ဂျပန်လေဆိပ်တစ်ခုမှာ ဒုတိယကမ္ဘာစစ်ကကျန်ရှိခဲ့တဲ့ ပေါင်(၅၀၀)ဗုံးတစ်လုံး ပေါက်ကွဲ

 1371

Pika (NP News) - အောက်တိုဘာ ၃

ဒုတိယကမ္ဘာစစ်တည်းက မပေါက်ကွဲဘဲကျန်ရှိနေခဲ့တဲ့ အမေရိကန်ဗုံးတစ်လုံးဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း က မီယာဇာကီလေဆိပ်မှာ အောက်တိုဘာလ(၂)ရက်က ပေါက်ကွဲခဲ့ပြီး ကြီးမားတဲ့အပေါက်တစ်ခုဖြစ်သွားစေခဲ့ကာ လေဆိပ်လည်ပတ်မှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ အောက်တိုဘာလ(၂)ရက် အစောပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ကံကောင်းတဲ့အချက်က အဲဒီနေရာကို ဘယ်လေယာဉ်ကမှ မဖြတ်တဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့အတူ ကြီးမားတဲ့မီးခိုးလုံးကြီး ကောင်းကင်ပေါ်ကို တက်သွားတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါ့ပြင် ပေါက်ကွဲသွားတဲ့ပုံစံတွေအရ အဲဒီဗုံးဟာ မြေအောက်မှာမြှုပ်နှံထားပုံပေါ်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတည်းက ကျန်ရှိနေခဲ့တဲ့ ပေါင်(၅၀၀)အလေးချိန်ရှိ အမေရိကန်ဗုံး တစ်လုံးပေါက်ကွဲခဲ့တာဖြစ်နိုင်ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့တို့က ယုံကြည်နေကြတယ် လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ပြီးတော့ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေး နေတယ်လို့လည်း သိရပါတယ်။ ပေါက်ကွဲမှုနဲ့အတူ လေဆိပ်ရဲ့ပြေးလမ်းတစ်ခုမှာ အပေါက်ကြီးဖြစ်သွားခဲ့ပြီး လေယာဉ်ခရီးစဉ်(၇၀)ကျော်ကို ရပ်နားထားခဲ့ရကာ လည်ပတ်မှုတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေဟာ အဲဒီအပေါက်ကြီးကို ပြန်လည်ဖာထေးပြုပြင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂ်ပန္ေလဆိပ္တစ္ခုမွာ ဒုတိယကမာၻစစ္ကက်န္ရွိခဲ့တဲ့ ေပါင္(၅၀၀)ဗုံးတစ္လုံး ေပါက္ကြဲ
Pika (NP News) - ေအာက္တိုဘာ ၃

ဒုတိယကမာၻစစ္တည္းက မေပါက္ကြဲဘဲက်န္ရွိေနခဲ့တဲ့ အေမရိကန္ဗုံးတစ္လုံးဟာ ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း က မီယာဇာကီေလဆိပ္မွာ ေအာက္တိုဘာလ(၂)ရက္က ေပါက္ကြဲခဲ့ၿပီး ႀကီးမားတဲ့အေပါက္တစ္ခုျဖစ္သြားေစခဲ့ကာ ေလဆိပ္လည္ပတ္မႈေတြကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။
ေပါက္ကြဲမႈဟာ ေအာက္တိုဘာလ(၂)ရက္ အေစာပိုင္းကျဖစ္ပြားခဲ့တာျဖစ္ၿပီး ကံေကာင္းတဲ့အခ်က္က အဲဒီေနရာကို ဘယ္ေလယာဥ္ကမွ မျဖတ္တဲ့အခ်ိန္မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ ဗုံးေပါက္ကြဲမႈနဲ႔အတူ ႀကီးမားတဲ့မီးခိုးလုံးႀကီး ေကာင္းကင္ေပၚကို တက္သြားတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ဒါ့ျပင္ ေပါက္ကြဲသြားတဲ့ပုံစံေတြအရ အဲဒီဗုံးဟာ ေျမေအာက္မွာျမႇဳပ္ႏွံထားပုံေပၚတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။ ဒုတိယကမာၻစစ္အတြင္းတည္းက က်န္ရွိေနခဲ့တဲ့ ေပါင္(၅၀၀)အေလးခ်ိန္ရွိ အေမရိကန္ဗုံး တစ္လုံးေပါက္ကြဲခဲ့တာျဖစ္ႏိုင္ေၾကာင္း ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ နဲ႔ ရဲတပ္ဖြဲ႕တို႔က ယုံၾကည္ေနၾကတယ္ လို႔ ေဒသတြင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။

ၿပီးေတာ့ ႐ုတ္တရက္ေပါက္ကြဲမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကို အာဏာပိုင္ေတြက ဆက္လက္စုံစမ္းစစ္ေဆး ေနတယ္လို႔လည္း သိရပါတယ္။ ေပါက္ကြဲမႈနဲ႔အတူ ေလဆိပ္ရဲ႕ေျပးလမ္းတစ္ခုမွာ အေပါက္ႀကီးျဖစ္သြားခဲ့ၿပီး ေလယာဥ္ခရီးစဥ္(၇၀)ေက်ာ္ကို ရပ္နားထားခဲ့ရကာ လည္ပတ္မႈေတြကို ရပ္ဆိုင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။ အာဏာပိုင္ေတြဟာ အဲဒီအေပါက္ႀကီးကို ျပန္လည္ဖာေထးျပဳျပင္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.