အစ္စရေး၏ဖိအားများကြောင့် အီရန်၏ တိုက်ခိုက်မှုများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဝေဖန်ပြစ်တင်

 670

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃

အစ္စရေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့သည် အပြန်အလှန်အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် အစ္စရေးကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့သော အီရန်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။

အီရန်၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစ္စရေး နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဂူတာရက်စ်သည် အစ္စရေးဆန့်ကျင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို ကူညီထောက်ပံ့နေသည့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သော အစောပိုင်းရက်ပိုင်းတွင်အီရန်နိုင်ငံ၏ လုပ်ရပ်များကိုဝေဖန်ပြစ်တင်ရန် မသိကျိူးကျွံပြုလုပ်နေခဲ့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က " အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပါတယ်။ ကျွန်တော်ဟာ ဧပြီလတုန်းကလည်း အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့ဖူးတယ်။ လက်ရှိအချိန်မှာလည်း အီရန်ရဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပါတယ်" ဟု ထုတ်ဖော်ပြောဆိုပြီးပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။

အစ္စရေး နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အငြင်းပွားမှုများ၊အပြန်အလှန်ဝေဖန်ခြင်းများရှိခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ဂါဇာစစ်ပွဲအတွင်း အစ္စရေး၏စစ်ရေးဆောင်ရွက်ချက်များကို ဝေဖန်ပြစ်တင်ခဲ့ရာ နှစ်ဖက် တင်းမာမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရက အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့သော အီရန်၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ရှုတ်ချခြင်းမလုပ်ဆောင်ခဲ့သူတိုင်း အစ္စရေးမြေကို နင်းခွင့်မရှိသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံ၏လုပ်ရပ်ကို လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများ၊ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။

Zawgyi Version;
အစၥေရး၏ဖိအားမ်ားေၾကာင့္ အီရန္၏ တိုက္ခိုက္မႈမ်ားကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃

အစၥေရးႏွင့္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္တို႔သည္ အျပန္အလွန္အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္သည္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့ေသာ အီရန္ကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းသိရသည္။

အီရန္၏ တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး အစၥေရး ႏွင့္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ၾကား အျငင္းပြားမႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ဂူတာရက္စ္သည္ အစၥေရးဆန႔္က်င္ေရး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ျဖစ္ေၾကာင္း၊ အၾကမ္းဖက္သမားမ်ားကို ကူညီေထာက္ပံ့ေနသည့္ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ျဖစ္ေၾကာင္း အစၥေရး ႏိုင္ငံျခားေရးဝန္ႀကီးက ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္သည္ အစၥေရးႏိုင္ငံကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ေသာ အေစာပိုင္းရက္ပိုင္းတြင္အီရန္ႏိုင္ငံ၏ လုပ္ရပ္မ်ားကိုေဝဖန္ျပစ္တင္ရန္ မသိက်ိဴးကြၽံျပဳလုပ္ေနခဲ့ေၾကာင္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

သို႔ေသာ္လည္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ဂူတာရက္စ္က " အီရန္ႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ပါတယ္။ ကြၽန္ေတာ္ဟာ ဧၿပီလတုန္းကလည္း အစၥေရးကို တိုက္ခိုက္ခဲ့တဲ့ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ဖူးတယ္။ လက္ရွိအခ်ိန္မွာလည္း အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ပါတယ္" ဟု ထုတ္ေဖာ္ေျပာဆိုၿပီးျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းသိရသည္။

အစၥေရး ႏွင့္ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္တို႔သည္ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အျငင္းပြားမႈမ်ား၊အျပန္အလွန္ေဝဖန္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္သည္ ဂါဇာစစ္ပြဲအတြင္း အစၥေရး၏စစ္ေရးေဆာင္႐ြက္ခ်က္မ်ားကို ေဝဖန္ျပစ္တင္ခဲ့ရာ ႏွစ္ဖက္ တင္းမာမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အစၥေရးအစိုးရက အစၥေရးႏိုင္ငံကိုတိုက္ခိုက္ခဲ့ေသာ အီရန္၏လုပ္ရပ္မ်ားကို ေဝဖန္ျပစ္တင္ရႈတ္ခ်ျခင္းမလုပ္ေဆာင္ခဲ့သူတိုင္း အစၥေရးေျမကို နင္းခြင့္မရွိသင့္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။ အစၥေရးႏိုင္ငံကို တိုက္ခိုက္ခဲ့ေသာ အီရန္ႏိုင္ငံ၏လုပ္ရပ္ကို လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံအပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ား၊ ဂ်ီ ၇ အဖြဲ႕ဝင္ႏိုင္ငံမ်ားက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.