ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ

 416

သုတ‌ကျော် (NP News) - အောက်တိုဘာ ၄

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ၃ နှင့် ၄ ကဲ့သို့ နီးလျက်နှင့်ထိတွေ့မှုနည်းပါးပြီး အလှမ်းဝေးနေကြောင်း NP News က နိုင်ငံရေးပါတီအချို့ထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

(၂ဝ၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီးမှစ၍ လပေါင်း ၄ဝ နီးပါးအတွင်း ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုမှာ (၁ဝ)ကြိမ်ခန့်သာရှိသေးပြီး ထိတွေ့မှုပမာဏ အလွန်နည်းနေခြင်း ဖြစ်သည်။

" အားရကျေနပ်မှုတော့ မရှိဘူး။ သူတို့က အခါ ကြီး ရက်ကြီးတွေ နေပြည်တော်လာမယ့် ပါတီတွေကို သူတို့ လုပ်တဲ့အစည်းအဝေးနဲ့ တစ်ပြိုင်တည်း ကျင်းပတာမျိုး လုပ်တာပေါ့။ ဥပမာ ပြည်ထောင်စု နေ့လို၊ လွတ်လပ်ရေးနေ့လိုဟာမျိုးနဲ့ တွဲပြီးလုပ်တာကိုး။ အ ရေးကြီးရင် ကြီးသလို တွေ့သင့်တယ်။ သတ်မှတ်တဲ့ ကာလပေါ့။ သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ်။ ဦးတင်အေး ကာလတုန်းက တော်တော်လေး တွေ့ ကြ၊ဆုံကြ၊ ဆွေးနွေးကြတာပေါ့။ အဖြေထုတ်ကြတာ ပေါ့။ အဲ့ဒီလိုမျိုး လုပ်သင့်တယ်"ဟု ရခိုင့်ဦး ဆောင်ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

ယခု တွေ့နေသည့်ပမာဏမှာ တစ်နှစ်လျှင် ပျှမ်းမျှ သုံးကြိမ်ခန့်သာ တွေ့နိုင်ခဲ့သည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

"တွေ့ကြရင် ရွေးကောက်ပွဲကော်မရှင်နဲ့ပိုရင်း နှီးတာပေါ့ဗျာ။ အမြင်ကလည်း ပိုကြည်တာပေါ့။ အခက်အခဲ အကျပ်အတည်းတွေကို တင်ပြခွင့်ရတော့ ရွေးကော်ဘက်ကလည်း ဆောင်ရွက်လို့ ရတာကို ဆောင်ရွက်နိုင်တာပေါ့။ ညှိနှိုင်းတိုင်ပင်ပြီးမှ သွား သင့်တဲ့ကာလဆိုတာကို သူတို့ လက်ခံရင်တော့ အ စည်းအဝေး ခပ်စိပ်စိပ်ခေါ်သင့်တာပေါ့"ဟု ၎င်းက ထောက်ပြ ပြောကြားသည်။

ရွေးကောက်ပွဲနီးလာပြီ ဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ ပူး ပေါင်းဆောင်ရွက်ရမည့် အချက်အလက်များစွာ ရှိနေကြောင်း ပြည်သူ့ပါတီ၏ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးကလည်း ဆိုသည်။

"အခုဆို ရွေးကော်နဲ့ နိုင်ငံရေးပါတီက အလှမ်းဝေးတယ်။ တခါတရံ မှ တွေ့သလို ဖြစ်နေတာပေါ့ဗျာ။ ဘာလို့လည်းဆိုတော့ နိုင်ငံရေး ပါတီ ဆိုတာက မြေပြင်မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့် မြေပြင်အခြေအနေကို သူတို့က အသိဆုံးပဲ။ အဲဒီလိုတွေ့တဲ့အခါ နိုင်ငံရေး ပါတီတွေရဲ့ အခက်အခဲ၊ ပြည်သူလူထု ရဲ့ အခြေအနေ၊ မြေပြင်မှာ ဆောင်ရွက်ရမယ့် အခြေအနေကို လက်တွေ့ လုပ် နေတဲ့ နိုင်ငံရေးပါတီက ရွေးကော်ကို အကြံပြုလို့ ရတယ်။ တင်ပြပေးလို့ ရတယ်။ ရွေးကောက်အနေနဲ့ လည်း အချက်အလက်တွေ အများကြီး ရနိုင်တယ်"ဟု ၎င်းကဆိုသည်။ ရွေးကော်အနေဖြင့် နိုင်ငံရေးပါ တီများအထက်မှနေ၍ နိုင်ငံရေးအရ လေးစားမှု မပြခြင်းသည် နိုင်ငံသူနိုင်ငံသားများအား သွယ်ဝိုက်၍ မထီမဲ့မြင်ပြုခြင်းနှင့်လည်း တူသွားမည် ဖြစ်သည်။

zawgyi version
ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ၃ ႏွင့္ ၄ ကဲ့သို႔နီးလ်က္ႏွင့္ ထိေတြ႕မႈနည္းေန
သုတ‌ေက်ာ္ (NP News) - ေအာက္တိုဘာ ၄

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ားအၾကား ၃ ႏွင့္ ၄ ကဲ့သို႔ နီးလ်က္ႏွင့္ထိေတြ႕မႈနည္းပါးၿပီး အလွမ္းေဝးေနေၾကာင္း NP News က ႏိုင္ငံေရးပါတီအခ်ိဳ႕ထံ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

