိုျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕မွာရွိတဲ့ ေျမေအာက္ဘန္ကာတစ္ခုကို ဗုံးႀကဲတိုက္ ခိုက္မႈအတြင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံသတ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ေသဆုံးမႈေၾကာင့္ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ေအာက္တို ဘာလ(၁)ရက္ေန႔မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြစတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ခဲ့တဲ့ ေအာက္တိုဘာလ(၁)ရက္ေန႔ညမွာပဲ အီရန္က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အစၥေရးကို အီရန္ကဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈဟာ လက္ခံႏိုင္စရာကိစၥတစ္ခုမဟုတ္ဘူးလို႔ ဂ်ပန္အစိုးရက ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ အီရန္ရဲ႕ဒုံးက်ည္အစင္းေရ (၂၀၀) ေက်ာ္ကို အစၥေရးေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြရဲ႕ ၾကားျဖတ္ဟန႔္ တားမႈေတြမွာ အေမရိကန္ေရတပ္ဖ်က္သေဘၤာက တစ္စိတ္တစ္ပိုင္း ပါဝင္ကူညီေပးခဲ့တယ္လို႔ အေမရိကန္အစိုးရက အတည္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.