အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က ပွဲတော်တစ်ခုမှာ ကမ္ဘာ့အကြီးဆုံး Pupusa အစားအစာကို ဖန်တီးပြီး ဂင်းနစ်စံချိန်ချိုးဖျက်
316
Pika (NP News) - အောက်တိုဘာ ၃
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တစ်ဝှမ်းရှိ Salvadoran လူမျိုးစုစားဖိုမှူး(၈၀)ဦးခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် Fiesta D.C. ပွဲတော်တွင် ကမ္ဘာ့အကြီးဆုံး Pupusa အစားအစာကို ချက်ပြုတ်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
Hispanic Heritage Monthအား ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ကျင်းပသော Fiesta D.C ပွဲတော်သည် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်အတွက် ကြိုးပမ်းမှုတစ်ခုအဖြစ် စားဖိုမှူးများနှင့်အတူ ယခုကဲ့သို့ ချက်ပြုတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြောင်းဖူးမှုန့်၊ချိစ်၊ဝက်သားတို့ဖြင့်ပြုလုပ်ထားသည့် ကိတ်ပြား Pupusa သည် ပေ(၂၀)အရှည်ရှိပြီး အနံ(၂) လက်မရှိကာ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်အတွက် လုံလောက်သည့်ပမာဏတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ ၂ဝ၂၂ ခုနှစ်တွင် El Salvador နိုင်ငံမှာ ချက်ပြုတ်ခဲ့သည့် အရှည်(၁၈)ပေရှိသော Pupusa အစားအစာဖြစ်ကြောင်း သိရသည်။
La Casita Pupusiaria စားသောက်ဆိုင်မှ စားဖိုမှူးအိုင်းရစ်ဗရောနီကာဂျင်မီနက်ဇ်က "ဝါရှင်တန်ဒီစီမြို့ ကို Pupusa မြို့တော်လို့ ကျွန်တော်တို့ အမြဲတမ်းခေါ်ဆိုကြပါတယ်။ ကျွန်တော်တို့နေ့စဉ် Pupusa အစားအစာ(၂၇၀)ခုလောက်ပြုလုပ်ရပါတယ်။ ကမ္ဘာ့အကြီးဆုံး Pupusa အစားအစာကို ဖန်တီးဖို့အတွက် ကျွန်တော်တို့ဒီနေရာမှာ အတူတကွ စုစည်းခဲ့ကြတာပါ။ ဒီလိုကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့အတွက် လည်း တကယ်ကိုဝမ်းသာမိပါတယ်" ဟု ပြောခဲ့သည်။
ထို့နောက် အဆိုပါကမ္ဘာ့အကြီးဆုံး Pupusa ကိတ်ပြားကို လှီးဖြတ်ကာ ပွဲတော်သို့လာရောက်ခဲ့သူများအား ဧည့်ခံကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕က ပြဲေတာ္တစ္ခုမွာ ကမာၻ႔အႀကီးဆုံး Pupusa အစားအစာကို ဖန္တီးၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ေအာက္တိုဘာ ၃
အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕တစ္ဝွမ္းရွိ Salvadoran လူမ်ိဳးစုစားဖိုမႉး(၈၀)ဦးခန႔္ ပါဝင္ေသာ အဖြဲ႕တစ္ဖြဲ႕သည္ Fiesta D.C. ပြဲေတာ္တြင္ ကမာၻ႔အႀကီးဆုံး Pupusa အစားအစာကို ခ်က္ျပဳတ္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
Hispanic Heritage Monthအား ဂုဏ္ျပဳသည့္အေနျဖင့္ ႏွစ္စဥ္က်င္းပေသာ Fiesta D.C ပြဲေတာ္သည္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းမႈတစ္ခုအျဖစ္ စားဖိုမႉးမ်ားႏွင့္အတူ ယခုကဲ့သို႔ ခ်က္ျပဳတ္ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေျပာင္းဖူးမႈန႔္၊ခ်ိစ္၊ဝက္သားတို႔ျဖင့္ျပဳလုပ္ထားသည့္ ကိတ္ျပား Pupusa သည္ ေပ(၂၀)အရွည္ရွိၿပီး အနံ(၂) လက္မရွိကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္အတြက္ လုံေလာက္သည့္ပမာဏတစ္ခုျဖစ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ ၂ဝ၂၂ ခုႏွစ္တြင္ El Salvador ႏိုင္ငံမွာ ခ်က္ျပဳတ္ခဲ့သည့္ အရွည္(၁၈)ေပရွိေသာ Pupusa အစားအစာျဖစ္ေၾကာင္း သိရသည္။
La Casita Pupusiaria စားေသာက္ဆိုင္မွ စားဖိုမႉးအိုင္းရစ္ဗေရာနီကာဂ်င္မီနက္ဇ္က "ဝါရွင္တန္ဒီစီၿမိဳ႕ ကို Pupusa ၿမိဳ႕ေတာ္လို႔ ကြၽန္ေတာ္တို႔ အၿမဲတမ္းေခၚဆိုၾကပါတယ္။ ကြၽန္ေတာ္တို႔ေန႔စဥ္ Pupusa အစားအစာ(၂၇၀)ခုေလာက္ျပဳလုပ္ရပါတယ္။ ကမာၻ႔အႀကီးဆုံး Pupusa အစားအစာကို ဖန္တီးဖို႔အတြက္ ကြၽန္ေတာ္တို႔ဒီေနရာမွာ အတူတကြ စုစည္းခဲ့ၾကတာပါ။ ဒီလိုကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ လည္း တကယ္ကိုဝမ္းသာမိပါတယ္" ဟု ေျပာခဲ့သည္။
ထို႔ေနာက္ အဆိုပါကမာၻ႔အႀကီးဆုံး Pupusa ကိတ္ျပားကို လွီးျဖတ္ကာ ပြဲေတာ္သို႔လာေရာက္ခဲ့သူမ်ားအား ဧည့္ခံေကြၽးေမြးခဲ့ေၾကာင္းလည္း သိရသည္။