(၂ဝ၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီးမွစ၍ လေပါင္း ၄ဝ နီးပါးအတြင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံမႈမွာ (၁ဝ)ႀကိမ္ခန႔္သာရွိေသးၿပီး ထိေတြ႕မႈပမာဏ အလြန္နည္းေနျခင္း ျဖစ္သည္။

" အားရေက်နပ္မႈေတာ့ မရွိဘူး။ သူတို႔က အခါ ႀကီး ရက္ႀကီးေတြ ေနျပည္ေတာ္လာမယ့္ ပါတီေတြကို သူတို႔ လုပ္တဲ့အစည္းအေဝးနဲ႔ တစ္ၿပိဳင္တည္း က်င္းပတာမ်ိဳး လုပ္တာေပါ့။ ဥပမာ ျပည္ေထာင္စု ေန႔လို၊ လြတ္လပ္ေရးေန႔လိုဟာမ်ိဳးနဲ႔ တြဲၿပီးလုပ္တာကိုး။ အ ေရးႀကီးရင္ ႀကီးသလို ေတြ႕သင့္တယ္။ သတ္မွတ္တဲ့ ကာလေပါ့။ သုံးလတစ္ႀကိမ္၊ ေလးလတစ္ႀကိမ္။ ဦးတင္ေအး ကာလတုန္းက ေတာ္ေတာ္ေလး ေတြ႕ ၾက၊ဆုံၾက၊ ေဆြးေႏြးၾကတာေပါ့။ အေျဖထုတ္ၾကတာ ေပါ့။ အဲ့ဒီလိုမ်ိဳး လုပ္သင့္တယ္"ဟု ရခိုင့္ဦး ေဆာင္ပါတီ၏ ဥကၠ႒ ေဒါက္တာေအးေမာင္က ဆိုသည္။

ယခု ေတြ႕ေနသည့္ပမာဏမွာ တစ္ႏွစ္လွ်င္ ပွ်မ္းမွ် သုံးႀကိမ္ခန႔္သာ ေတြ႕ႏိုင္ခဲ့သည့္ အေနအထား ျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

"ေတြ႕ၾကရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ပိုရင္း ႏွီးတာေပါ့ဗ်ာ။ အျမင္ကလည္း ပိုၾကည္တာေပါ့။ အခက္အခဲ အက်ပ္အတည္းေတြကို တင္ျပခြင့္ရေတာ့ ေ႐ြးေကာ္ဘက္ကလည္း ေဆာင္႐ြက္လို႔ ရတာကို ေဆာင္႐ြက္ႏိုင္တာေပါ့။ ညႇိႏႈိင္းတိုင္ပင္ၿပီးမွ သြား သင့္တဲ့ကာလဆိုတာကို သူတို႔ လက္ခံရင္ေတာ့ အ စည္းအေဝး ခပ္စိပ္စိပ္ေခၚသင့္တာေပါ့"ဟု ၎က ေထာက္ျပ ေျပာၾကားသည္။

ေ႐ြးေကာက္ပြဲနီးလာၿပီ ျဖစ္ေသာေၾကာင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ႏွင့္ ႏိုင္ငံေရးပါတီမ်ား ပူး ေပါင္းေဆာင္႐ြက္ရမည့္ အခ်က္အလက္မ်ားစြာ ရွိေနေၾကာင္း ျပည္သူ႔ပါတီ၏ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးကလည္း ဆိုသည္။

"အခုဆို ေ႐ြးေကာ္နဲ႔ ႏိုင္ငံေရးပါတီက အလွမ္းေဝးတယ္။ တခါတရံ မွ ေတြ႕သလို ျဖစ္ေနတာေပါ့ဗ်ာ။ ဘာလို႔လည္းဆိုေတာ့ ႏိုင္ငံေရး ပါတီ ဆိုတာက ေျမျပင္မွာ လႈပ္ရွားေနတဲ့ အဖြဲ႕အစည္း ျဖစ္တဲ့ အတြက္ေၾကာင့္ ေျမျပင္အေျခအေနကို သူတို႔က အသိဆုံးပဲ။ အဲဒီလိုေတြ႕တဲ့အခါ ႏိုင္ငံေရး ပါတီေတြရဲ႕ အခက္အခဲ၊ ျပည္သူလူထု ရဲ႕ အေျခအေန၊ ေျမျပင္မွာ ေဆာင္႐ြက္ရမယ့္ အေျခအေနကို လက္ေတြ႕ လုပ္ ေနတဲ့ ႏိုင္ငံေရးပါတီက ေ႐ြးေကာ္ကို အႀကံျပဳလို႔ ရတယ္။ တင္ျပေပးလို႔ ရတယ္။ ေ႐ြးေကာက္အေနနဲ႔ လည္း အခ်က္အလက္ေတြ အမ်ားႀကီး ရႏိုင္တယ္"ဟု ၎ကဆိုသည္။ ေ႐ြးေကာ္အေနျဖင့္ ႏိုင္ငံေရးပါ တီမ်ားအထက္မွေန၍ ႏိုင္ငံေရးအရ ေလးစားမႈ မျပျခင္းသည္ ႏိုင္ငံသူႏိုင္ငံသားမ်ားအား သြယ္ဝိုက္၍ မထီမဲ့ျမင္ျပဳျခင္းႏွင့္လည္း တူသြားမည္ ျဖစ္သည္။

Related news

© 2021. All rights reserved.