မဟတ္တမဂန္ဒီ၏ (၁၅၅)နှစ်မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပ

 1420

နာမူ (NP News) - အောက်တိုဘာ ၃

အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးဟု တင်စားကြသော မဟတ္တမဂန္ဒီ၏ (၁၅၅)နှစ် မြောက်မွေးနေ့နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ (အောက်တိုဘာ ၂ရက်)၊ ညနေပိုင်းက ရန်ကုန်မြို့ရှိ India Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး နှင့် ဦးနေအုပ်ဖောင် ဒေးရှင်းတို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား နက်ရှိုင်းသော မိသားစုဆွေမျိုးရင်းချာသဖွယ် ဆက်ဆံရေးရှိကြောင်း နှင့် မဟတ္တမဂန္ဒီ၏ စစ်မှန်သည့် လွတ်မြောက်ရေးလမ်းစဉ်သည် တွေ့ဆုံဆွေးနွေးရေး၊ လူမှုပြုပြင်ပြောင်းလဲရေးနှင့် အန္တိမပန်းတိုင်ကို ရှာဖွေရာတွင် ဆင်းရဲသားများကို မြှင့်တင်ရန်နှင့် ဂုဏ်သိက္ခာရှိသော ဘဝကို ဆောင်ရွက်ပေးရန် စသည်တို့တွင် အခြေခံကြောင်း အလေးထားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်များမှ ပုဂ္ဂိုလ်များ၊ သံတမန်များ၊ အိန္ဒိယအသိုင်းအဝိုင်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မဟတ္တမဂန္ဒီ ရေးသားခဲ့သော "The story of My Expreiments with Truth" နှင့် "Hind Swaraj" စာအုပ်များ၏ မြန်မာဘာသာပြန်စာအုပ်များကို ရွှေတိဂုံစေတီတော်ဂေါပကနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (IT – BMU)တို့မှ ကိုယ် စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားအစီအစဉ်အတွင်း ပညာရေး ပညာရှင် ဦးနေအုပ်၊ ဂန္ဒီ၏ သမိုင်းကြောင်း အတ္ထုပတ္တိ စာရေးဆရာကြီးများဖြစ်သည့် ဦးဟိန်းလတ်နှင့် ဒေါက်တာ တင်မောင်ထွေးတို့မှ မိန့်ခွန်းများပြေကြားခဲ့ကြသည်။ ထို့နောက် ဖျော်ဖြေတင်ဆက်မှုအနေဖြင့် မြန်မာတေးသံရှင်မေသူခိုင်မှ "Vaishnava Jana Toh" သီချင်းနှင့် "Swami Vivekananda Centre"မှ ကျောင်းသူကျောင်းသားများမှ မဟတ္တမဂန္ဒီ၏ အတွေးအခေါ်တို့အား တေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက် ကပြခဲ့ကြကြောင်း သိရသည်။

zawgyi version
မဟတၱမဂႏၵီ၏ (၁၅၅)ႏွစ္ေျမာက္ ေမြးေန႔အခမ္းအနားကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပ
နာမူ ( NP News ) - ေအာက္တိုဘာ ၃

အိႏၵိယႏိုင္ငံ၏ ဖခင္ႀကီးဟု တင္စားၾကေသာ မဟတၱမဂႏၵီ၏ (၁၅၅)ႏွစ္ ေျမာက္ေမြးေန႔ႏွစ္ပတ္လည္အခမ္းအနားကို ယမန္ေန႔ (ေအာက္တိုဘာ ၂ရက္)၊ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ရွိ India Centre တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားကို ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး ႏွင့္ ဦးေနအုပ္ေဖာင္ ေဒးရွင္းတို႔ပူးေပါင္းၿပီး ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ ပြဲအခမ္းအနားတြင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးက ျမန္မာ - အိႏၵိယ ႏွစ္ႏိုင္ငံအၾကား နက္ရႈိင္းေသာ မိသားစုေဆြမ်ိဳးရင္းခ်ာသဖြယ္ ဆက္ဆံေရးရွိေၾကာင္း ႏွင့္ မဟတၱမဂႏၵီ၏ စစ္မွန္သည့္ လြတ္ေျမာက္ေရးလမ္းစဥ္သည္ ေတြ႕ဆုံေဆြးေႏြးေရး၊ လူမႈျပဳျပင္ေျပာင္းလဲေရးႏွင့္ အႏၲိမပန္းတိုင္ကို ရွာေဖြရာတြင္ ဆင္းရဲသားမ်ားကို ျမႇင့္တင္ရန္ႏွင့္ ဂုဏ္သိကၡာရွိေသာ ဘဝကို ေဆာင္႐ြက္ေပးရန္ စသည္တို႔တြင္ အေျခခံေၾကာင္း အေလးထားေျပာၾကားခဲ့သည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေရး၊ လူမႈေရး အစရွိသည့္ နယ္ပယ္မ်ားမွ ပုဂၢိဳလ္မ်ား၊ သံတမန္မ်ား၊ အိႏၵိယအသိုင္းအဝိုင္းမွ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကၿပီး အခမ္းအနားတြင္ မဟတၱမဂႏၵီ ေရးသားခဲ့ေသာ "The story of My Expreiments with Truth" ႏွင့္ "Hind Swaraj" စာအုပ္မ်ား၏ ျမန္မာဘာသာျပန္စာအုပ္မ်ားကို ေ႐ႊတိဂုံေစတီေတာ္ေဂါပကႏွင့္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္ (IT – BMU)တို႔မွ ကိုယ္ စားလွယ္မ်ားထံ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အခမ္းအနားအစီအစဥ္အတြင္း ပညာေရး ပညာရွင္ ဦးေနအုပ္၊ ဂႏၵီ၏ သမိုင္းေၾကာင္း အတၳဳပတၱိ စာေရးဆရာႀကီးမ်ားျဖစ္သည့္ ဦးဟိန္းလတ္ႏွင့္ ေဒါက္တာ တင္ေမာင္ေထြးတို႔မွ မိန႔္ခြန္းမ်ားေျပၾကားခဲ့ၾကသည္။ ထို႔ေနာက္ ေဖ်ာ္ေျဖတင္ဆက္မႈအေနျဖင့္ ျမန္မာေတးသံရွင္ေမသူခိုင္မွ "Vaishnava Jana Toh" သီခ်င္းႏွင့္ "Swami Vivekananda Centre"မွ ေက်ာင္းသူေက်ာင္းသားမ်ားမွ မဟတၱမဂႏၵီ၏ အေတြးအေခၚတို႔အား ေတးသီခ်င္းျဖင့္ သ႐ုပ္ေဖာ္တင္ဆက္ ကျပခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.