အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို တားဆီးဖို့ အမေရိကန်သမ္မတ သြဇာလွှမ်းမိုးမှုမရှိ

 491

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို သြဇာလွှမ်းမိုးနိုင်မှုမရှိကြောင်း အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးရဲ့ပြောစကားကို ကိုးကားပြီး Politico သတင်းဌာနကဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ နဲ့ ၎င်းရဲ့လက်ထောက်တွေဟာ ဂါဇာဒေသစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို စိတ်ဆိုးဒေါသဖြစ်နေကြောင်းသိရပါတယ်။ အထူးသဖြင့် ဂါဇာဒေသစစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူအများအပြားသေဆုံးခဲ့ရခြင်းကို အမေရိကန်သမ္မတ နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ စိတ်ဆိုးဒေါသဖြစ်နေတယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ဟာအမေရိကန်အစိုးရရဲ့အကြံပေးချက်တွေကိုလည်း မသိကျိူးကျွံ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကထပ်မံပြောဆိုခဲ့ပါတယ်။ အဆိုပါသတင်းဌာနက "နေတန်ရာဟုအပေါ် အမေရိကန်သမ္မတရဲ့သြဇာလွှမ်းမိုးမှုတွေ မရှိဘူး၊ အမေရိကန်သမ္မတဟာ အစ္စရေး
ဝန်ကြီးချုပ်ကို စိတ်ဆိုးဒေါသဖြစ်နေတယ်။ အမေရိကန်သမ္မတ နဲ့ အစ္စရေးဝန်ကြီးချုပ်ကြားဖုန်းဆက်ပြီး စစ်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ရမှာလည်း အပြန်အလှန်အော်ဟစ်ပြောဆိုတာတွေရှိခဲ့တယ်"လို့ပြောပါတယ်။

အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို မတားဆီးနိုင်ဘူးဆိုရင် အမေရိကန်သမ္မတဟာ အရှေ့ အလယ်ပိုင်းဒေသအတွင်းစစ်ပွဲဖြစ်လာမယ့်အခြေအနေတွေကို တားဆီးဖို့ လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အမေရိကန်ဟာအစ္စရေးနိုင်ငံရဲ့မဟာမိတ်နိုင်ငံဖြစ်ပြီး ဂါဇာဒေသစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးဘက်က ကာကွယ်ပြောဆိုခဲ့သလို အစ္စရေးကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။

Zawgyi Version;
အစၥေရးရဲ႕စစ္ေရးေဆာင္႐ြက္ခ်က္ေတြကို တားဆီးဖို႔ အေမရိကန္သမၼတ ၾသဇာလႊမ္းမိုးမႈမရွိ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ အစၥေရးရဲ႕စစ္ေရးေဆာင္႐ြက္ခ်က္ေတြကို ၾသဇာလႊမ္းမိုးႏိုင္မႈမရွိေၾကာင္း အေမရိကန္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးရဲ႕ေျပာစကားကို ကိုးကားၿပီး Politico သတင္းဌာနကေဖာ္ျပထားပါတယ္။

အေမရိကန္သမၼတ နဲ႔ ၎ရဲ႕လက္ေထာက္ေတြဟာ ဂါဇာေဒသစစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးရဲ႕စစ္ေရးေဆာင္႐ြက္ခ်က္ေတြကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္းသိရပါတယ္။ အထူးသျဖင့္ ဂါဇာေဒသစစ္ပြဲအတြင္း ပါလက္စတိုင္းျပည္သူအမ်ားအျပားေသဆုံးခဲ့ရျခင္းကို အေမရိကန္သမၼတ နဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူေတြ စိတ္ဆိုးေဒါသျဖစ္ေနတယ္လို႔ ဆိုပါတယ္။

အစၥေရး ဝန္ႀကီးခ်ဳပ္ဟာအေမရိကန္အစိုးရရဲ႕အႀကံေပးခ်က္ေတြကိုလည္း မသိက်ိဴးကြၽံ ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးကထပ္မံေျပာဆိုခဲ့ပါတယ္။ အဆိုပါသတင္းဌာနက "ေနတန္ရာဟုအေပၚ အေမရိကန္သမၼတရဲ႕ၾသဇာလႊမ္းမိုးမႈေတြ မရွိဘူး၊ အေမရိကန္သမၼတဟာ အစၥေရး
ဝန္ႀကီးခ်ဳပ္ကို စိတ္ဆိုးေဒါသျဖစ္ေနတယ္။ အေမရိကန္သမၼတ နဲ႔ အစၥေရးဝန္ႀကီးခ်ဳပ္ၾကားဖုန္းဆက္ၿပီး စစ္ေရးနဲ႔ပတ္သက္ၿပီးေဆြးေႏြးခဲ့ရမွာလည္း အျပန္အလွန္ေအာ္ဟစ္ေျပာဆိုတာေတြရွိခဲ့တယ္"လို႔ေျပာပါတယ္။

အစၥေရးရဲ႕စစ္ေရးေဆာင္႐ြက္ခ်က္ေတြကို မတားဆီးႏိုင္ဘူးဆိုရင္ အေမရိကန္သမၼတဟာ အေရွ႕ အလယ္ပိုင္းေဒသအတြင္းစစ္ပြဲျဖစ္လာမယ့္အေျခအေနေတြကို တားဆီးဖို႔ လုပ္ေဆာင္ႏိုင္မွာမဟုတ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ အေမရိကန္ဟာအစၥေရးႏိုင္ငံရဲ႕မဟာမိတ္ႏိုင္ငံျဖစ္ၿပီး ဂါဇာေဒသစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးဘက္က ကာကြယ္ေျပာဆိုခဲ့သလို အစၥေရးကို စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးေနတဲ့ႏိုင္ငံျဖစ္ပါတယ္။

Related news

© 2021. All rights reserved.